ကလေးလေဆိပ်အဆောက်အအုံကို တိုးချဲ့ပြင်ဆင်မယ်

ကလေးမြို့ လေဆိပ်အဆောက်အအုံကို ၂၀၁၉ခုနှစ်မှ ၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း(၇၀၀)နဲ့တိုးချဲ့ပြင်ဆင်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကဆိုပါတယ်။

သြဂုတ်လ(၃)ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဖလမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းရဲ့ ကလေးလေဆိပ်အဆောက်အအုံနှင့်လေဆိပ်ရဲ့ ပရဝဏ်အား အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို အခုလိုဖြေကြားတာဖြစ်တယ်။

ကလေးလေဆိပ် တိုးချဲ့ပြုပြင်မယ့် အဆောက်အအုံပုံစံ

ဒုတိယဝန်ကြီး ဦးကျော်မျိုးက “ကလေးလေဆိပ်အဆောက်အအုံကို တိုးချဲ့ပြုြင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ရာမှာ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ အဆောက်အအုံသို့ ကားအဝင်အထွက်လမ်းတွေပြုပြင်ခြင်း၊ လေအေးပေးစက်အသစ်တွေတပ်ဆင်ခြင်းတွေ ဆောင်ရွက်သွားမယ်”လို့ပြောပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး

လက်ရှိ ကလေး လေဆိပ်အဆောက်အအုံဟာ ပေ ၁၂၀x၆၀ ကျယ်ဝန်းပြီး ၂၀၁၉မှ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပေ ၁၂၀x၁၀၀ အကျယ်အဝန်းသို့တိုးချဲ့ပြင်ဆင်သွားမှာဖြစ်ပါတယ်။ လေဆိပ်အဆောက်အအုံ တိုးချဲ့ပြုပြင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တါင် ကျပ်သန်း(၄၀၀)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ်သန်း(၃၀၀)လျာထားကြောင်း၊ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးမယ်လို့ ဒုတိယဝန်ကြီး ဦးကျော်မျိုးကပြောပါတယ်။

ဖလမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း

ကလေးလေဆိပ်ဟာ ၁၉၄၅ ခုနှစ်မှာ စတင်တည်ဆောက်ထားတာဖြစ်ပြီး လက်ရှိ လေယာဉ်ပြေးလမ်း အရှည်ပေ ၇၀၀၀၊ အကျယ် ၁၀၀ ရှိပါတယ်။ ကလေးလေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-ကလေး-မန္တလေး-ကလေး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ် လေးရက်နဲ့ Air KBZ လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ကလေး-မန္တလေး-ရန်ကုန်ခရီးစဉ်ကို တစ်ပတ် ခြောက်ရက်ပျံသန်လျက်ရှိပါတယ်။ ကလေးလေဆိပ်သို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၄၉၅၂၅ ဦး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅၃၀၄၀ ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခရီးသည် ၆၀၉၆၄ ဦးဝင်ထ်က်အသုံးပြုခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်