ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ် လူတစ်ဦးသေဆုံး

ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် ကိုဗစ်လူနာရှိတဲ့အိမ်မှာ Home Quarantine လုပ်ထားစဉ် အသက် (၈၂)အရွယ်အမျိုးသားတစ်ဦးဟာ မနေ့ညကသေဆုံးသွားကြောင်းသတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ ယင်းအမျိုးသားရဲ့ swab ကိုယူကာ ကလေးမြို့တွင်စစ်ဆေးရာ ဒီနေ့ညနေပိုင်းတွင် ကိုဗစ်-၁၉ Positive ဖြစ်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။

ကလေးမြို့ ကိုဗစ်ကော်မတီ သတင်းနဲ့ပြန်ကြားရေးကော်မတီက တာဝန်ခံ ကိုသန့်စင်က “သူက ကိုဗစ်-၁၉ရောဂါလူနာရှိတဲ့ Home Quarantine လုပ်ထားတဲ့အိမ်ကပါ။ သေဆုံးပြီးတော့ swab ယူထားပြီးစစ်ဆေးပါတယ်။ သေတာက မနေ့ကည သခေါင်လောက်ကသေသွားတယ်” လို့ပြောပါတယ်။

၎င်းဟာ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားတဲ့ ပထမဆုံး လူနာဖြစ်ပါတယ်။ လက်ရှိ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါလူနာ (၅၃)ဦးရှိပြီး တိုင်းရင်းဆေးရုံနဲ့ အိတ်စွပ်ပြည်သူ့အငှားအိမ်ရာတွင် ကုသစောင့်ရှောက်လျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်