ချင်းရိုးရာပစ္စည်းများထိန်းသိမ်းထားမယ့် ပြတိုက် ကိုယ်ထူကိုယ်ထတည်ဆောက်

ဖလမ်းမြို့နဲ့ သုံးမိုင်ခန့်မှာရှိတဲ့ ချင်းလူမျိုးတွေစတင်ပြန့်နှံ့ရာ လိုင်းလိုခြံမှာ စက်တင်ဘာနောက်ဆုံးပတ်ကစပြီး ကိုယ်ထူကိုယ်ထ ပြတိုက်တည်ဆောက်နေပါတယ်။

၂၀၁၇ ခုနှစ်မှာကျင်းပတဲ့ ဖလမ်းမြို့သားများဌာနေပြန်နှစ်ပွဲမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူမျိုးတွေက GCO(Global Chin(Falam) Organization)အဖွဲ့တည်ထောင်ပြီး ယင်းအဖွဲ့က ဦးဆောင်ပြီးပြတိုက်တည်ဆောက်တာဖြစ်ပါတယ်။

ယင်းပြတိုက်တည်ဆောက်ဖို့ ကျပ်သိန်း နှစ်ထောင်ကုန်ကျဖို့ခန့်မှန်းထားပြီး ၂၀၂၀ ခုနှစ် မတ်လမှာကျင်းပမယ့် ဒုတိယအကြိမ် ဌာနေပြန်နှစ်မှာ ဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်။

ကိုယ်ထူကိုယ်ထ ပြတိုက်တည်ဆောက်မယ့် အိမ်ပုံစံ

GCO အဖွဲ့ဝင် ဆလိုင်းငယ်ပီးက “လိုင်းလိုဂှုနားမှာ မြေကွက် (၂)ဧက ဝယ်ထားပါတယ်။ အခုတော့ စက်ကြီးနေမြေညို့နေတယ်။ နိုဝင်ဘာလမှာ အုတ်မြစ်ချမယ်။ ပြတိုက်ဒီဇိုင်းကတော့ အမေရိကန်မှာ ပိသုကာဘာသာနဲ့ကျောင်းပြီးသွားတဲ့ ချင်းလူမျိုးတစ်ယောက်အလုပ်အပ်ထားတယ်။ အခု ပြတိုက်ထဲမှာထားဖို့ ကျေးရွာတွေမှာ ချင်းဘိုးဘွားအသုံးအဆောင်ပစ္စည်းတွေလိုက်စုနေတယ်”လို့ပြောပါတယ်။

GCO ဥက္ကဌ Pu Thawm Hlei Mang(Switzerland) က “ဖလမ်းဟာ ချင်းလူမျိုးတွေစတင်အခြေချတဲ့ လိုင်းလို၊ အင်္ဂလိပ်ခေတ်က ချင်းပြည်ကိုအုပ်ချုပ်တဲ့မြို့ဖြစ်တယ်။ ချင်းသမိုင်းကိုပြန်ကြည့်ရင် ဖလမ်းမြို့ဟာ တကယ့်အရေးပါတဲ့မြို့လည်းဖြစ်တယ်။ သမိုင်းတွေအများကြီးရှိတဲ့နေရာလည်းဖြစ်တယ်။ အဲ့ဒါတွေကို တစ်နေရာတည်းမှာ ပြသထားတဲ့နေရာမရှိသေးဘူး။ ပြတိုက်ရှိမယ်ဆိုရင် ချင်းလူမျိုးတွေပဲဖြစ်ဖြစ်၊ နိုင်ငံခြားဧည့်သည်တွေပဲဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ရိုးရာ၊ သမိုင်းကြည့်လို့ရမယ်။ အဓိကတော့ ကျနော်တို့သားစဉ်မြေးစပ်တွေက ကျနော်တို့ရိုးရာ၊ သမိုင်းနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေ သိလာနိုင်မယ်။ လန်ဒန်မြို့မှာလည်း ချင်းဘိုးဘွားပစ္စည်းတွေ အခုထိသိမ်းထားတဲ့ အင်္ဂလိပ်လူမျိုးတွေရှိတယ်။ သူတို့က အခုလိုပြတိုက်ရှိရင် သူတို့သိမ်းထားတဲ့ ချင်းဘိုးဘွားအသုံးအဆောင်တွေ အပ်မယ်လို့ ဆလိုင်းဗန်ကျူံးလျန်(ယူကေ)က ပြောဖူးတယ်။ အဲ့ဒါတွေ ပြန်ယူပြီး ဒီမှာကောင်းကောင်းလေးထိန်းသိမ်းထားတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်