ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသားနှစ်ဦးရေနစ်ပြီး တစ်ဦးသေဆုံး

၂၀၁၉၊ နိုဝင်ဘာလ (၂)
ကလေးမြို့ရှိ သူနာပြု နှင့် သားဖွားသင်တန်းကျောင်းတွင် တက်ရောက်နေတဲ့ ကျောင်းသား (၇)ဦးတို့ရေဆင်းချိုးရာမှ ပထမနှစ်ကျောင်းသား ကိုသန်းထိုက်အောင် (၁၉ နှစ်)ဟာ မြစ်သာမြစ်ထဲတွင် ရေနစ်သေဆုံးသွားတယ်လို့ ကလေးမြို့နယ် ရဲမှတ်တမ်းအရသိရပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းက ပထမနှစ်ကျောင်းသားတွေဖြစ်တဲ့ မောင်သန်းထိုက်အောင်၊ မောင်ဇော်မျိုးအောင်၊ မောင်ဟိန်း မင်းသူ၊ မောင်စိုင်းနောင်ထွန်း၊ မောင်ကမ်းမီ နဲ့ ဒုတိယနှစ်ကျောင်းသားဖြစ်တဲ့ တွောင်ခန့်တွောင် နဲ့ မောင်ထွန်းအောင်တို့ခုနစ်ဦးသည် အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီခန့်တွင် ဖောင်ကူး နဲ့ မြစ်သာမြစ်ဆုံတွင် ရေဆင်းကူးကြရာ မောင်ထွန်းအောင် နဲ့ မောင်သန်းထိုက်အောင်တို့ ရေနစ်သွားပါတယ်။ ၎င်းတို့ကို မောင်ဟိန်းမင်းသူက ဆယ်ယူရာ မောင်ထွန်းအောင်တစ်ဦးကိုသာကယ်တင်နိုင်ပြီး မောင်သန်းထိုက်အောင်မှာ ရေထဲမျောပါသွားပါတယ်။

ကေလးၿမိဳ႕ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းအားေတြ႔ရစဥ္

ယင်းနေ့ညနေပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ တာဝန်ရှိသူများနဲ့ ရေငုပ်ကျွမ်းကျင်သူများကရှာဖွေပေမယ့်မတွေ့ရှိကြပါ။ ဒါကြောင့် နိုဝင်ဘာ (၁)ရက်မနက်ပိုင်းတွင်ဆက်လက်ရှာဖွေရာ မနက် ၉ နာရီခန့်တွင် မောင်သန်းထိုက်ရဲ့အလောင်းကို အခင်းဖြစ်ပွားရာနဲ့ ၁၅ ပေခန့်အကွာ မြစ်ကြမ်းပြင်တွင် တွေ့ရှိကြပါတယ်။ သေဆုံးသူမောင်သန်းထိုက်အောင်ဟာ ရေဦးမြို့နယ် ဖရုံကုန်းကျေးရွာသားဖြစ်ပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းသားႏွစ္ဦးေရနစ္ၿပီး တစ္ဦးေသဆုံး

Photo: Kalay Iprd

၂၀၁၉၊ ႏိုဝင္ဘာလ (၂)
ကေလးၿမိဳ႕ရွိ သူနာျပဳ ႏွင့္ သားဖြားသင္တန္းေက်ာင္းတြင္ တက္ေရာက္ေနတဲ့ ေက်ာင္းသား (၇)ဦးတို႔ေရဆင္းခ်ိဳးရာမွ ပထမႏွစ္ေက်ာင္းသား ကိုသန္းထိုက္ေအာင္ (၁၉ ႏွစ္)ဟာ ျမစ္သာျမစ္ထဲတြင္ ေရနစ္ေသဆုံးသြားတယ္လို႔ ကေလးၿမိဳ႕နယ္ ရဲမွတ္တမ္းအရသိရပါတယ္။

ျဖစ္စဥ္မွာ ကေလးၿမိဳ႕၊ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းက ပထမႏွစ္ေက်ာင္းသားေတြျဖစ္တဲ့ ေမာင္သန္းထိုက္ေအာင္၊ ေမာင္ေဇာ္မ်ိဳးေအာင္၊ ေမာင္ဟိန္း မင္းသူ၊ ေမာင္စိုင္းေနာင္ထြန္း၊ ေမာင္ကမ္းမီ နဲ႔ ဒုတိယႏွစ္ေက်ာင္းသားျဖစ္တဲ့ ေတြာင္ခန႔္ေတြာင္ နဲ႔ ေမာင္ထြန္းေအာင္တို႔ခုနစ္ဦးသည္ ေအာက္တိုဘာ ၃၁ ရက္ ညေန ၅ နာရီခန႔္တြင္ ေဖာင္ကူး နဲ႔ ျမစ္သာျမစ္ဆုံတြင္ ေရဆင္းကူးၾကရာ ေမာင္ထြန္းေအာင္ နဲ႔ ေမာင္သန္းထိုက္ေအာင္တို႔ ေရနစ္သြားပါတယ္။ ၎တို႔ကို ေမာင္ဟိန္းမင္းသူက ဆယ္ယူရာ ေမာင္ထြန္းေအာင္တစ္ဦးကိုသာကယ္တင္ႏိုင္ၿပီး ေမာင္သန္းထိုက္ေအာင္မွာ ေရထဲေမ်ာပါသြားပါတယ္။

ယင္းေန႔ညေနပိုင္းတြင္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနနဲ႔ တာဝန္ရွိသူမ်ားနဲ႔ ေရငုပ္ကြၽမ္းက်င္သူမ်ားကရွာေဖြေပမယ့္မေတြ႕ရွိၾကပါ။ ဒါေၾကာင့္ ႏိုဝင္ဘာ (၁)ရက္မနက္ပိုင္းတြင္ဆက္လက္ရွာေဖြရာ မနက္ ၉ နာရီခန႔္တြင္ ေမာင္သန္းထိုက္ရဲ႕အေလာင္းကို အခင္းျဖစ္ပြားရာနဲ႔ ၁၅ ေပခန႔္အကြာ ျမစ္ၾကမ္းျပင္တြင္ ေတြ႕ရွိၾကပါတယ္။ ေသဆုံးသူေမာင္သန္းထိုက္ေအာင္ဟာ ေရဦးၿမိဳ႕နယ္ ဖ႐ုံကုန္းေက်း႐ြာသားျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်