ကမ္ဘာ့ဖလားပွဲကျင်းပချိန် ဘောလုံးကွင်းတွင် ဘီယာသောက်ခွင့် ကာတာပိတ်ပင်

ဒီကနေ့ သောကြာနေ့တွင် ထုတ်ပြန်ချက်တွင် အရ FIFA World Cup ဟာ ဘောလုံးကွင်းအတွင်း အရက်ဘီယာ သောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်ပါတယ်။ ခုလို ဘောလုံးကွင်းအတွင်း အရက်ဘီယာသောက်ခွင့် ပိတ်ပင်ခြင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ စတင်ရန် ၂ အလိုမှာ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

“အိမ်ရှင်နိုင်ငံက တာဝန်ရှိသူများနှင့် FIFA အကြားပြုလုပ်ခဲ့သော ဆွေးနွေးချက်များအရ ဒီပွဲတော်တွင် ပရိသတ်များစုရုံးရာနေရာ၊ လိုင်စင်ရရှိထားသော နေရာများတွင်သာ ဘီယာများကို ရောင်းချပြီး ၊ကာတာရဲ့ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား ဘောလုံးကွင်းများအတွင်း ဘီယာရောင်းချမှုများကို ဖယ်ရှားရန် ဆုံးဖြတ်ထားပြီဖြစ်ပါတယ်” ဟု ဒီကနေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဘောလုံးပရိသတ်များဟာ အရက်မပါဝင်သော ဘီယာများသာ သောက်ခွင့်ရှိမည်ဖြစ်ပါတယ်။ ဖီဖာ၏ ပြောဆိုချက်အရ ဘောလုံးကွင်းများဟာ ပျော်ရွှင်စရာကောင်းသော၊ လေးစားမှုရှိသော၊ သာယာသောနေရာဖြစ်လာရန် စီမံဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတွင် ကမ္ဘာ့ဖလားကျင်းပရေးကော်မတီအလုပ်မှူဆောင်အရာရှိချုပ်ဖြစ်တဲ့ နာဆာရ်အဲလ်ခါတာ၏ ပြောဆိုချက်အရ ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဘီယာရောင်းချမှုဟာ အခြားသော နေရာများက ကမ္ဘာ့ဖလားပွဲများနဲ့ ခြားနားမှာမဟုတ်ကြောင်း ပြောခဲ့ဖူးပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများတွင် ဘီယာရောင်းချခွင့်ကို အမေရိကန်နိုင်ငံက အဖျော်ယာမကာကုမ္ပဏီဖြစ်တဲ့ Budweiser က ကန်ဒေါ်လာ ၇၅ သန်းတန် သဘောတူစာချုပ်ကို ဖီဖာနဲ့ ရရှိထားသောကြောင့် ထိုကုမ္ပဏီတစ်ခုတည်းသာ ဘီရာရောင်းချခွင့် ရရှိထားတာဖြစ်ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း ဘီယာကို အဓိက ရောင်းချလာသော ကုမ္ပဏီလည်းဖြစ်ပါတယ်။

သာမန်ဘောလုံးပရိသတ်များအတွက် ဘီယာကို ဘောလုံးကွင်းအတွင်း ရောင်းချမည်မဟုတ်သော်လည်း VIP လက်မှတ်ဖြင့် လာရောက်ကြည့်ရှုသူများအတွက်တော့ ဘီယာရောင်းချပေးမည်ဖြစ်ပါတယ်။ ခုလို ကမ္ဘာ့ဖလားကျင်းပရန် ၄၈ နာရီအလိုမှာပဲ ဒီလို ဆုံးဖြတ်ပြီးနောက် ဘောလုံးပရိသတ်များကတော့ မကျေနပ်ကြပါဘူး။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်