ကလေးမြို့ရှိ တက္ကသိုလ်ကျောင်းသားများက ပြည်သူ့ဆေးရုံတာဝန်ရှိပုဂ္ဂိုလ်တွေကို မနက်ဖြန် ဆန္ဒပြမယ်

ကလေးပြည်သူ့ဆေးရုံ ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးပြီးထိရောက်စွာအရေးယူပေးဖို့ ကလေးတက္ကသိုလ်ကျောင်းသားများ (၁၅)ဖွဲ့က မနက်ဖြန် နံနက် (၁၀)နာရီကစပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့သတင်းရရှိပါတယ်။

ယင်းဆန္ဒပြပွဲတွင် လူအင်အား သုံးထောင်ခန့်ပါဝင်ဖို့စာတင်ထားပြီး ကလေးမြို့ ဆိပ်ကမ်းသာလမ်းမှစတင်ချီတက်မှာဖြစ်ပြီး ပြည်သူ့ဆေးရုံရှေ့ ဘုရင့်နောင်လမ်း၊ ဗိုလ်ချုပ်လမ်းတွေမှာ လမ်းလျှောက်ဆန္ဒပြကြမှာဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကလေးမြို့ပြည်သူ့ဆေးရုံတွင် နည်းပညာတက္ကသိုလ်ကျောင်းသား ဇိုမီးကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဟာ ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ယင်းကျောင်းသား လူနာဟာ (၂၆)ရက်တစ်ညလုံး လုံလောက်တဲ့ဆေးကုသမှုမရရှိဘူးလို့ ကျောင်းသားများကယူဆထားပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းကျောင်းသားများအစည်းအဖွဲ့အစည်းရဲ့အမြင်နဲ့သဘောထားကို ဖေဖော်ဝါရီလ (၁)ရက်နေ့တွင်ထုတ်ပြန်ပြီး (၅)ရက်အတွင်း ဆေးရုံးတာဝန်ခံနဲ့ ဆရာဝန်၊ သူနာပြုဆရာမများအရေးယူပေးဖို့တောင်းဆိုထားပါတယ်။

ဆန္ဒပြသူများ ကိုင်ဆောင်မယ့် ဆိုင်းဘုတ်အချို့ကတော့ အရေးပေါ်အသက်ကယ်ဘတ်ဂျက်လုံလောက်စွာထားရှိရန်၊ မြန်မာနိုင်ငံ၏ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏ အနည်းဆုံး (၁၀ရာခိုင်နှုန်း) အထိတိုးမြှင့်သတ်မှတ်ပေးရန်၊ တာဝန်ခံအာမခံမည့်သူမရှိဟူ၍ လစ်လျှူရှုခံလူနာများပပျောက်ရေး၊ အကျင့်ပျက်ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးရန် စသည်တို့ဖြစ်ပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ရွိ တကၠသိုလ္ေက်ာင္းသားမ်ားက ျပည္သူ႔ေဆးရံုတာဝန္ရွိပုဂၢိဳလ္ေတြကို မနက္ျဖန္ ဆႏၵျပမယ္

ကေလးျပည္သူ႔ေဆးရံု ဝန္ထမ္းမ်ားအား က်န္းမာေရးဝန္ၾကီးဌာနမွ စံုစမ္းစစ္ေဆးၿပီးထိေရာက္စြာအေရးယူေပးဖို႔ ကေလးတကၠသိုလ္ေက်ာင္းသားမ်ား (၁၅)ဖြဲ႔က မနက္ျဖန္ နံနက္ (၁၀)နာရီကစၿပီး ဆႏၵျပေတာင္းဆိုသြားမယ္လို႔သတင္းရရွိပါတယ္။

ယင္းဆႏၵျပပြဲတြင္ လူအင္အား သံုးေထာင္ခန္႔ပါဝင္ဖို႔စာတင္ထားၿပီး ကေလးၿမိဳ႕ ဆိပ္ကမ္းသာလမ္းမွစတင္ခ်ီတက္မွာျဖစ္ၿပီး ျပည္သူ႔ေဆးရံုေရွ႕ ဘုရင့္ေနာင္လမ္း၊ ဗိုလ္ခ်ဳပ္လမ္းေတြမွာ လမ္းေလွ်ာက္ဆႏၵျပၾကမွာျဖစ္ပါတယ္။

ဇန္နဝါရီလ (၂၇)ရက္ေန႔တြင္ ကေလးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ နည္းပညာတကၠသိုလ္ေက်ာင္းသား ဇိုမီးေက်ာင္းသားေခါင္းေဆာင္ေဟာင္းတစ္ဦးဟာ ဆိုင္ကယ္မေတာ္တဆျဖစ္မႈေၾကာင့္ ေသဆံုးသြားခဲ့ပါတယ္။ ယင္းေက်ာင္းသား လူနာဟာ (၂၆)ရက္တစ္ညလံုး လံုေလာက္တဲ့ေဆးကုသမႈမရရွိဘူးလို႔ ေက်ာင္းသားမ်ားကယူဆထားပါတယ္။ ယင္းကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းေက်ာင္းသားမ်ားအစည္းအဖြဲ႔အစည္းရဲ႕အျမင္နဲ႔သေဘာထားကို ေဖေဖာ္ဝါရီလ (၁)ရက္ေန႔တြင္ထုတ္ျပန္ၿပီး (၅)ရက္အတြင္း ေဆးရံုးတာဝန္ခံနဲ႔ ဆရာဝန္၊ သူနာျပဳဆရာမမ်ားအေရးယူေပးဖို႔ေတာင္းဆိုထားပါတယ္။

ဆႏၵျပသူမ်ား ကိုင္ေဆာင္မယ့္ ဆိုင္းဘုတ္အခ်ဳိ႕ကေတာ့ အေရးေပၚအသက္ကယ္ဘတ္ဂ်က္လံုေလာက္စြာထားရွိရန္၊ ျမန္မာႏိုင္ငံ၏က်န္းမာေရးဘတ္ဂ်က္ကို ႏိုင္ငံေတာ္အစိုးရ အေထြေထြအသံုးစရိတ္၏ အနည္းဆံုး (၁၀ရာခုိင္ႏႈန္း) အထိတိုးျမွင့္သတ္မွတ္ေပးရန္၊ တာဝန္ခံအာမခံမည့္သူမရွိဟူ၍ လစ္လွ်ဴရႈခံလူနာမ်ားပေပ်ာက္ေရး၊ အက်င့္ပ်က္က်န္းမာေရးဝန္ထမ္းမ်ားအား က်န္းမာေရးဝန္ၾကီးဌာနမွ စံုစမ္းစစ္ေဆးၿပီး ထိထိေရာက္ေရာက္အေရးယူေဆာင္ရြက္ေပးရန္ စသည္တို႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်