ကလေးမြို့၊ဒကစ အနီးတဝိုက်တွင် ကတုတ်ကျင်းနဲ့ သံချပ်ကာများချကာ လုံခြုံရေးတင်းကြပ်

စက်တင်ဘာ ၂၁၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊အောင်သစ္စာရပ်ကွက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ရုံးအနီးတဝိုက်တွင် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများထံကသိရသည်။ စစ်ကောင်စီတပ်သည် ကလေးတောင်ပိုင်း၊ သာစည်ရွာတိုက်ပွဲအပြီး စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ အောင်သစ္စာ ဖူဆယ်ဘောလုံးကွင်းနားမှ ဒကစအထိ ပတ်ပတ်လည်ကို ကတုတ်ကျင်းတူးမြောင်းများတူးထားပြီး သံချပ်ကာ ကားများချထားကာ လုံခြုံရေးကိုတင်းကြပ်လာခြင်းဖြစ်သည်ဟုနီးစပ်ရာများက ပြောသည်။

“PDF ကလာတိုက်မှာကြောက်လို့ ကတုတ်ကျင်းတွေရော၊ ဘန်ကာတွေရော၊ သံချပ်ကာကားတွေရောလုံခြုံရေးကတော်တော်တင်းကြပ်ထားတယ်။ ကတုတ်ကျင်းဆိုရင် ပတ်ပတ်လည်ကို အရှည်တစ်မိုင်ကျော်လောက်ရှိမယ်ထင်တယ်။ ဒကစနဲ့သိပ်မနီးတဲ့ ဘုံတောလမ်းဖက်ထိကို ကတုတ်ကျင်းတူးထားတာ” ဟု အောင်သစ္စာရပ်ကွက်နေသူတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်၏ လုံခြုံရေးတင်းကြပ်လာမှုကြောင့် အနီးနားတွင်နေထိုင်သူ အရပ်သား ပြည်သူများ မနေဝံ့တော့ဘဲ ထွက်ပြေးတိမ်းရှောင် နေကြပြီး ယခုချိန်ထိ စစ်ကောင်စီက ကတုတ်ကျင်းများတူးနေဆဲဖြစ်ကာ အရပ်သားများလည်းထွက်ပြေးတိမ်းရှောင်နေကြဆဲဟု သိရသည်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်