ချင်းလူငယ်တစ်ဦး အမေရိကန်နိုင်ငံ လေယာဉ်ပေါ်ကနေ နှင်ချခံရ

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း Oahau လေဆိပ်ကနေ ဆန်ဖရန်စစ်စကိုမြို့သို့ပျံသန်းမယ့် အလစ်စကာ လေယာဉ်ပေါ်ကနေ ချင်းလူငယ် ဂျိမ်းထန်လမ့်ဆန်(၂၇ နှစ်)ကို ရဲတပ်သားတွေက စက်တင်ဘာ(၂၇)ရက်တွင်နှင်ချတယ်လို့ အမေရိကန်သတင်းစာတွေကဖော်ပြထားပါတယ်။

ဂျိမ်းထန်လမ့်ဆန်(James Thang Lam Sang)ဟာ ကလေးမြို့ကနေ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်ပြီး ယင်းမှတစ်ဆင့် အမေရိကန်သို့ ၂၀၀၇ ခုနှစ်မှာရောက်ရှိပါတယ်။

လေယာဉ်ပေါ်ကနေ နှင်ချတဲ့ဖြစ်စဉ်ကို ၄င်းလေယာဉ်ပေါ်မှာကလေးနှစ်ယောက်နဲ့အတူလိုက်ပါလာတဲ့ Lindsey Babb က ဖုန်းနဲ့ဗီဒီယိုရိုက်ကူးပြီး Youtube မှာတင်လိုက်ပါတယ်။

https://www.youtube.com/watch?v=VJY3GxWvE-Q

ဗီဒီယိုမှတ်တမ်းအရ လေယာဉ်ထွက်ခွာဖို့ပြင်ဆင်နေချိန်မှာ James Thang Lam Sang ဟာ သန့်ရှင်းခန်းသို့သွားပြီး ပြန်မထွက်လာပဲ လေယာဉ်ရဲတပ်သားတွေက သန့်ရှင်းခန်းတံခါးကိုရိုက်ချိုးခဲ့ပါတယ်။ သန့်ရှင်းခန်းထဲကနေ James Thang Lam Sang ထွက်လာတဲ့ချိန်မှာ အကျီ်င်္မဝတ်ထားပဲ ချွေးထွက်နေတဲ့ပုံမြင်ရပါတယ်။ ၄င်းအကျီကို ရဲတပ်သားကကိုင်ထားပြီး ခြေအိတ်နဲ့ အကျီတွေရေစိုနေပါတယ်လို့ Babb ကဗီဒီယိုရိုက်ပြောပါတယ်။ လေယာဉ်ထိုင်ခုံသို့သွားထိုင်တဲ့ချိန်မှာ ၄င်းအဖေက ချင်းလို nang hu hau aa, maw. Vanlen pai lo ding ai maw(စကားမများနဲ့၊ လေယာဉ်မထွက်ပဲနေမယ်)လို့ပြောပြီး ပြန်ထွက်ခါနီးမှာ ချင်းလို Pau pau ken(စကားမများနဲ့) ဆိုတဲ့ပြောသံကို ဗီဒီယိုထဲကနေကြားရပါတယ်။ ပြီးတော့ ရဲတပ်သား ငါးဦးကချုပ်ဖမ်းပြီး ၄င်းရဲ့ လက်နဲ့ခြေထောက်ကို လက်ထိပ်ခတ်ကြပြီးလေယာဉ်အပြင်သို့နှင်ချလိုက်တယ်။ အခုလိုအခြေအနေကြောင့် လေယာဉ်ဟာ (၂)နာရီနောက်ကျပြီးမှထွက်ခွာနိုင်ပါတယ်။ ဘာကြောင့် သန့်ရှင်းခန်းထဲမှာ မိနစ်(၃၀)ကြာ မိမိကိုယ်ကိုယ်ပိတ်ထားရတာလဲဆိုတဲ့အကြောင်းရင်းကိုတော့ သတင်းစာတွေကဖော်ပြထားခြင်းမရှိပါ။

Oahau to San Francisco

ဗီဒီယိုမှတ်တမ်းရိုက်ကူးသူ Lindsey Babb က “အခုက ကျမသမီးတွေရဲ့ ပထမဆုံးလေယာဉ်နဲ့သွားတဲ့ခရီးဆိုတော့ သူတို့စိတ်ထဲမှာ လေယာဉ်နဲ့သွားရင်ဒီလိုပဲဖြစ်နေပါလားဆိုတဲ့ စိတ်ဝင်သွားမှာစိုးရိမ်တယ်”လို့ SFGate news မှာပြောကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အလစ်စကားလေကြောင်းလိုင်းက ခရီးသွားဧည့်သည်များကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွက်ပြန်လည်တောင်းပန်စာထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်