မေ ၂၆၊ ၂၀၂၆
Zalen

ကလေးမြို့တွင်းမှာရှိတဲ့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ အဓိကအားထားနေရတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေရဲ့ လက်မှတ်ဈေးနှုန်းတွေဟာ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ရင် ပြန်ကျလာတယ်လို့ ကလေးမြို့မှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ကာလတွေတုန်းက ခရီးသည်တင် လေယာဉ်လက်မှတ်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပေမဲ့ လက်ရှိ မေလနောက်ဆုံးပတ်အတွင်းမှာတော့ ကလေး-ရန်ကုန်၊ ကလေး-မန္တလေး နဲ့ ကလေး-မုံရွာ ခရီးစဉ်လမ်းကြောင်းတွေမှာ လေကြောင်းလိုင်းအလိုက် ဈေးနှုန်းတွေ သိသိသာသာ ပြန်ကျလာတာ ဖြစ်ပါတယ်။
အဓိကလူစီးအများဆုံးဖြစ်တဲ့ ရန်ကုန်-ကလေးလမ်းကြောင်းမှာ အရင်ကထက် ဈေးနှုန်းလျော့နည်းသွားပြီး ကလေးကနေ ရန်ကုန်ကို MNA အနေနဲ့ ၆၉၁,၅၀၀ ကျပ်၊ MAI အနေနဲ့ လက်မှတ် Class ပေါ်မူတည်ပြီး ၇၀၂,၀၀၀ ကျပ်ကနေ ၇၂၁,၅၀၀ ကျပ်ဝန်းကျင်ပဲ ရှိပါတော့တယ်။
အလားတူ ရန်ကုန်ကနေ ကလေးကို အပြန်ခရီးစဉ်မှာလည်း လေကြောင်းလိုင်းအလိုက် ၆၆၃,၅၀၀ ကျပ်ကနေ ၇၃၂,၀၀၀ ကျပ်အထိပဲ ကျသင့်ပါတော့မယ်။
မန္တလေးခရီးစဉ်တွေအတွက်လည်း ဈေးနှုန်းတွေ ပြန်သက်သာလာလို့ ကလေးကနေ မန္တလေးကို ၅၂၃,၅၀၀ ကျပ်ကနေ ၅ backcountry၃,၀၀၀ ကျပ်အတွင်းပဲ ရှိပြီး၊ မန္တလေးကနေ ကလေးကို အပြန်ခရီးစဉ်မှာတော့ လေကြောင်းလိုင်းနဲ့ အတန်းအစားအလိုက် အနိမ့်ဆုံး ၄၉၃,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၅၅၅,၀၀၀ ကျပ်အထိပဲ ရှိတော့တယ်လို့ သိရပါတယ်။
ကလေး-မုံရွာ လမ်းကြောင်းအတွက်ကတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က သွားပြန်ခရီးစဉ် နှစ်ခုစလုံးကို တပြေးညီ ၃၆၉,၀၀၀ ကျပ်နဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေပါတယ်။
“အရင်ကထက်စာရင်တော့ အခုဈေးနှုန်းတွေက ပြန်ကျလာတယ်လို့ ပြောလို့ရပါတယ်။ ခရီးသွားမယ့်သူတွေအနေနဲ့ မိမိတို့သွားမယ့်ရက်ကို ကြိုတင်ပြီး လက်မှတ်ဖြတ်ထားနိုင်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ” လို့ ကလေးမြို့မှာရှိတဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာ ဝယ်ယူတဲ့အချိန်ကာလနဲ့ လေကြောင်းလိုင်း အပေါ်မူတည်ပြီး အနည်းငယ်အပြောင်းအလဲ ရှိနိုင်ပေမဲ့ အခုရက်ပိုင်းအတွင်း ဈေးနှုန်းတွေ ပြန်တည်ငြိမ် ကျဆင်းလာတာကြောင့် ခရီးသွားပြည်သူတွေအတွက် အဆင်ပြေမှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။
Helen











