ကလေးများ အိမ်မှာ ပျော်ရွှင်ကြသလား

Chreish Pui (Th.D – Christina Counselling )
Counsellor

ဒီကနေ့ မိသားစုဆိုသည်မှာ ကျမတို့ အတွတ် လုံခြုံမှုရှိပြီး ခိုလှုံရာနေရာတစ်ခုဖြစ် ရမည် ဖြစ်သော်လည်း အချို့သူများအတွက်မူ မိသားစုသည် နာကျင်မှုနှင့် စိတ်ပျက်စရာအရင်းအမြစ်တစ်ခုဖြစ်နေသည်။

အ‌ကြောင်းက မိသားစုဝင်များသည် စိတ်ဖိစီးမှုများစွာကို ပြင်ပမိသားစုကမ္ဘာမှ ရယူထား ပြီး ဖိအားတွေ များသောကြောင့်လည်းဖြစ်နိုင်သည်။ ထို့အပြင် မိသားစုအတွင်း ဖြစ်ပျက်သည့်အပြောင်းအလဲများကလည်းမိသားစုဝင်များကို စိတ်ရှုပ်ထွေးစေပြီး စိတ်ဆိုးခြင်း သို့မဟုတ် နာကျင်စေသည်။

ထာဝရ ဘုရား သည် ကမ္ဘာဦးကျမ်းအစမှာကတည်းကမိသားစုကို ဖန်ဆင်းတည်ဆောက်ပေးခဲ့ ခြင်းသည် သူဖန်ဆင်းသောသားသမီးများ၏ ပျော်ရွှင်မှုနှင့် တိုးတက်မှုအတွက် မိသားစု ကို အဓိကထား သော သူ၏အစီအစဉ်ဖြစ်သည် ကို ကျမ်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ (ကမ္ဘာဦးကျမ်း၁း၂၇-၂၈)

မိသားစုတွင်မရှိမဖြစ်လိုအပ်သောအခရာကျသောအရာနှစ်ခုမှာအိမ်ထောင်ပြုခြင်းနှင့် မိဘဖြစ်ခြင်းသည် ကို ကျမ်းစာထဲတွင်ရေးသားဖော်ပြထားသည်။

အိမ်ထောင်တွင်းရှိလင်နှင့်မယား ကြား ချစ်ခြင်း ကလည်းခရစ်တော် ကအသင်းတော် အပေါ် ထားသော စိတ်အားထက်သန်စွာ ဆည်းကပ်မှုအရိပ်အမြွက်ကိုဖော်ပြပါသည်။

အလားတူပင်၊ မိဘအုပ်ထိန်းမှု၏ အခက်အခဲ များ က ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ နူးညံ့မှုနှင့် သည်းခံခြင်း၏ ဆွဲဆောင်မှုရှိသော ရုပ်ပုံလွှာကို ပုံဖော် ပေးသည်။ မိသားစုသည် ဘုရားသခင်ဖန်ဆင်းခြင်း၏ အလှပဆုံးလက်ရာတစ်ခုဖြစ်ပြီးအိမ်ထောင်ရေးနှင့် မိဘအုပ်ထိန်းမှုတို့သည် ဘုရားသခင်၏စရိုက်သဘောကို ဖော်ပြသည့်သူ၏လက်ရာဖြစ်သည်။

စိတ်ကျန်းမာရေးနှင့်မိသားစုအကြောင်းအစပြုရန်မှာ –
၁)မိဘနှစ်ဦး ဆက်ဆံရေး
၂)မိဘနှင့် သားသမီးကြားဆက်ဆံရေးများသည်အဓိကအရေးကြီးဆုံးသော အချက် ဖြစ်သည်။
စိတ်ကျန်းမာရေးအကြောင်း မရေးခင်မှာကျန်းမာသုခ နှင့်ပြည့်စုံခြင်းဆိုသည်မှာ ဘာကို ဆိုလိုပါသလဲ ?

ကျန်းမာသုခ ပြည့်စုံခြင်းဆိုသည်မှာ စိတ်ရောဂါကင်းရှင်းပြီး ရုပ်ပိုင်းဆိုင် ရောဂါမရှိခြင်းကိုမဆိုလိုပါ။
တနည်းအားဖြင့်ဆိုသော်ကျန်းမာသုခ ပြည့်စုံခြင်းဆိုသည်မှာ “ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဖူလုံရေး ပြည့်စုံသော အခြေအနေတစ်ခုဖြစ်ပြီး ရောဂါမရှိခြင်း သို့မဟုတ် အားနည်းခြင်းမျှသာမဟုတ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှအဓိပ္ပါယ် ဖွင့်ထားပါသည်။

ကျန်းမာသုခ ပြည့်စုံခြင်းဖြင့် ပျော်ရွှင်မှုနှင့် ရောင့်ရဲမှုစသည့် အပြုသဘောဆောင်သော စိတ်ခံစားမှုများအပြင် လူတစ်ဦး၏ အလားအလာများ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဝအပေါ် တချို့ထိန်းချုပ်နိုင်မှု့ရှိခြင်း၊ ရည်ရွယ်ချက်ရှိခြင်း နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများကို တွေ့ကြုံခံစားရစေပါသည်။လူတစ်ဦးချင်း သို့မဟုတ် အသိုင်းအဝိုင်းကို ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်စေမည့် ရေရှည်တည်တံ့သော အခြေအနေတစ်ခုကိုလည်းဖြစ်ပေါ်စေနိုင်သည်။

မိသားစုတွင် စိတ်ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းရင်းများမှာ-
• ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးများနှင့် သဘောထားကွဲလွဲမှုများ
• မနာလိုခြင်း သို့မဟုတ် ခွဲ ခြားဆက်ဆံ ခံရခြင်းများ ကြောင့် ညီအစ်ကို မောင်နှမများကြား စကားများရန်ဖြစ်ခြင်း။
• မိဘများ စကားများငြင်းခုံကြခြင်း။
• မိဘများကွာရှင်းခြင်း သို့မဟုတ် ခွဲခွာခြင်း။
• မိထွေး/ပထွေးများ နှင့် သူတို့ နှင့် အတူပါလာသော သားသမီးများ/ ညီအကိုမောင်နှမများ။
• မိဘ သို့မဟုတ် ဆွေမျိုးတစ်ဦးတစ်ဦးသည် စိတ်ကျန်းမာရေးပြဿနာများ၊ မသန်စွမ်းမှု သို့မဟုတ် နာမကျန်းမှုရှိခြင်း။
• မိဘ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးသည် အရက် သို့မဟုတ် မူးယစ်ဆေးဝါး ပြဿနာရှိနေခြင်း။
• အလုပ်လက်မဲ့၊ ငွေကြေး သို့မဟုတ် အိမ်ရာပြဿနာများကြောင့် စိတ်ဖိစီးမှုများ။
• အိမ်တွင်းအကြမ်းဖက်မှု့နှင့် နှိပ်စက်ညှင်းပန်းမူ့ ခံရခြင်း။
• ယဉ်ကျေးမှု သို့မဟုတ် မျိုးဆက်ကွဲပြားမှုများ။
• အသိမှတ်ပြုမခံခြင်း သို့မဟုတ် လျစ်လျူရှုခြင်း။
အထက်ပါ ဖော်ပြပါ အ‌ကြောင်း များကြောင့် အထူးသဖြင့် မိသားစုဝင်အတွင်းရှိခုခံနိုင်ခြင်းနည်းသော,အားနွဲ့သော ခလေးများသည် အထိခိုက်နိုင်ဆုံးဖြစ်ပြီး သူတို့ကြီးပြင်းလာသောအခါမိမိကိုယ်မိမိတန်ဖိုးထားမှု၊ မိမိကိုယ်မိမိယုံကြည်မူ နှင့်ရုပ်ပိုင်းဆိုင်ရာနာမကျန်းခြင်း၊ မူမမှန်သောအပြုအမူများ ကို မြင်တွေ့ခံစား ရနိုင်သည်။ မိသားစုအတွင်း အပြောင်းအလဲများဖြစ်ခြင်းသည် ကလေးများအားစိတ်အနှောက်အယှက်ဖြစ်စေပြီး စိတ်မလုံခြုံမူ၊ ကြောက်တတ်၊ ဝမ်းနည်းအားငယ်ခြင်းများကိုဆင့်ကဲခံစားရစေနိုင်သည်။ ထို့အပြင် ခလေး များသည် ဒေါသထွက်ခြင်း၊ စိုးရိမ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်သည်။ ဤခံစားချက်များကြောင့် ကျောင်းနှင့် သူငယ်ချင်းများ စသော ၎င်းတို့ဘဝ၏ အခြားနယ်ပယ်များကို လည်းထိခိုက်စေနိုင်သည်။

311879784_10159463981517955_2103555100040336500_n
Chreish Pui (Th.D – Christina Counselling )
Counsellor

မိဘများသည် ၎င်းတို့၏ ကလေးများစိတ်ကျန်းမာရေးကို မည်ကဲ့သို့ အကျိုးသက်ရောက်စေနိုင်သလဲ?

အထက်ပါမေးခွန်းကို ဖြေ ရမည် ဆို လျှင် မိဘအုပ်ထိန်းမှုပုံစံများနှင့် မိဘများ၏စိတ်ကျန်းမာရေးသည် ၎င်းတို့၏ခလေးဘဝဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာအပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာများအပေါ် ရေရှည်အကျိုးသက်ရောက်မူ့ဖြစ်စေသည်ကို ဆက်လက်ဖော်ပြလိုပါသည်။

 ဆိုးရွားသော အတွေ့အကြုံများနှင့် ကလေးများအပေါ် ၎င်းတို့၏သက်ရောက်မှုများ။
ခလေးများသည်ခက်ခဲသောစိန်ခေါ်မှုများဖြစ်သည့် မိသားစု ကမောက်ကမ ဖြစ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ပူပန်မှုများ ကို ရင်ဆိုင်ရတိုင်း ၎င်းတို့ကို နည်းအမျိုးမျိုးဖြင့် ထိခိုက်နစ်နာစေပါသည်။ မိဘများ၏ တာဝန် မှာ ကျန်းမာလုံခြုံသောမိသားစု ရရှိ နိုင် ရန် သင့်ကလေးများ၏ လူမှုရေးစံနှုန်းများကို နားလည်သဘောပေါက်ရန်နှင့် ခက်ခဲသောစိတ်ခံစားမှုများပေါ်လာသောအခါတွင် ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အရည်အချင်းများ ပံ့ပိုးပေးခြင်း ဖြင့်သင်လုပ်ဆောင်ပါဝင်နိုင်ပါသည်။

 မိဘအုပ်ထိန်းမှုပုံစံနှင့် သင့်ကလေး၏ စိတ်ကျန်းမာရေး။
မိဘများအုပ်ထိန်း ခြင်း တွင် သားသမီး များနှင့် လုံလောက်စွာ ဆက်ဆံရန် ပျက်ကွက်ခြင်းကြောင့်အုပ်ထိန်းမှု မလုံလောက်ခြင်း(လျစ်လျူရှုခြင်း )ဆိုပြီး အပြစ်မဖြစ်စေလို သလိုသားသမီးအပေါ် အကာအကွယ်လွန်ကဲစွာ အလွန်အကျွံအုပ်ထိန်းခြင်း ကိုလည်း သင် မိဘ တယောက် အနေဖြင့်ရှောင်ရှားခြင်နိုင်သည်။

ထပ်ခါတလဲလဲ သင့်ခလေးများကို အကာကွယ်ပေးလွန်ခြင်းသည်ခလေး၏ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုဖြစ်စေသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးများကို ကန့်သတ်စေနိုင်မည်ဖြစ်သည်။ ငယ်စဉ်ဘဝကတည်းက ကြုံတွေ့ရသော အခက်အခဲအခြေအနေတွေကို စနစ်တကျမိမိကိုယ်တိုင်ကိုင်တွယ်နိုင်ရန် အခွင့်အ‌ရေး များ မရခဲ့ ခြင်းကြောင့် စိုးရိမ်ပူပန်မှု့ဖြစ်လွယ်ခြင်းများဖြင့်ကျန်ရှိသောဘဝလမ်းတစ်လျှောက်ကို ဖြက်ကျော် ရတတ်စေပါသည်။ အတိမ်းအစောင်းမခံသော လေသံဖြင့် မိဘအုပ်ထိန်းခြင်းသည် ကလေးများ၏ မိမိကိုယ်ကို အထင်ကြီးလေးစားမှုကို လျော့ပါးစေပြီး စိုးရိမ်စိတ် သို့မဟုတ် စိတ်ဓာတ်ကျခြင်းသို့ ဦးတည်သွားစေနိုင်သည်။

သင့်ခလေးများ၏ ခန္ဓာကိုယ်ပုံသဏ္ဌာန် အချိုးအစား များကို အကဲဖြတ်လွန်ခြင်းကြောင့်လည်း အလားတူခံစားစေနိုင်ပါသည်။

 မိဘများ၏ စိတ်ကျန်းမာရေးသည် ကလေးဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိသည်။
ခန္ဓာကိုယ်နေထိုင်မကောင်း ဖြစ်ခြင်း နှင့် ရောဂါများကဲ့သို့ပင် စိတ်ကျန်းမာရေးချို့ယွင်းမှုများသည် မိသားစုအတွင်း လည်ပတ်လေ့ရှိပြီး မိဘမှ ကလေးသို့ ကူးဆက်နိုင်သည်။ စိတ်ဓာတ် ကြံ့ခိုင်ပြီးစိတ်ပိုင်းဆိုင်ရာ ကျန်းမာသော မိဘများမှမွေးသောသား/သမီးများသည် စိတ်ကျန်းမာရေးနှင့် ခလေးများတွင် စစ်တမ်းကောက် ချက် များ အဖြေ အရ ခလေးများ သည်, စိတ်ဓာတ် ကြံ့ခိုင်ပြီးစိတ်ပိုင်းဆိုင်ရာ ကျန်းမာသော မိဘများမှမွေးသောသား/သမီးများထက် မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေ သုံးဆပိုများကြောင်း တွေ့ရှိထားကြသည်။

သတိပြုဆင်ခြေရမည့်အရာက မိဘ တယောက်ယောက်တွင် စိတ်ကျန်းမာရေးအခြေအနေတစ်ခုရှိနေသောကြောင့် ၎င်း၏သားသမီးများအပေါ် သက်ရောက်မှုရှိမည်ဟု လည်း အမြဲ သတ်မှတ် ၍မရပါ။
ယင်းအစား၊ မိဘ၏ စိတ်ကျန်းမာရေးသည် ၎င်းတို့၏ အပြုအမူအပေါ်မည်ကဲ့သို့ သက်ရောက်မှုရှိသည် ကပို၍ အရေးကြီးပါသည်။ မိဘတစ်ဦးဦး(ဖခင်/မိခင်)ကစိတ်ဓာတ်ကျခြင်းကို ခံစားနေရပြီး ထို အရာ ကို ကိုင်တွယ်ဖြေရှင်းနေချိန် တွင် အမှတ်မထင် သင် သတိ မထားမိသော အချိန်တွင် သင့်ခလေးနှင့် ဆက်ဆံရေးတွင်း အကျိုးသက်ရောက်မူ့ ဖြစ်စေနိုင်ပါသည်။ ဥပမာပြောရမည် ဆိုလျှင်၊ မိဘနှင့်သားသမီးကြားရှိ နှောင်ကြိုးတွယ်တာခြင်းအတွက်လိုအပ်သောစိတ်ခံစားမှုဆိုင်ရာ ဆက်သွယ် ချိတ်ဆက်မှုကိုသင်မဖော်ပြနိုင် ဖြစ်စေနိုင်သည်။

ထိုမှတဆင့် သင့်ခလေး၏ ရုပ်ပိုင်းဆိုင်ရာ ကဏ္ဍများအပေါ်တွင်လည်းအကျိုး သက်ရောက်မှုရှိနိုင်သည်။
ဥပမာအားဖြင့်, သင့်ကလေးကျောင်းပို့ ရန်အတွတ် သင်ကိုယ်တိုင်က အိမ်မှထွက်ရန် စိတ်မပါ၊ အားအင်မရှိ ဖြစ်ပြီး နှောင့်နှေးသော အခါ သို့မဟုတ် ကျောင်း တွင်ချိန်းဆိုထားသည့်အချိန်များတွင် ခလေးများနောက်ကျနေပါက ကျောင်းတွင် ခလေးများ၏ရပ်တည်မှုကို ထိခိုက်စေနိုင်သည်။

အထက်ဖော်ပြပါ အခြေအနေများသည် မိဘနှင့်ခလေးနှစ်ဦးစလုံးအတွက် မကြာခဏစိတ်ဖိစီးမှုများဖြစ်စေပြီး ဆက်ဆံရေးကို ဆိုးရွားစေကာ, ပစ်ပယ်ခံရခြင်း သို့မဟုတ် ယုံကြည်မှုဆိုင်ရာ(ပေါင်းသင်းဆက်ဆံရေးတွင်)ပြဿနာများအထိ ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် မိသားစု တခုလုံးကျန်းမာသုခရရှိဖို့ရန် သင့်ကလေးများကို ရှေ့တန်းတင်ပြီး စိတ်ကျန်းမာရေးအကြောင်း သူတို့နှင့် ဆွေးနွေးပါ။ ထိုသို့ဆွေးနွေး သော အခါမျိုး တွင်မိမိအသုံးပြုသောစကားလုံးများကို ဂရုတစိုက်ရွေးခြယ်အသုံးပြုပြီး အညွှန်းများကို ရှောင်ကြဉ်ရန်လိုအပ်ပါသည်။

ဒီကနေ့ ကျမတို့သည် နေ့စဉ်အဆင်မပြေမူတွေ များစွာကိုရင်ဆိုင် ကြုံတွေ့ နေရပြီး ပတ်ဝန်းကျင် တွင်လည်း အဖြစ်ပျက်ဆိုးများကိုနေ့ စဉ်ဘဝတွင် ကြားမြင်နေရသောအခါ တွင် မိမိကိုယ်မိမိအပြစ်ရှိတယ်၊ အကြောင်းမရှိ ဝမ်းနည်း ခြင်း၊မလုံခြုံဘူး၊ ကြောက်ရွံ့ခြင်း၊ ပူဆွေးဝမ်းနည်း၊ဒေါသ ဖြစ်ခြင်း၊ စိတ်တွေခဏခဏတိုနေတယ် စတဲ့ စိတ်ခံစားမှုမျိုးစုံကို ခံစားရတာ ပုံမှန်ပါပဲ။ အကြာင်းက ပုံမှန် မဟုတ်တဲ့ အခြေအနေ ဆိုးတွေကို ရင်ဆိုင် နေရတဲ့ အတွက် တခါတလေစိတ်ခံစားချက်တွေ အဆင်မပြေဖြစ်တာက လည်း အဆင်ပြေ ပါတယ်။

အကယ်၍များကျမတို့သည် အထက်ပါ စိတ်ခံစားချက် ‌‌များကြောင့်နေ့စဉ်ဘဝ လှုပ်ရှားဆောင်ရွက်ခြင်းတွေမှာ အနှောက်အယှက်ဖြစ်လာပြီးတာ စားချိန်အိပ်ချိန် ပုံမှန် မဟုတ်တော့ ဘူး၊ ဘုရားနဲ့ မိမိကိုယ်မိမိဝေးနေတယ်ဘုရားကမိမိကိုယ်ပစ်ထားပြီးလားဆိုပြီးအပြစ်ရှိနေသကဲ့သို့ ခံစားနေရတာတွေ တစ်လလောက် ဖြစ်လာပြီ ဆိုရင် တော့ကျမတို့ အကူအညီယူရဖို့ ဝန်မလေး ပါနဲ့။

ကျမတို့ ရဲ့ပတ်ဝန်းကျင် မှာအကယ်၍အကူညီလို တဲ့သူများလာတဲ့အခါ ၊ မဝေဖန်အပြစ်မတင် ပဲ “သောကြောင့်မပါ” (unconditional love) ကျမတို့ က သေချာစွာနားထောင်ပေးကြရအောင် ။ ကျမတို့ ရဲ့အချိန် ကိုပေးကြ ရအောင်။ ကျမတို့ရဲ့ အတွေ့ အကြုံတွေနဲ့ ယှဉ်ပြီး သူတို့ ရဲ့စိတ်ခံစားချက် များကို ဘာမှမဟုတ်သလိုမျိုး နဲ့ “ကောင်းသွားမှာ ပါ၊ ဒီလောက် ကတော့ ခံနိုင် ရမှပေါ့ ၊ ဆုများများမတောင်း လို့နဲ့တူတယ်၊ “ စသည့်စကားများ ကို မပြောမိရန်ရှောင်ရှား ဖို့အထူးလိုအပ် ပါတယ်။

ကျမတို့ ရဲ့စိတ်ခံစားချက်တွေမကောင်းတဲ့အချိန်မှာ ကျမတို့ လိုချင်တောင့်တတတ်ကြတာက, မဝေဖန်ပဲနားထောင်ပေးမယ့်နား တစုံနဲ့ စာနာစိတ် ရှိတဲ့ နှလုံးသား၊ ကျမတို့ရဲ့ခံစားချက် ကို အသိအမှတ် ပြု ပေးမယ့် စကားလုံးများ ဖြစ် ပြီးစိတ်ထဲတွင်လည်း နှစ်သိမ့် ရာကို ရရှိခံစားရစေပါသည်။
မိသားစုဝင် သို့မဟုတ် သူငယ်ချင်းများတွင် စိတ်ရောဂါ၏ သတိပေးလက္ခဏာများကို လျစ်လျူမရှုပါနှင့်။ လူတစ်ဦးသည် အကူအညီနှင့် ကုသမှုကို စောလျင်စွာ ရရှိလေလေ၊ ရလဒ်ကောင်းများ ဖြစ်လာနိုင်လေဖြစ်သည်။ ကူညီပေးနိုင်ပါတယ်။

မိသားစုတခုလုံး ကျန်းမာခြင်းသုခချမ်းသာနှင့် ပြည့်စုံခြင်းသည်ထာဝရဘုရား၏အလိုတော်ဖြစ်သည်။
မိသားစု ဝင်တယောက်မှအစပြု၍ စိတ်မချမ်းသာမကျန်မာဖြစ်သော အခါ တခြားမိသားစု ဝင်အားလုံးသို့ ကူးစက်စေနိုင် ပါသည် ။ သို့ပါသောကြောင့် မိသားစုတခုလုံးကျန်းမာဖို့ရန် အတွတ် မိဘနှစ်ဦးမှအစပြု ၍ ကောင်းမွန်ကျန်းမာသော ဆက်ဆံရေး ကို ရရှိဖို့ ရန် မိမိတို့ကိုယ်ကိုမိမိ ဂရုပြုတတ်ခြင်း၊ ချစ်ခြင်းဖြင့်အစပြုရန် လိုအပ်ပါသည်။ အကယ်၍မိသားစုဝင်တဦးဦးက အကူညီလိုအပ်ပါက လစ်လျှုမရှု ပဲ အရေးပေးဂရုပြု ကြခြင်း ဖြင့် မိသားစု မှမိမိပတ်ဝန်းကျင်ဂရု ပြုကြရအောင် ဒီစာနဲ့ အတူပါဝင်ကြဖို့ဖိတ်ခေါ် ခြင်ပါတယ်။

 

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်