ကျင်ဒွေးမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲ၊ မြို့သိမ်းပိုက်နိုင်ခြင်း မရှိသေး

၃၀၊ ဧပြီလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲပြီး မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)တာဝန်ရှိသူထံက သိရှိရပါတယ်။

ကျင်ဒွေးမြို့ ကိုမနေ့ ဧပြီလ ၂၉ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိထားပြီလို့ သတင်းထွက်ပေါ်နေပေမယ့် သိမ်းပိုက်နိင်ခြင်းမရှိသေးဘဲ ဒီနေ့မနက်ထိ တိုက်ပွဲပြင်းထန်နေဆဲလို့ သိရပါတယ်။

“ကျင်ဒွေးကို မသိမ်းပိုက်နိုင်သေးပါဘူး။ စစ်တပ်က အင်အားဖြည့်တာ၊ လေကြောင်းတိုက်ခိုက်တာ ရှိနေသေးပါတယ်။ ကျင်ဒွေးကို စစ်တပ်က ရဟတ်ယာဥ်နဲ့ ၆ ကြိမ်ချတယ်။ အင်အား ၅၀၀ ကျော်မယ်။”လို့ ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ကျင်ဒွေးမြို့ တိုက်ပွဲတွင်း လေကြောင်းကနေ ၆ ကြိမ်ခန့် တပ်အင်အား ၅၀၀ ကျော်ဖြည့်တင်းပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။

ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် အာရက္ခတပ်တော်(AA)ရဲ့ အကူညီနဲ့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာဖြစ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ မနေ့ညနေက တိုက်ပွဲတွင်း ကျင်ဒွေးရွာဟောင်းနဲ့ တောတောင်တွေမှာ စခန်းဆုတ်ခွာသွားပြီး မြို့ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့တွေ မရှိတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“ရွာဟောင်းဘက်မှာ စစ်တပ်ရှိတယ်။ အဲ့ဒီကို ပူးပေါင်းသွားတာနေမယ်။ အဲ့ဘက်မှာက စစ်ကူပို့တာတွေ လုပ်လို့ သူတို့အတွက် အဆင်ပြေဖို့ ဆုတ်သွားတာနေမယ်။ ကျင်ဒွေးမှာတော့ စစ်တပ်မရှိတော့ဘူး။”လို့ဆိုပါတယ်။

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင်း စစ်ကောင်စီက တပ်အင်အားဖြည့်တင်းပြီး လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ပေမယ့် နောက်မဆုတ်ဘဲ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ မြို့သိမ်းပိုက်ရတဲ့အထိ တိုက်ခိုက်သွားမယ့်လို့ ဆိုပါတယ်။

သတင်း – Jai Sakeu

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်