ကလေးမြို့တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၇၀,၀၀၀ ကျော်တွင် ချင်းတိုင်းရင်းသား ၁၃၀,၀၀၀ ကျော်ရှိ

ဒီနှစ် နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကလေးမြို့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇၃,၁၆၈ ဦးရှိတဲ့ထဲမှာ ချင်းတိုင်းရင်းသား မဲပေးပိုင်ခွင့်ရှိသူ ၁၃၀,၀၀၀ ကျော်ရှိတယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဂင်ခန့်ပေါင် ထံကသတင်းရရှိပါတယ်။

မဲထည့်ဖို့ မဲရုံ (၁၉၅)ရုံဖွင့်လှစ်မှာဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် မဲရုံ ၂၀ တိုးထားတယ်လို့သိရပါတယ်။

မဲရုံတွင် အရင်က မဲစာရင်းထုတ်ပေးသူနဲ့ စစ်ဆေးသူဟူ၍ ၂ ဦးရှိပြီး ဒီနှစ်မှာတော့ ၄ဦးထားရှိမယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌထံမှသတင်းရရှိပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကလေးမြို့မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၃၅,၂၃၁ ဦးရှိပြီး မဲပေးသူ ၁၆၂,၈၀၄ ဦး ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းရေးရာဝန်ကြီး တစ်နေရာလည်းရှိပြီး ချင်းတိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာပြန့်ကျဲနေထိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်