ကလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ရာ တရားခံတစ်ဦး သေဆုံး

ကလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ရာ တရားခံတစ်ဦး သေဆုံး

ကလေးမြို့နယ် မော်လိုက်ကလေးကျေးရွာဟောင်းနေ မိုးကျော် (၃၃ နှစ်)နေအိမ်ကို မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် ၎င်းကဓားနဲ့ပြန်လည်ခုခံသဖြင့် မူးယစ်ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်တာကြောင့် မိုးကျော်သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ သတင်းအရ အမှတ် (၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကလေး)မှ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုးကျော် (၃၃ နှစ်) နေအိမ်အား ဇွန်လ (၁၂)ရက် မွန်းလွဲ ၂ နာရီကျော်တွင် ဝင်ရောက်ရှာဖွေစဉ် မိုးကျော်မ အရှည် ၂ပေခန့်ဓားနဲ့ လိုက်လံခုတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရာ မိုးကျော်တွင် ယာပါးမှ ဝဲနားနောက် ကျည်ဝင်၊ထွက် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပါတယ်။ မိုးကျော်ကို ကလေးပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဉ် ဆေးရုံ၌သေဆုံးသွားပါတယ်။ မိုးကျော်လွယထားတဲ့ လွယ်အိတ်ထဲတွင် ဘိန်းဖြူ ၅ ဂရမ် (၁ ဂရမ်လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ကျပ် ၅ သိန်းဖိုးခန့်)နဲ့ ဓား ၂ ချောင်းအားသိမ်းဆည်းကြပါတယ်။

မိုးကျော်ကို ကလေးမြို့မရဲစခန်းမယ(ပ)၈၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်