တည်းခိုခန်းခ မပေးနိုင်သောကြောင့် မန်နေဂျာ အား ဓားဖြင့်ထိုးသတ်

ကလေးမြို့ တပ်ဦးသီတာရပ်ကွက်ရှိ ဘူတာရုံအနီး စိန် တည်းခိုခန်းတွင် တစ်လကြာတည်းခိုတဲ့ ကိုသိန်းထိုက်ဝင်း (၄၂ နှစ်)က တည်းခိုခန်းမန်နေဂျာ ဦးစံဌေးကို ဓားနဲ့ ထိုးသတ်ပြီး ဆိုင်ကယ်နဲ့ ဆွဲကြိုးတွေယူသွားတယ်လို့ သတင်းရရှိပါတယ်။

ဇန်နဝါရီလ (၁၀) ည (၈)နာရီခန့်တွင် ကလေးမြို့နယ် အိတ်စွတ်ကျေးရွာနဲ့ သင်္ဘောပင်ကွင်းကျေးရွာကြား လမ်းမဘေးတွင် အမည်မသိအမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်အနီးရှိရွာသားတွေက တွေ့ရှိပါတယ်။ ရွာသားတွေက သက်ဆိုင်ရာ ရဲစခန်းသို့အကြောင်းကြားရာ ယင်းအလောင်းဟာ ဘူတာရုံအနီး စိန်တည်းခိုခန်း မန်နေဂျာ ဦးစံဌေး (၅၀ နှစ်ခန့်)ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

အိတ်စွတ်ကျေးရွာ (Kawlkulh khua) အုပ်ချုပ်ရေးမှူး ဦးရမ်နီအန် (U Ramnieng) က “ကျနော်ရောက်သွားတာက ည ၈ နာရီရှိပြီ။ အလောင်းက လမ်းမဘေးမှာပဲ ရှိပြီးတော့ ဘေးမှာ ဓားတစ်လက်လည်းတွေ့ရတယ်။ ထိုးသွင်းဒဏ်ရာ ငါးချက်လောက်တွေ့ရတယ်။ ရဲတွေက ည (၁၀)နာရီလောက်မှာ အလောင်းကိုလာယူကြတယ်” လို့ပြောပါတယ်။

ကိုသိန်းထိုက်ဝင်းဟာ စိန်တည်းခိုခန်းတွင် တည်းခိုလာတာ တစ်လခန့်ရှိပြီး တည်းခိုခန်းခပေးဖို့ ပိုက်ဆံရစရာရှိ၍ သွားယူဖို့ မန်နေဂျာကိုအကူအညီတောင်းရာမှ မန်နေဂျာကလိုက်ပို့တဲ့ချိန်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကလေးမြို့နယ် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်ဗိုလ်အောင်က “မန်နေဂျာကို သတ်တဲ့ သိန်းထိုက်ဝင်းက ကလေးမြို့ဇာတိပဲ။ ဒါပေမယ့် သူ့မိဘတွေက ကလေးမြို့မှာ မနေကြတော့ဘူး။ ဒါကြောင့် သူ့မှာတည်းစရာအိမ်မရှိတော့ဘူး။ သူက ၂၀၁၃ ခုနှစ်တုန်းက ကလေးမြို့ တောခေါင်းတစ်ယောက်ကိုသတ်ခဲ့လို့ ထောင်ကျဖူးတယ်။ သူထောင်ကနေထွက်လာတာလည်း သိပ်မကြာသေးဘူး။ ခုထိ တရားခံကို ဖမ်းမိဖို့လိုက်လံစုံစမ်းနေတုန်း” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်