ကလေးမြို့နယ်ရှိ မက်သဒစ်အသင်းတော်ဘုရားကျောင်းများ ယာယီပိတ်ထား

ကလေးမြို့နယ်အတွင်းရှိ မက်သဒစ်အသင်းတော်ဘုရားကျောင်းများကို မတ်လ (၁၇)ရက်ကစပြီး မေလ ကုန်ထိ ယာယီပိတ်ထားကြောင်း သတင်းရရှိပါတယ်။

ယင်းထုတ်ပြန်ကြေညာချက်ကို မတ်လ (၁၇)ရက်နေ့စွဲဖြစ်ထုတ်ပြန်ထားပြီး စာထဲတွင် COVID-19 ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခဲ့ပါတယ်။ ယင်းရောဂါမပြန့်ပွားအောင် အစိုးရကလည်း ဧပြီလ (၃၀)ရက်ထိ လူစုလူဝေးဖြစ်စေတဲ့ ပွဲလမ်းသဘင်တွေမပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မက်သဒစ်အသင်းတော် တာဟန်းခရိုင် Standing committee က မတ်လ (၁၆)ရက်တွင် အစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ကူးစက်ရောဂါမပြန့်ပွားအောင် တာဟန်းခရိုင်အတွင်းရှိ ကလေးဓမ္မစကူးလ်ပွဲတော်၊ ခရိုင်အခြေပြုသင်တန်းများ၊ ပွဲတော်များကို မတ်လ (၁၇)ရက်ကစပြီး မေလကုန်ထိမပြုလုပ်ကြဖို့ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အသင်းသူ၊ အသင်းသားများ မညို့ငြင်းပဲ အစိုးရထုတ်ပြန်ချက်အတိုင်းလိုက်နာကြဖို့ အသိပေးအပ်ပါတယ်လို့ရေးသားထားပါတယ်။

ဒါပြင့် မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်းဘုရားကျောင်းကို မတ်လ (၂၀)ရက်မှ ဧပြီလကုန်ထိ ယာယီပိတ်ထားပြီးရန်ကုန်မြို့ရှိ ဖလမ်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းလည်း မတ်လ (၂၉)ရက်ကစပြီး ယာယီပိတ်ထားဖို့ ကြေညာထားပါတယ်။

(Zawgyi)

ကေလးၿမိဳ႕နယ္ရွိ မက္သဒစ္အသင္းေတာ္ဘုရားေက်ာင္းမ်ား ယာယီပိတ္ထား

ကေလးၿမိဳ႕နယ္အတြင္းရွိ မက္သဒစ္အသင္းေတာ္ဘုရားေက်ာင္းမ်ားကို မတ္လ (၁၇)ရက္ကစၿပီး ေမလ ကုန္ထိ ယာယီပိတ္ထားေၾကာင္း သတင္းရရွိပါတယ္။

ယင္းထုတ္ျပန္ေၾကညာခ်က္ကို မတ္လ (၁၇)ရက္ေန႔စြဲျဖစ္ထုတ္ျပန္ထားၿပီး စာထဲတြင္ COVID-19 ဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕က ကမာၻ႔ကပ္ေရာဂါအျဖစ္ေၾကညာခဲ့ပါတယ္။ ယင္းေရာဂါမျပန႔္ပြားေအာင္ အစိုးရကလည္း ဧၿပီလ (၃၀)ရက္ထိ လူစုလူေဝးျဖစ္ေစတဲ့ ပြဲလမ္းသဘင္ေတြမျပဳလုပ္ဖို႔ ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ မက္သဒစ္အသင္းေတာ္ တာဟန္းခ႐ိုင္ Standing committee က မတ္လ (၁၆)ရက္တြင္ အစည္းအေဝးဆုံးျဖတ္ခ်က္အရ COVID-19 ကူးစက္ေရာဂါမျပန႔္ပြားေအာင္ တာဟန္းခ႐ိုင္အတြင္းရွိ ကေလးဓမၼစကူးလ္ပြဲေတာ္၊ ခ႐ိုင္အေျချပဳသင္တန္းမ်ား၊ ပြဲေတာ္မ်ားကို မတ္လ (၁၇)ရက္ကစၿပီး ေမလကုန္ထိမျပဳလုပ္ၾကဖို႔ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ အသင္းသူ၊ အသင္းသားမ်ား မညိဳ႕ျငင္းပဲ အစိုးရထုတ္ျပန္ခ်က္အတိုင္းလိုက္နာၾကဖို႔ အသိေပးအပ္ပါတယ္လို႔ေရးသားထားပါတယ္။

ဒါျပင့္ မႏၱေလးၿမိဳ႕ရွိ ဖလမ္းႏွစ္ျခင္းဘုရားေက်ာင္းကို မတ္လ (၂၀)ရက္မွ ဧၿပီလကုန္ထိ ယာယီပိတ္ထားၿပီးရန္ကုန္ၿမိဳ႕ရွိ ဖလမ္းႏွစ္ျခင္းအသင္းေတာ္ဘုရားေက်ာင္းလည္း မတ္လ (၂၉)ရက္ကစၿပီး ယာယီပိတ္ထားဖို႔ ေၾကညာထားပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်