ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေ ဓားပြတိုက်လုယက်စဉ် အမျိုးသမီးတစ်ဦးသေဆုံး

၂၁၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက်မှာ စစ်ကောင်စီတပ်သား နှစ်ဦးက နိုဝင်ဘာ ၂ဝရက်နေ့ နေ့လည်ပိုင်းလောက်က နေအိမ်တစ်အိမ်ထဲဝင်ရောက်ကာ ရွှေနဲ့ ဖုန်းတွေကို ဓားပြတိုက်လုယက်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

သေဆုံးသွားသူဟာ အသက် ၅၆နှစ်အရွယ် ဒေါ်အဲလ်နီ ဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးက ပေါင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သွေးထွက်လွန်သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“ အဲဒီအမျိုးသမီးက တစ်ယောက်တည်း ဖုန်းကြည့်နေချိန်မှာ ယူနီဖောင်းနဲ့ လူနှစ်ယောက်က အိမ်ထဲကို ဝင်လာတာ၊ အိမ်ထဲမှာ ဘယ်သူတွေရှိလဲဆိုပြီး မေးတယ်။ မရှိဘူးလို့ ဖြေတဲ့အချိန်မှာ နားကပ်တွေ ချွတ်ခိုင်းတယ်။ ဖုန်းကို လည်းယူတယ်။ ရှိတာအကုန်ပေးလို့ပြောတယ်။ ပြီးတော့ ပေါင်ကို သေနတ်နဲ့ ပစ်ခဲ့တာ။ ပြီးတော့ အလောင်းကိုလည်း စပါးကျီထဲမှာ ထားခဲ့တယ်။ ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦးကို ဖမ်းဆီးပြစ်ဒဏ်ချမှတ်ပေးဖို့ ဒေါ်အဲလ်နီရဲ့ မိသားစုဝင်တွေက တိုင်တန်းခဲ့တဲ့ နောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့က ပြောတယ်၊ ကာယကံရှင်တွေ စိတ်ကျေနပ်အောင် အကုန်လုံး လုပ်ပေးမယ်လို့ပြောတယ်။ ပြီးတော့ ဒကစ မှူးကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြတယ်။ အထက်ကို တင်ပြရမှာမလို့ဆိုပြီး အလောင်းပုံတွေကို သေချာ ရိုက်ခိုင်းတယ်။ နားကပ်ကတော့ ပြန်ရခဲ့တယ်။ ဖုန်းကတော့ ပြန်မရသေးဘူး။” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦး က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၁ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသူ ဒေါ်အဲလ်နီကို သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း၀ ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်