ကလေးမြို့တွင် စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းမှာအလုပ်လုပ်တဲ့ ကျောင်း ဆရာ ၃ ဦးဖမ်းဆီး

ဩဂုတ် ၃၁၊ ၂၀၂၃

ကလေးမြို့နယ်အတွင်း စစ်ကောင်စီဖွင့်လှစ်တဲ့ကျောင်းမှာ အလုပ်လုပ်တဲ့ ကျောင်းဆရာ ၃ ဦးကို ဩဂုတ်လ ၇ ရက်နဲ့ ၈ ရက်တွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းဆီးပြီး ဥပဒေအရ အရေးနေတယ်လို့ သတင်းရရှိပါတယ်။

ဩဂုတ် ၇ ရက်မနက် ၁၁ နာရီခွဲတွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြို့ပြစစ်ဆင်ရေးဒုတာဝန်ခံနဲ့အဖွဲ့ဝင်များဟာ တောင်ဖီလာရပ်ကွက်ရှိ အ.ထ.က (၉) ယခင်အမှတ် ၁၃ကျောင်းသို့ဝင်ရောက်ကာ ကျောင်းအုပ် ဦးဆန်းထွန်းမောင်နဲ့ ဦးဝွန်ဆွမ်းခိုင် (လ/ထမူပြ) တို့ ၂ ဦးကိုဖမ်းဆီးထိန်းသိမ်းပြီး ဩဂုတ် ၂၆ ရက်တွင် ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တ)စခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြစ်အမှုဖွင့်ထားကြောင်းသိရတယ်။

တရားခံဝွန်ဆွမ်းခိုင်ရဲ့ မိခင်ဟာ စစ်ကောင်စီလက်အောက်ခံ အ.ထ.က (၆)ကျောင်းတွင် အထက်တန်းပြအဖြစ်လည်းကောင်း၊ ညီမဖြစ်သူတစ်ယောက်လည်း စစ်ကောင်စီလက်အောက်ခံ (၉)မိုင်ကျောင်းတွင် အလယ်တန်းပြအဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်လျက်ရှိတယ်လို့ Kalay Township People’s Police (KPP) ကထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ဩဂုတ်လ ၈ ရက် ညနေ ၆နာရီခွဲတွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြို့ပြစစ်ဆင်ရေးဒုတာဝန်ခံနဲ့အဖွဲ့ဝင်များက စစ်ကောင်စီထောက်တိုင်းအဖြစ် အလုပ်လုပ်နေသော ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ အလယ်တန်းကျောင်းအုပ် ဦးမောင်မောင်ခင်ကို တောင်ဖီလာရပ်ကွက်ရှိ ၎င်းနေအိမ်တွင် သွားရောက်ဖမ်းဆီးရာ ဩဂုတ်လ ၂၆ ရက်တွင် ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တ)စခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြစ်အမှုဖွင့်ထားကြောင်း သိရတယ်။

တရားခံ မောင်မောင်ခင်ရဲ့ တတိယမြောက်သားဖြစ်သူ နိုင်မျိုးဝင်းဟာ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း (၃)၊ တောင်ငူတွင် တပ်ကြပ်ကြီးအဆင့်ဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

Kalay Township People’s Police (KPP) တာဝန်ရှိသူတစ်ဦးက “ ‌NUG ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက နစက ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပါတယ်။ အကြမ်းဖက်အုပ်စုမှာ အလုပ်လုပ်လို့ ဖမ်းတာပါ။ တခြားလူတွေလည်း ဖမ်းဆီးဖို့ အခွင့်အရေးရရင် ဖမ်းမှာ ပါ။ စကစရဲ့ အကြမ်းဖက်ယန္တရား လည်ပတ်အောင် ဆောင်ရွက် နေသူတွေဟာ ပြည်သူ့ရန်သူ တွေ ဖြစ်ပါတယ်”လို့ပြောပါတယ်။

၎င်းတို့ ၃ ဦးအပြင် လက်ရှိ Kalay Township People’s Police (KPP) က ကလေးခရိုင်ဘဏ်မန်နေဂျာနဲ့ ခရိုင်အာမခံလုပ်ငန်းက ဝန်ထမ်း အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်