ကလေး-သိုင်းငင်းကားလမ်းပြန်ဖွင့်ပြီ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသူများပြန်လွတ်

ဧပြီလ ၁၈ ရက်မနက်ပိုင်းတွင် စစ်ကောင်စီကား ၄ စီး ကလေးမြို့ကနေ တီးတိန်မြို့နယ်ဘက်သို့တက်သွားတဲ့ကားများ မနေ့ဧပြီ ၂၅ ရက်တွင်ကလေးမြို့သို့ပြန် ဝင်လာတာကြောင့် ယနေ့ဧပြီ ၂၆ ရက်ကစပြီး ကလေး-သိုင်းငင်းကားလမ်းပြန်သုံးလို့ရပြီလို့ CDF CDM SIYIN ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကားများကို ဧပြီ ၁၉ ရက်တွင် သိုင်းငင်းရွာနဲ့ ကနေဒီတောင်ကြားတွင် CDF CDM SIYIN က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၃ နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြပါတယ်။ စစ်ကောင်စီကားများ ကနေဒီတောင်ကနေ သိုင်းငင်းရွာဘက်ပြန်လှည့်လာကြပါတယ်။

ဧပြီ ၂၂ ရက်မနက် ၈ နာရီဝန်းကျင်တွင် သိုင်းငင်းရွာမှ ကလေးမြို့သို့ပြန်လှည့်လာတဲ့ စစ်ကောင်စီများကို CDF CDM SIYIN ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ပြီး ၂ နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြတယ်။

ဧပြီ ၂၃ ရက်တွင် ကလေးမြို့ကနေ စစ်ကြောင်း နှစ်ကြောင့် တောလမ်းကနေခြေလျင်ဖြင့် စီးယင်းနယ်မြေထဲတပ်ကူတက်လာကြပါတယ်။

ဧပြီ ၂၄ ရက် မနက် ၇ နာရီတွင် စစ်ကောင်စီယာဉ်များကို CDF CDM SIYIN နဲ့ PDF-Zoland တို့က မိုင်းဆွဲတိုက်ခိုက်ပြီး တစ်နာရီကျော်အပြန်အလှန်ပစ်ခတ်ကြပြီး ကလေးမြို့ကနေ အကြိမ် ၂၀ မက ၁၂၀ မမ လက်နက်ကြီးဖြင့်ပေးကြပါတယ်။ စစ်ကောင်စီတပ်က ကလေးမြို့ကနေတက်လာတဲ့ ခရီးသည်ယာဉ်များကိုတားဆီးကာ ခရီးသွားပြည်သူများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ဧပြီ ၂၅ ရက်တွင် တောလမ်းကနေခြေလျင်ဖြင့်တက်လာတဲ့ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကြပါတယ်။ ခရီးသွားပြည်သူများ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်တာကြောင့် ဒေသကာကွယ်ရေးတပ်ကပြန်လည်တိုက်ခိုက်ခြင်း မပြုတော့ပါ။

လူသားဒိုင်းအဖြင့် စစ်ကောင်စီများဖမ်းဆီးခေါ်ဆောင်ထားတဲ့ ခရီးသွားပြည်သူများ မနေ့ ဧပြီ ၂၅ ရက်တွင် ကလေးတက္ကသိုလ်တွင် ညအိပ်ခိုင်းပြီး ဒီနေ့မနက်ပိုင်းတွင် ၎င်းတို့ကိုပြန်လွတ်ကြပါတယ်လို့သိရတယ်။ ဖမ်းဆီးခံရစဉ် ခရီးသွားပြည်သူများရဲ့ ဖုန်းများလည်း စစ်ကောင်စီတပ်သားများက သိမ်းဆည်းထားကြကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်