ခေါ်နူးစုမ်တောင်ဝင်ကြေးကို ပြည်ပဧည့်သည်များသာမက ပြည်တွင်းဧည့်သည်များပါ စတင်ကောက်ခံ

၂၀၁၉၊ နိုဝင်ဘာ (၂)
ချင်းပြည်နယ်ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါ်နူးစုမ်တောင်အမျိုးသားဥယျာဉ်ဝင်ကြေးကို သြဂုတ်လ(၁)ရက်စပြီး ပြည်ပခရီးသွားဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များပါ စတင်ကောက်ခံနေပြီလို့ သတင်းရရှိပါတယ်။

ပြည်ပဧည့်သည်တွေကို ၂၀၁၄ ခုနှစ်ကစပြီး တစ်ယောက် တစ်သောင်းကောက်ခံပြီး ဒီနှစ်ထိ သိန်း(၃၀၀)ကျော်ရရှိနေပါပြီ။ ဝင်ကြေးကောက်ခံမယ့်နှုန်းထားတွေကတော့ ပြည်ပခရီးသွားဧည့်သည်တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲ၊ ပြည်တွင်းခရီးသွားလူကြီးတစ်ဦးလျှင် နှစ်ထောင်ကျပ်၊ လူငယ်တစ်ဦးလျှင် တစ်ထောင်ကျပ်၊ ခရီးသည်တင်ကားကြီးတစ်စီးလျှင် ငါးထောင်ကျပ်၊ ခရီးသည်တင်ကားလေးတစ်စီးလျှင် သုံးထောင်ကျပ်၊ နဲ့ခရီးသည်တင်မော်တော်ဆိုင်ကယ် တစ်စီးလျှင် တစ်ထောင်ကျပ် ဖြစ်ပါတယ်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက “ဝင်ကြေးကောက်ခံရရှိထားတဲ့ပိုက်ဆံတွေကို ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ပြန်လည်ထိန်းသိမ်းဖို့အသုံးချသွားမယ်”လို့ပြောပါတယ်။
လက်ရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်မှာဝန်ထမ်း(၂၀)သာရှိပြီး ဝန်ထမ်း(၄၀)လိုအပ်နေပါတယ်။ ၂၀၁၈ ခုနှစ် မေလ(၂၁)ရက်မှာ ပြည်နယ်အစိုးရက ပြည်တွင်းခရီးသွားဧည့်သည်တွေဝင်ကြေးကောက်ခံဖို့ဥပဒေပြဌာန်းထားပါတယ်။

ခေါ်နူးစုမ်တောင်ဟာ ပေ (၁၀၂၀၀)မြင့်ပြီး ဥယျာဉ်သတ်မှတ်ထားတဲ့ဧရိယာဟာ ဧက(၁၇၆၂၀၂)ရှိပါတယ်။ ၁၉၃၆ သစ်တောဥပဒေရ ဥတုထိန်းသစ်တောကြိုးဝိုင်းဝိတိုရိယတောင်အဖြစ်သော်လည် းကောင်း၊၁၉၉၇ခုနှစ်ဇူလိုင်လတွင် အမျိုးသားဥယျာဉ်၊၂၀၁၀ခုနှစ်ဒီဇင်ဘာလတွင် နတ်မတောင်အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ကြပြီ ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် အာဆီယံ အမွေအနှစ် ဥယျဉ်အဖြစ်လည်းသမိုင်းဝင်သတ်မှတ်ခဲ့ကြသည်၊ ၂၀၁၃ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်အမျိုးသားဥယျဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ရာ တောင်ထိပ်ကားလမ်းဖောက်လုပ်ခြင်းတခုကြောင့်ရှုံးနိမ့်ခံပါတယ်။ ၂၀၁၈ခုနှစ်တွင် ပြည်ပ၅၇၃၊ပြည်တွင်း၁၅၃၁၆ဦး ပြည်တွင်းဧည့်သည်ဝင်ရောက်မှုအများဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်။

(Zawgyi)

ေခၚႏူးစုမ္ေတာင္ဝင္ေၾကးကို ျပည္ပဧည့္သည္မ်ားသာမက ျပည္တြင္းဧည့္သည္မ်ားပါ စတင္ေကာက္ခံ
၂၀၁၉၊ ႏိုဝင္ဘာ (၂)
ခ်င္းျပည္နယ္ရဲ႕အျမင့္ဆုံးေတာင္ျဖစ္တဲ့ ေခၚႏူးစုမ္ေတာင္အမ်ိဳးသားဥယ်ာဥ္ဝင္ေၾကးကို ၾသဂုတ္လ(၁)ရက္စၿပီး ျပည္ပခရီးသြားဧည့္သည္မ်ားသာမက ျပည္တြင္းခရီးသြားဧည့္သည္မ်ားပါ စတင္ေကာက္ခံေနၿပီလို႔ သတင္းရရွိပါတယ္။

ျပည္ပဧည့္သည္ေတြကို ၂၀၁၄ ခုႏွစ္ကစၿပီး တစ္ေယာက္ တစ္ေသာင္းေကာက္ခံၿပီး ဒီႏွစ္ထိ သိန္း(၃၀၀)ေက်ာ္ရရွိေနပါၿပီ။ ဝင္ေၾကးေကာက္ခံမယ့္ႏႈန္းထားေတြကေတာ့ ျပည္ပခရီးသြားဧည့္သည္တစ္ဦးလွ်င္ က်ပ္တစ္ေသာင္းခြဲ၊ ျပည္တြင္းခရီးသြားလူႀကီးတစ္ဦးလွ်င္ ႏွစ္ေထာင္က်ပ္၊ လူငယ္တစ္ဦးလွ်င္ တစ္ေထာင္က်ပ္၊ ခရီးသည္တင္ကားႀကီးတစ္စီးလွ်င္ ငါးေထာင္က်ပ္၊ ခရီးသည္တင္ကားေလးတစ္စီးလွ်င္ သုံးေထာင္က်ပ္၊ နဲ႔ခရီးသည္တင္ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးလွ်င္ တစ္ေထာင္က်ပ္ ျဖစ္ပါတယ္။

ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္အုပ္ခ်ဳပ္ေရးမႉး ဦးတင္ျမစိုးက “ဝင္ေၾကးေကာက္ခံရရွိထားတဲ့ပိုက္ဆံေတြကို ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ျပန္လည္ထိန္းသိမ္းဖို႔အသုံးခ်သြားမယ္”လို႔ေျပာပါတယ္။
လက္ရွိ ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္မွာဝန္ထမ္း(၂၀)သာရွိၿပီး ဝန္ထမ္း(၄၀)လိုအပ္ေနပါတယ္။ ၂၀၁၈ ခုႏွစ္ ေမလ(၂၁)ရက္မွာ ျပည္နယ္အစိုးရက ျပည္တြင္းခရီးသြားဧည့္သည္ေတြဝင္ေၾကးေကာက္ခံဖို႔ဥပေဒျပဌာန္းထားပါတယ္။

ေခၚႏူးစုမ္ေတာင္ဟာ ေပ (၁၀၂၀၀)ျမင့္ၿပီး ဥယ်ာဥ္သတ္မွတ္ထားတဲ့ဧရိယာဟာ ဧက(၁၇၆၂၀၂)ရွိပါတယ္။ ၁၉၃၆ သစ္ေတာဥပေဒရ ဥတုထိန္းသစ္ေတာႀကိဳးဝိုင္းဝိတိုရိယေတာင္အျဖစ္ေသာ္လည္ းေကာင္း၊၁၉၉၇ခုႏွစ္ဇူလိုင္လတြင္ အမ်ိဳးသားဥယ်ာဥ္၊၂၀၁၀ခုႏွစ္ဒီဇင္ဘာလတြင္ နတ္မေတာင္အမ်ိဳးသားဥယ်ာဥ္အျဖစ္သတ္မွတ္ခဲ့ၾကၿပီ ၂၀၁၂ ခုႏွစ္စက္တင္ဘာလတြင္ အာဆီယံ အေမြအႏွစ္ ဥယ်ဥ္အျဖစ္လည္းသမိုင္းဝင္သတ္မွတ္ခဲ့ၾကသည္၊ ၂၀၁၃ခုႏွစ္တြင္ ကမာၻ႔အေမြအႏွစ္အမ်ိဳးသားဥယ်ဥ္အျဖစ္ယွဥ္ၿပိဳင္ခဲ့ရာ ေတာင္ထိပ္ကားလမ္းေဖာက္လုပ္ျခင္းတခုေၾကာင့္ရႈံးနိမ့္ခံပါတယ္။ ၂၀၁၈ခုႏွစ္တြင္ ျပည္ပ၅၇၃၊ျပည္တြင္း၁၅၃၁၆ဦး ျပည္တြင္းဧည့္သည္ဝင္ေရာက္မႈအမ်ားဆုံးမွတ္တမ္းတင္ႏိုင္ခဲ့တယ္။

နောက်ဆုံးရသတင်းများ

ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ...

ဆက်ဖတ်ရန်