ကလေးမြောက်ပိုင်းကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်၊ ဒေသခံများ တိမ်းရှောင်နေရ

စက်တင်ဘာ ၁၁ရက်၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ကလေးမြောက်ပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ၁၁ရက် နေ့လည် ၁၂နာရီခန့်မှစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့်ကလေးမြောက်ပိုင်း ဒေသခံအများအပြားတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ စက်တင်ဘာ ၁၁ရက်နေ့ နေ့လည် ၁၂နာရီလောက်ကနေစပြီး လက်နက်ကြီးနဲ့ထုတာဗျ။ မိနစ်၂၀ကို တစ်ကြိမ်စီ ထုနေတာ။ ကလေးအမြောက်တပ်ကနေ ၅ချက်ထုတယ်။ ဆည်တော်ဦးဖက်ကနေလည်းထုတယ်။ ကလေးမြောက်ပိုင်း နန်းချောင်းရွာက ဒေသခံတွေတော်တော်များများတိမ်းရှောင် နေကြရပါတယ်။အထိခိုက်သတင်းတော့ မသိရသေးဘူး” ဟုကလေးမြောက်ပိုင်းနေထိုင်သူ အရပ်သားတစ်ဦးက ဆိုသည်။

ဆည်တော်ဦးရွာတွင် အထိုင်ချထားသော ပျူစောထီးတပ်မှ ပျူတပ်သားတစ်ဦး ချောင်းရေချိုးချိန် ရေနစ်သွားသောကြောင့် အလောင်းရှာရန်အတွက် ပျူစောထီးတပ်မှ နန်းချောင်းနှင့်အောင်မြေသာတဝိုက်ကို လက်နက်ကြီးထုကာ ရှင်းလင်းရေးလုပ်ခြင်း ဖြစ်နိုင်ပြီး လူနာတင်ယာဥ်တစ်စီးလည်း ထိုရွာဖက်သို့ သွားသည်ကို တွေ့ခဲ့ရကြောင်းလည်း ကလေးမြောက်ပိုင်း နန်းချောင်းကျေးရွာသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

Zalen ad

စစ်ကောင်စီတပ်နှင့် ၄င်းတို့လက်ဝေခံပျူစောထီးတပ်များသည် ကလေးမြောက်ပိုင်းနှင့်တောင်ပိုင်းကို လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်လေ့ရှိကာ လက်နက်ကြီးထိမှန်မှုကြောင့် ရပ်သားပြည်သူများစွာအသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်ပစ္စည်းများစွာ ပျက်ဆီးခဲ့ရပြီးပြီဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောပါသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်