ကန်ပလက်မြို့နယ်အတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်

ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်ရှိ ကျေးရွာများဖြစ်တဲ့ စံအိမ်နူးနှင့် ခိတောရွာတို့ကို မင်းတပ်အခြေစိုက် ခလရ ၂၇၄ ကနေ လက်နက်ကြီးများဖြင့် မနေ့ သြဂုတ် ၁၆ ရက်ည ၁၀ နာရီ ၂၀ မိနစ်ခန့်က စပြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကန်ပလက်ဒေသခံများက ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး တချို့သော လက်နက်ကြီးများဟာ မပေါက်ကွဲပဲ ၅ ကြိမ်လောက်သာ ပေါက်ကွဲခဲ့ကြောင်း ဆိုပါတယ်။ ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာတော့ မရှိကြောင်း ကန်ပလက် ဒေသခံများက ပြောပါတယ်။

မနေ့နှင့် ဒီနေ့မနက်တွင် ဆောနယ်ဘက်တွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုများ ရှိခဲ့ပြီး ကန်ပလက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော်လည်း နှစ်ဘက်ထိတွေ့မှုနဲ့ ပတ်သက်ပြီး ဆောဒေသကာကွယ်ရေးတပ်နှင့် ကန်ပလက်မြို့နယ်ဒေသကာကွယ်ရေးတပ်ကလည်း တစုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါ။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်