ခမ်းပတ်စခန်းကနေ ဆုတ်ခွာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်

စစ်ကိုင်တိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၃ ရက်နေ့တွင်ဝင်ရောက်တိုက်ခိုက်ပြီး နိုဝင်ဘာ ၇ ရက်တွင်သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ဟာ မြေအောက်လှိုင်ဂူလျှို့ဝှက်အပေါက်ကနေ နိုဝင်ဘာ ၆ ရက် နေ့တွင် တိတ်တဆိတ်ထွက်ခွာသွားတာဖြစ်တယ်။

တမူးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ခရိုင်မှလိုက်လံ စုံစမ်းပြီးနိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ခမ်းပါတ်မြို့မှ ၅ မိုင်ခန့်ကွာဝေးတဲ့ ကံမကြီး‌အနောက်ဘက်တောတွင်းတစ်နေရာတွင်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်များပုန်းခိုနေတာကိုသတင်းရရှိသဖြင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှလိုက်လံပစ်ခတ်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်အကျအဆုံးမသိရသေးဘူးလို့ ၎င်းတို့နဲ့ နီးစပ်သူတစ်ဦးပြောပြပါတယ်။

တမူးမြို့နှင့်အနီးဝိုက်တွင်ယခုရက်ပိုင်းတမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်များမကြာခဏတိုက်ပွဲပြင်းထန်‌ေနပြီး ယနေ့ နိုဝင်ဘာ ၉ ရက် မနက်တွင်လည်းပန်းသာကျေးရွာတွင်စစ်ကောင်စီတပ်ဖွဲ့များနဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NLA)တပ်ဖွဲ့များတိုက်ပွဲဆက်လက်ဖြစ်နေတယ်လို့ တမူးဒေသခံတစ်ဦးပြောပြပါတယ်။

Zalen ad

သတင်း- PR

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်