ကလေးမြို့ COVID-19 စောင့်ကြည့်လူနာရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်သို့ ယနေ့ပို့

စင်ကာပူနိုင်ငံမှ ပြန်လာတဲ့ ကလေးမြို့နယ် ပျဉ်းခုံလေးကျေးရွာသူ မိုင်… (၃၅ နှစ်) COVID-19 စောင့်ကြည့်လူနာရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ဒီကနေ့ လေယာဉ်နဲ့ ပို့ဆောင်သွားတယ်လို့ ကလေးမြို့နယ် စီခန့်ကော်မတီဥက္ကဌ ဦးညီညီထံမှသတင်းရရှိပါတယ်။

ဦးညီညီက ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် “စင်္ကာပူသို့ အိမ်အကူသွားလုပ်ပြီး ပြန်လာသည့် မ—–(၃၅)နှစ်သည် ဖျား၍ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင်စောင့်ကြည့်လူနာအဖြစ်ထားရှိပြီး ယခုအချိန်မှာ အဖျားမရှိတော့ဘဲ/ဗိုက်အနည်းငယ်နာ/နှာစေး/ချောင်းဆိုး/လည် ချောင်းနာ/အသက်ရှူကြပ်စသည့်လက္ခဏာများမရှိသော်လည်း သေချာစိတ်ချရန်အတွက် ဓါတ်ခွဲနမူနာအားအမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနရန်ကုန်သို့ လေကြောင်းလိုင်းဖြင့်ပို့ဆောင်နိုင်ရေးမြို့နယ်စီခန့်အဖွဲ့ဖြင့်လေကြောင်းတာဝန်ခံ/မစက/ကျန်းမာရေးအဖွဲ့တွေ့ဆုံပြီး ၂၂ ရက်နေ့ (ယနေ့)ညနေ မြန်မာ့လေကြောင်းဖြင့် DR (၁)ဦးလိုက်ပါပို့ဆောင်သွားမည်ဖြစ်ပြီး စစ်ဆေးချက်အဖြေရရှိပါက ထပ်မံအသိပေးသွားမယ်” လို့ရေးသားထားပါတယ်။

ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူ ဒေါက်တာ စိုးမိုးထွေးက “သူက သံသယလူနာမဟုတ်ဘူး။ စောင့်ကြည့်လူနာပဲဖြစ်တယ်။ စောင့်ကြည့်လူနာဆိုတာက ရောဂါ ဖြစ်တဲ့နိုင်ငံကနေပြန်လာပြီးဖျားလို့ ဆရာမတို့က စောင့်ကြည့်တာပေါ့။ ချောင်းဆိုးတာတွေ၊ အသက်ရှုလမ်းကြောင်းလက္ခာဏာတွေမတွေ့ဘူး။ သံသယဆိုတာ ချောင်းတွေဆိုးတာပါတယ်” လို့ပြောပါတယ်။

ပျဉ်းခုံလေးကျေးရွာနေ မိုင်… (၃၅ နှစ်)ဟာ မတ်လ (၁၇)ရက်တွင် စင်ကာပူနိုင်ငံမှပြန်လာပြီး မတ်လ (၁၈)ရက်တွင် ရန်ကုန်သို့ရောက်ရှိလာပါတယ်။ မတ်လ (၁၉)ရက်တွင် ချင်းတောင်တန်းခရီးသည်တင်ယာဉ်ဖြစ် ကလေးမြို့သို့ပြန်လာပြီး မတ်လ (၂၀)ရက် နံနက် ၁၀ နာရီတွင် ပျဉ်းခုံလေးရွာရှိ ၎င်းတို့နေအိမ်သို့ရောက်ရှိလာပါတယ်။ ယင်းနေ့ နေ့လည် (၂)နာရီခန့်တွင် နေမကောင်းဖြစ်လာသဖြင့် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဝယ်စလီဆေးရုံသို့သွားရောက်ပြသရာ ည (၉)နာရီတွင် ဝယ်စလီဆေးရုံမှ ကျန်းမာရေးအခြေအနေကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲအပ်ခဲ့ပါတယ်။ ယခုအခါ ပြည်သူ့ဆေးရုံက COVID-19 သံသယလူနာအဖြစ် စောင့်ကြည့်ပြီး လူနာရှင်ရဲ့ မိသားစု (၇)ဦးကိုလည်း နေအိမ်မှဝင်ထွက်မှုမရှိစေရန် (Home Quarantine) ပြုလုပ်ထားပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ COVID-19 ေစာင့္ၾကည့္လူနာရဲ႕ ဓာတ္ခြဲနမူနာကို ရန္ကုန္သို႔ ယေန႔ပို႔

စင္ကာပူႏိုင္ငံမွ ျပန္လာတဲ့ ကေလးၿမိဳ႕နယ္ ပ်ဥ္းခံုေလးေက်းရြာသူ မိုင္… (၃၅ ႏွစ္) COVID-19 ေစာင့္ၾကည့္လူနာရဲ႕ ဓာတ္ခြဲနမူနာကို ရန္ကုန္ၿမိဳ႕ရွိ အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနကို ဒီကေန႔ ေလယာဥ္နဲ႔ ပို႔ေဆာင္သြားတယ္လို႔ ကေလးၿမိဳ႕နယ္ စီခန္႔ေကာ္မတီဥကၠဌ ဦးညီညီထံမွသတင္းရရွိပါတယ္။

ဦးညီညီက ၄င္းလူမႈကြန္ရက္စာမ်က္ႏွာတြင္ “စကၤာပူသို႔ အိမ္အကူသြားလုပ္ၿပီး ျပန္လာသည္႔ မ—–(၃၅)ႏွစ္သည္ ဖ်ား၍ျပည္သူ႔ေဆး႐ုံ သီးသန္႔ေဆာင္တြင္ေစာင့္ၾကည့္လူနာအျဖစ္ထားရွိၿပီး ယခုအခ်ိန္မွာ အဖ်ားမရွိေတာ့ဘဲ/ဗိုက္အနည္းငယ္နာ/ႏွာေစး/ေခ်ာင္းဆိုး/လည္ ေခ်ာင္းနာ/အသက္ရႉၾကပ္စသည့္လကၡဏာမ်ားမရွိေသာ္လည္း ေသခ်ာစိတ္ခ်ရန္အတြက္ ဓါတ္ခြဲနမူနာအားအမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာနရန္ကုန္သို႔ ေလေၾကာင္းလိုင္းျဖင့္ပို႔ေဆာင္ႏိုင္ေရးၿမိဳ႕နယ္စီခန္႔အဖြဲ႕ျဖင့္ေလေၾကာင္းတာဝန္ခံ/မစက/က်န္းမာေရးအဖြဲ႕ေတြ႕ဆုံၿပီး ၂၂ ရက္ေန႔ (ယေန႔)ညေန ျမန္မာ့ေလေၾကာင္းျဖင့္ DR (၁)ဦးလိုက္ပါပို႔ေဆာင္သြားမည္ျဖစ္ၿပီး စစ္ေဆးခ်က္အေျဖရရွိပါက ထပ္မံအသိေပးသြားမယ္” လို႔ေရးသားထားပါတယ္။

ကေလးခရိုင္ ျပည္သူ႔က်န္းမာေရးဌာနက တာဝန္ရွိသူ ေဒါက္တာ စိုးမိုးေထြးက “သူက သံသယလူနာမဟုတ္ဘူး။ ေစာင့္ၾကည့္လူနာပဲျဖစ္တယ္။ ေစာင့္ၾကည့္လူနာဆိုတာက ေရာဂါ ျဖစ္တဲ့ႏိုင္ငံကေနျပန္လာၿပီးဖ်ားလို႔ ဆရာမတို႔က ေစာင့္ၾကည့္တာေပါ့။ ေခ်ာင္းဆိုးတာေတြ၊ အသက္ရႈလမ္းေၾကာင္းလကၡာဏာေတြမေတြ႔ဘူး။ သံသယဆိုတာ ေခ်ာင္းေတြဆိုးတာပါတယ္” လို႔ေျပာပါတယ္။

ပ်ဥ္းခုံေလးေက်း႐ြာေန မိုင္… (၃၅ ႏွစ္)ဟာ မတ္လ (၁၇)ရက္တြင္ စင္ကာပူႏိုင္ငံမွျပန္လာၿပီး မတ္လ (၁၈)ရက္တြင္ ရန္ကုန္သို႔ေရာက္ရွိလာပါတယ္။ မတ္လ (၁၉)ရက္တြင္ ခ်င္းေတာင္တန္းခရီးသည္တင္ယာဥ္ျဖစ္ ကေလးၿမိဳ႕သို႔ျပန္လာၿပီး မတ္လ (၂၀)ရက္ နံနက္ ၁၀ နာရီတြင္ ပ်ဥ္းခုံေလး႐ြာရွိ ၎တို႔ေနအိမ္သို႔ေရာက္ရွိလာပါတယ္။ ယင္းေန႔ ေန႔လည္ (၂)နာရီခန႔္တြင္ ေနမေကာင္းျဖစ္လာသျဖင့္ ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္ရွိ ဝယ္စလီေဆး႐ုံသို႔သြားေရာက္ျပသရာ ည (၉)နာရီတြင္ ဝယ္စလီေဆး႐ုံမွ က်န္းမာေရးအေျခအေနေၾကာင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ လႊဲအပ္ခဲ့ပါတယ္။ ယခုအခါ ျပည္သူ႔ေဆး႐ုံက COVID-19 သံသယလူနာအျဖစ္ ေစာင့္ၾကည့္ၿပီး လူနာရွင္ရဲ႕ မိသားစု (၇)ဦးကိုလည္း ေနအိမ္မွဝင္ထြက္မႈမရွိေစရန္ (Home Quarantine) ျပဳလုပ္ထားပါတယ္။

နောက်ဆုံးရသတင်းများ

ပြည်သူ၊ အခွန်နဲ့ တော်လှန်ရေး

Khaisa ရေးသည်။ ဘာကြောင့် တော်လှန်ရေးလုပ်သလဲဆိုတဲ့ မေးခွန်းအောက်မှာ အဓိကကျတဲ့ ဖြေရှင်းချက်တွေကတော့ ၁။ တိုင်းပြည်ထူထောင်ရေး ၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ၃။ အမျိုးသားအကျိုးစီးပွားတည်ဆောက်ရေး ၄။ ပင်ကိုယ်အမျိုးသားရေးစုစည်းရေး ၅။ ကိုယ့်ကံကြမ္မာကိုယ်ပိုင်ဖန်တီးရေး ၆။ အမျိုးသားရေး၊ နိုင်ငံရေးအရ ...

ဆက်ဖတ်ရန်