ကလေးမြို့တွင် ၁၇ နှစ်အရွယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သူ လူငယ် (၅)ဦးကိုဖမ်းဆီးအမှုဖွင့်

ကလေးမြို့တွင် ၁၇ နှစ်အရွယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သူ လူငယ် (၅)ဦးကိုဖမ်းဆီးအမှုဖွင့်

ကလေးမြို့နယ် ဆင်ရွာကျေးရွာမှာနေထိုင်တဲ့ မိုင်… (၁၇ နှစ်)ကို ကလေးမြို့နယ်မှာနေထိုင်တဲ့ လူငယ် (၅)ဦးက အဓမ္မကျူးလွန်မှုဖြင့် စက်တင်ဘာ (၁)ရက်နေ့တွင် ကလေးမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်တယ်လို့သတင်းရရှိပါတယ်။

အဓမ္မကျူးလွန်သူ တောင်ဖီလာရပ်ကွက်နေ ယောလ်ဟန်းမွေးဖူ (၂၉ နှစ်)၊ မြို့လှရပ်ကွက် တောင်သာရွာနေ နေထက်လင်း (၂၅ နှစ်)၊ မြို့လှရပ်ကွက် တောင်သာရွာနေ အငယ်လေး (ခ)အောင်ကျော်လင်း၊ တောင်ဇလပ်ရပ်ကွက်နေ ဘွဲ့နိုင်ထန်း (ခ)ထန်းလန်း တို့ကိုဖမ်းဆီးထားပြီး အမည်မသိချင်းအမျိုးသားတစ်ဦးမှာလွတ်မြောက်နေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီးလိုက်ပါဆောင်ရွက်သူ ကလေးမြို့အခြေစိုက် အထက်ချင်းတွင်းလူငယ်ကွန်ယက်မှာ ကိုကျော်သက်ဝင်းက “ကောင်မလေးက စွဲချက်တင်ထားတဲ့ လူလေးယောက်ကိုတော့ဖမ်းထားပြီ။ ကျန်တဲ့ကွင်းဆက်တရားခံတွေကျန်သေးတယ်။ ကွင်းဆက်တရားခံတွေက တော်တော်များများပါမယ်ထင်တယ်။ သူက အရင်တုန်းကလည်း (၂၀၁၇-၁၈) အသက်မပြည့်ခင်မှာ အတင်းအဓမ္မခြိမ်းခြောက်ပြီးတော့ ကာမဆက်ဆံခံရတဲ့ပြဿနာတွေရှိတယ်။ ဒါပေမယ့် သူကအဲ့လိုတိုင်ရမယ်ဆိုတာမသိဘူး။ သူ့ကို ဆေးတွေဘာတွေတိုက်ထားတယ်ဆိုတော့ ကလေးမလေးက တော်တော်လေးစိတ်ဒဏ်ရာရတယ်။ အရင်က ကာမစိတ်ကြွဆေးတို့၊ မူးယစ်ဆေးဝါးတို့တိုက်တာခံရတယ်။ ကွင်းဆက်တရားခံက ဒီလေးယောက်ထဲမဖြစ်နိုင်ဘူး။ အမျိုးမျိုးပါလာအုံးမယ်။ အရင်တုန်းကဖြစ်တာလဲ ကလေးမြို့က တိုင်းရင်းသားလူငယ်တွေပဲ။ တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေကလူတွေ။ သူတို့က ချစ်ကြိုက်တယ်ဆိုပြီး အလိုမတူပဲ ကာမလိမ်လည်ယူမှုတွေရှိတယ်လို့သူထွက်ဆိုထားတယ်။ လက်ရှိအခြေအနေမှာ ကလေးမလေးက စိတ်ဒဏ်ရာတော်တော်ရနေတယ်။ အခု ၁၀ ရက်နေ့ကလည်း ဆေးတိုက်ခံရတယ်။ ဆေးကိုခဏခဏတိုက်ပြီး ကာမဆက်ဆံတယ်။ နဂိုပုံမှန်ခြေအနေတော့မဖြစ်သေးဘူး။
အရင်တုန်းကလက်ရှိဖမ်းထားတဲ့ ကျမ်းစာကျောင်းက ဆရာနဲ့အရင်ဖြစ်တာ။ သူကဖြစ်ပြီးတော့ ချင်းထုံးတမ်းအရ ကြေအေးတယ်ပေါ့။ ပြေလည်ပြီးနောက်မှာလည်း ဒါတွေနင်ပြောရင် နင့်အဖေကိုသတ်မယ်။ ဒါတွေခဏခဏ ပြေလည်ပြီးမှ ကာမလိမ်လည်မှုတွေဖြစ်တယ်လို့ ကောင်မလေးက ရဲစခန်းမှာထွက်ဆိုထားတာရှိတယ်။ ဟုတ်ချင်းမဟုတ်ချင်းကတော့ တရားရုံးကဆုံးဖြတ်မယ်။ နောက်ပြီးတော့ သူနဲ့ဆက်စပ်တဲ့ သူ့ငယ်ချင်းတွေက အဲ့လိုပဲဆက်ဆံတယ်။ ဗာသဲဆိုလာ အဲ့ကောင်ကလည်း သူ့ကို တည်းခိုခန်းမှာ ခဏခဏခေါ်ပြီးဆက်ဆံတယ်။ လူမှုကွန်ယက်မှာလည်း ခြိမ်းခြောက်တာတွေလုပ်တယ်။ ကိုယ်လုံးတွေဓာတ်ပုံရိုက်ပြီးတော့မလာဘူးဆိုရင် လူမှုကွန်ယက်ပေါ်တင်မယ်ဆိုပြီး ကာမလိမ်လည်မှု ယူတယ်ပေါ့။ ဒါနဲ့ပက်သက်ပြီးတော့ ဆက်လက်ပြီးတရားစွဲဆိုမှုတွေလုပ်အုံးမယ်။ ကျနော်တို့သုံးသပ်တာက ဒါလိင်ကုန်ကူးတယ်။ ဘာလို့လဲဆိုရင် ကောင်မလေးက တချို့ဟာတွေဆို မသိဘူး။ သူပြောတာတော့ အဲ့ဆေးတိုက်ပြီးပြီဆိုရင် လိင်ဆက်ဆံချင်တာပဲသိတယ်လို့ထွက်ဆိုတယ်။ ဒီဆေးသောက်ပြီးရင် ဘာမှမသိဘူး။ ခေါ်တဲ့နောက်သူလိုက်ချင်တယ်။ ကျနော်ထင်တာက လူမှုကွန်ယက်ကနေ တစ်ယောက်နဲ့တစ်ယောက် ကောင်မလေးပုံပို့ပြီးတော့ ချိန်းဆိုပြီး ကာမလိမ်လည်ယူတာလာပေါ့။ အဲ့လိုမျိုးယူဆတယ်။ သူ့ရဲ့ ကာမလိမ်လည်မှုမှာပါဝင်တဲ့ ကွန်ယက်ကြီးအကုန်လုံးထိထိရောက်ရောက်အရေးယူဖို့ ဖော်ထုတ်ဖို့တောင်းဆိုရမှာပဲ။ ၂၀၁၇-၁၈ မှာ သူနဲ့ဆက်ဆံတာ နှစ်ယောက်၊ သုံးယောက်လောက်တော့ရှိမယ် သူထွက်ဆိုပုံအရဆိုရင်” လို့ပြောပါတယ်။

ဖြစ်စဉ်မှာ သြဂုတ် (၈)ရက်နေ့ မနက် (၈)နာရီတွင် နေအိမ်၌ မိုင်… ရှိနေစဉ် ၎င်းနဲ့ချစ်ကြိုက်နေတဲ့ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်နေ ဘွဲ့နိုင်ထန်းမှ ဖုန်းခေါ်၍ စကားပြောစရာရှိတယ်၊ စနေနေ့ ည(၈)နာရီတွေ့မယ်၊ ရွာထဲ ကုက္ကိုပင်အောက်စောင့်နေမယ်လို့ ဖုန်းဆက်ပြောသဖြင့် ၎င်းနေရာတွင်စောင့်ဆိုင်းနေစဉ် ည (၈)နာရီခန့်တွင် ဘွဲ့နိမ်ထန်းရဲ့ သူငယ်ချင်းဖြစ်သူ ယောလ်ဟန်မွေးဖူနဲ့ ဘွဲနိုင်ထန်း(ခ) ထန်းလန်းတို့ ဆိုင်ကယ်ဖြင့် ရွာထဲရှိ ကုက္ကိုပင်အောက်သို့ရောက်ရှိလာပါတယ်။ ယောလ်ဟန်မွေးဖူမှ ဘွဲ့နိမ်ထန်းထံလိုက်ပို့မည်ဟုပြောသဖြင့် တရားလိုမှ ၎င်းတို့ဆိုင်ကယ်ဖြင့် လိုက်သွားခဲ့ရာ ဆိုင်ကယ်ပေါ်တွင် ယောလ်ဟန်မွေးဖူမှ အချိုရည်တစ်ဗူးတိုက်ဖြင့် အချိုရည်ဗူးအားသောက်ပြီး ၎င်းတို့ဆိုင်ကယ်ဖြင့်လိုက်လာခဲ့ရာ ကျောက်တလုံးတံတားအကျော်တွင် ဆိုင်ကယ်အားရပ်ပြီး ယောလ်ဟန်မွေးဖူသည် ဆိုင်ကယ်ပေါ်မှဆင်းကာ မိုင်…. အားဓားဖြင့်ထိုးမည်ပြုစဉ် ဘွဲ့နိုင်ထန်း (ခ) ထန်းလန်းမှ “မသတ်နဲ့အုံး” ဟုပြောဆိုခဲ့ပါသည်။ ပြီးနောက် ကျောက်ဂူဘက်သို့ပြန်လှည့်လာပြီး ကျောက်ဂူနှင့်စက်မှုဇုံသွားလမ်းကြား လယ်ကွင်းအတွင်းတွင် မိုင်… အား၎င်းတို့ နှစ်ဦးမှ သားမယား တစ်ကြိမ်ပြုကျင့်ခဲ့ပါတယ်။
မိုင်…မှာ ထိုနေရာတွင် အိပ်ပျော်သွားပြီး ည (၁၂)နာရီအချိန်ခန့်တွင် အိပ်ပျော်ရာမှ နိုးစဉ် ၎င်းတို့ (၂)ဦးမှာထိုနေရာတွင် မရှိတော့သဖြင့် မိုင်….မှာ နေအိမ်သို့ခြေကျင်ပြန်လာခဲ့စဉ် စက်မှုဇုံလမ်းခွဲရှိ ဓာတ်ဆီဆိုင်အနီးအရောက်တွင် တောင်သာကျေးရွာနေ နေထက်လင်းနဲ့ အငယ်လေး(ခ)အောင်ကျော်လင်းတို့မှ မိုင်…ရဲ့နေအိမ်ကို လိုက်ပို့မယ်လို့ဆိုကာ ခါးမှပွေ့ချီပြီး ဆိုင်ကယ်ပေါ်တင်သဖြင့် အလယ်မှလိုက်ပါလာပါတယ်။ စက်မှုဇုံအနီးရှိတောင်ခြေအရောက်တွင် နေထက်လင်း နဲ့ အငယ်လေး (ခ)အောင်ကျော်လင်းတို့မှ သားမယားအဖြစ် တစ်ကြိမ်ထပ်မံပြုကျင့်ခံခဲ့ရပါတယ်။ အငယ်လေး(ခ)အောင်ကျော်လင်းမှာ ဆိုင်ကယ် တစ်စီးဖြင့် တစ်ဦးတည်းပြန်သွားပြီး နေထက်လင်းမှ မိုင်… အား မနက်မိုးမလင်းခင် ၎င်းအဒေါ်ဖြစ်သူ နေအိပ်သို့လိုက်ပို့ခဲ့ပါတယ်။ သြဂုတ်လ (၉)ရက်နေ့တွင် နေထက်လင်းရဲ့ အဒေါ်ဖြစ်သူနေအိမ်တွင် တနေကုန်နေခဲ့ပြီး ည (၉)နာရီအချန်တွင် ကျောက်ဂူသွားတဲ့လမ်းရှိ လူမနေတဲ့ နေအိမ်တစ်အိမ်တွင် နှစ်ယောက်အတူသွားအိပ်ခဲ့ရာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပါတယ်။ ထိုနေ့ မနက်မိုးမလင်းခင်တွင် နေထက်လင်းမှ ၎င်းအလုပ်လုပ်တဲ့ ရွှေနဂါးမြေသြဇာစက်ရုံရှေ့ရှိ ၎င်းနဲ့ ရင်းနှီးတဲ့ နေအိမ်သို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းနေအိမ်တွင် (၃)ညအိပ်ခဲ့ပြီး သားမယားအဖြစ် (၅)ကြိမ်ပြုကျင့်ခဲ့ပါတယ်။ ထို့နောက် နေထက်လင်းမှ ၎င်းရဲ့ သူငယ်ချင်းဖြစ်သူ အမည်မသိအမျိုးသား နေအိမ်သို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းနေအိမ်တွင် (၃)ညအိပ်ခဲ့ရာ သားမယားအဖြစ် (၃)ကြိမ်ပြုကျင့်ခံခဲ့ရပါတယ်။ ထို့နောက် မိုင်… မှာ ၎င်းနေအိမ်မှထွက်ပြေးရာ ယောလ်ဟန်မွေးဖူ နဲ့ ဘွဲ့နိုင်ထန်း (ခ) ထန်းလန်းရောက်ရှိလာပြီး တောင်ဖီလာတောင်ထပ်တွင် သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး တောင်ဖီလာတောင်ခြေတွင် မိုင်… အားတစ်ဦးတည်းထားခဲ့စဉ် အမည်မသိအမျိုးသားတစ်ဦးမှ ဆင်ရွာသို့လိုက်ပို့သဖြင့် နေအိမ်သို့ရောက်ရှိခဲ့ပါတယ်။ ထို့ကြောင့် မိုင်…က အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ကြသူ ယောလ်ဟန်မွေးဖူ၊ ဘွဲ့နိုင်ထန်း (ခ)ထန်းလန်း၊ နေထက်လင်း၊ အငယ်လေး (ခ)အောင်ကျော်လင်း နဲ့ အမည်မသိ အမျိုးသားတစ်ဦးတို့အား (ပ)၁၈၆၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့်တိုင်ကြားထားပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်