ကလေးမြို့နယ် မြောင်းစုံကျေးရွာမှာ ချောင်းရေလျှံလို့ လူနေအိမ် ၂၅ လုံးတွင်ရေဝင်

ကလေးမြို့နယ် မြောင်းစုံကျေးရွာမှာ ချောင်းရေလျှံလို့ လူနေအိမ် ၂၅ လုံးတွင်ရေဝင်

ကလေးမြို့နယ် အနောက်တောင်ဘက် မြောင်းစုံကျေးရွာထဲ စီးဆင်းနေတဲ့ ချောင်းရေလျှံလို့ လူနေအိမ် ၂၅ လုံးအတွင်း ရေဝင်သွားကြောင်းသတင်းရရှိပါတယ်။

မနေ့ည ၁၁ နာရီခန့်ကစပြီးမိုးများရွာသွန်းတာကြောင့် ဒီမနက် ၄ နာရီတွင် ချောင်းရေလျှံလာခြင်းဖြစ်ပါတယ်။

Zalen ad

မြောင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးရာလ်လျန်မန်က “ရွာရဲ့အရှေ့ဘက် ချောင်းရေလျှံတာပါ။ လူနေအိမ်တွေထဲရေဝင်တော့ ဒီမနက်ထမင်းလည်း သူများအိမ်မှာသွားချက်နေကြတယ်။ ရေများတာကြောင့် ချောင်းထဲက သစ်တံတားကိုလည်း စက်ကြီးပျက်လိုက်တယ်။ ဘာကြောင့်ရေလျှံတာလဲဆိုရင် ချောင်းထဲမှာ သဲတွေအနည်ထိုင်တာများတော့ ချောင်းက ပိုတိမ်းတာတယ်။ အစိုးရဆီမှာလည်း ချောင်းပြန်ဖော်ပေးဖို့တောင်းထားတယ်။ စာတော့မတင်ရသေးဘူး။ ရွာအရှေ့ဘက်က လယ်တွေလည်း ဘယ်လောက်ပျက်စီးသွားလဲမသိရသေးဘူး” လို့ပြောပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး မကြာခဏချောင်းရေလျှံလျက်ရှိပြီး ကျေးရွာလူထုတွေက ကိုယ်ထူကိုယ်ထူနဲ့ ချောင်းတံတားပြုပြင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်