ကလေးမြို့နဲ့ ဂန့်ဂေါနယ်တွင် ဆောက်လုပ်ရေးပစ္စည်းအချို့သယ်ဆောာင်ခွင့်ပိတ်

ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့သို့ ပြေးဆွဲတဲ့ မော်တော်ယာဉ်များတွင် ဘိလပ်မြေ၊ခြံစည်းရုံးကာ သွပ်ဆူးကြိုးလိပ်၊ ပလိပ်ဒါးသွပ်ဆူးကြိုးများ တင်ဆောင်ခြင်းကို ယနေ့ မေ ၁၀ ရက်ကစပြီး သယ်ဆောင်ခွင့်ပိတ်တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။

ယင်းပစ္စည်းများဟာ အာဏာသိမ်းစစ်ကောင်စီ အထိုင်ချတဲ့စခန်းများအသုံးပြုရန်အတွက် အမြောက်အများရောက်ရှိနေ တာကြောင့်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

မေတ္တာရပ်ခံချက် /ညွှန်ကြားချက် /ထုတ်ပြန်ချက်တို့အား လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပါက တော်လှန်ရေးအဖွဲ့အစည်းများမှ အရေးယူခြင်းများနောက်ဆက်တွဲပြုလုပ်မှုရှိလာမည်ကိုကြိုတင်အသိပေးအပ်ပါတယ်လို့သတိပေးစာထုတ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်