ကန်ပက်လက်မြို့နယ်က လူနေအိမ် ၇ လုံးကို စကစ မီးရှို့

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပါကွင်းကျေးရွာရှိ လူနေအိမ် ၇ လုံးမီးရှို့ပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာလ ၉ ရက်နေ့ ခိုးယူကြတယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး- သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်ကြောင်းထိုးလာပြီး ပါကွင်းရွာကိုမီးရှို့ကာ ဆိုင်ကယ် ၂ စီးအပါအဝင် အသုံးအဆောင်ပစ္စည်းများ ခိုးယူကာ အချို့ဖျက်စီးသွားကြပါတယ်။ ဒါ့ပြင် ပြည်သူတွေသိမ်းဆည်းထားတဲ့ ကာလတန်ဖိုး သိန်း ၁ဝဝကျော်ရှိတဲ့ ဝဥတွေကိုလည်း မီးရှို့ ဖျက်စီးကြပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ CDF- KANPETLET တပ်တို့ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် တိုက်ပွဲဖြစ်ပွားကြပါတယ်။

Zawgyi

ကန္ပက္လက္ၿမိဳ႕နယ္က လူေနအိမ္ ၇ လုံးကို စကစ မီးရွို႔

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ ပါကြင္းေက်းရြာရွိ လူေနအိမ္ ၇ လံုးမီးရိႈ႕ၿပီး အိမ္အသံုးအေဆာင္ပစၥည္းေတြကို အာဏာသိမ္းစစ္ေကာင္စီတပ္က ဒီဇင္ဘာလ ၉ ရက္ေန႔ ခိုးယူၾကတယ္လုိ႔ ကန္ပက္လက္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရး- သတင္းထုတ္ျပန္ေရးအဖြဲ႔က ဒီကေန႔ထုတ္ျပန္ထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ဒီဇင္ဘာလ ၉ ရက္ေန႔တြင္ စစ္ေၾကာင္းထုိးလာၿပီး ပါကြင္းရြာကိုမီးရိႈ႕ကာ ဆိုင္ကယ္ ၂ စီးအပါအဝင္ အသံုးအေဆာင္ပစၥည္းမ်ား ခိုးယူကာ အခ်ဳိ႕ဖ်က္စီးသြားၾကပါတယ္။ ဒါ့ျပင္ ျပည္သူေတြသိမ္းဆည္းထားတဲ့ ကာလတန္ဖိုး သိန္း ၁၀၀ေက်ာ္ရွိတဲ့ ဝဥေတြကိုလည္း မီးရိႈ႕ ဖ်က္စီးၾကပါတယ္။

စစ္ေၾကာင္းထိုးလာတဲ့ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြနဲ႔ CDF- KANPETLET တပ္တုိ႔ ဒီေန႔ ဒီဇင္ဘာလ ၁၀ ရက္တြင္ တိုက္ပြဲျဖစ္ပြားၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်‌ကောင်စီကို လက်နက်နဲ့ နည်းပညာအကူညီတွေ၊ သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယကို JFM တောင်းဆို

၁၇၊ မေ၊ ၂၀၂၄ Zalen မြန်မာစစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာ၊ လောင်စာဆီတွေ လွှဲပြောင်း ရောင်းချ‌ တာတွေနဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံး အကူညီပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရကို Justice For Myanmar ...

ဆက်ဖတ်ရန်