ကလေး TU ကျောင်း မှာ ကိုးရီးယာ ဘာသာစကား နဲ့ တိုက်ကွန်ဒို အခမဲ့ သင်ကြားမယ်

ကလေး နည်းပညာတက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၇ ကနေ မတ်လ ၇ အထိ ကိုးရီးယာ ဘာသာစကား နဲ့ တိုက်ကွန်ဒို သင်တန်း အခမဲ့ သင်ကြားပေးမယ်လို့ သိရပါတယ်။

ယင်းသင်တန်းက ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား နဲ့ staff သီးသန့် အတွက် ဖြစ်ကြောင်း သိရပါတယ်။

ကိုးရီးယာ ဘာသာစကား ကို တနင်္လာနေ့မှ သောကြာနေ့ အထိ မနက် ၇ နာရီ ကနေ ၈ နာရီ အထိ တစ်နာရီ အကြာ၊ တိုက်ကွန်ဒို သင်တန်း ကို တနင်္လာနေ့ ကနေ သောကြာနေ့အထိ ညနေ ၄ နာရီ ကနေ ၅ နာရီ အထိ တစ်နာရီ အကြာ သင်ကြားမှာဖြစ်ပါတယ်။ တိုက်ကွန်ဒို suit အတွက် တစ်ယောက်လျှင် ကျပ် ၂၀၀၀၀ ပေးသွင်းရမယ်။

ယင်းသင်တန်းကိုတက်ရောက်လိုပါက ဒေါက်တာ မြင့်မြင့်ခိုင်, ဖုန်းနံပါတ် ၀၉၇၉၇၇၈၀၂၃၂ ထံ နာမည် စာရင်း သွင်းနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်