ချင်းအမျိုးသားနေ့မှာ ပြန်အပ်လာတဲ့ပစ္စည်းအချို့ ပိုင်ရှင်တွေလာမယူသေး

ချင်းအမျိုးသားနေ့မှာ ပြန်အပ်လာတဲ့ပစ္စည်းအချို့ ပိုင်ရှင်တွေလာမယူသေး
ဖလမ်းမြို့မှာကျင်းပတဲ့ (၇၁)ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ လာရောက်တဲ့ပရိသတ်တွေ ပျောက်ကျသွားတဲ့ပစ္စည်းကို ကောက်ယူတဲ့သူတွေက ပြန်ကြားရေးစခန်းမှာပြန်လည်အပ်နှံပြီး ဖုန်းတစ်လုံး၊ ဆိုင်ကယ်သော့နဲ့ ဦးထုပ်တစ်လုံးဟာ အခုထိပိုင်ရှင်တွေလာမယူသေးဘူးလို့သိရပါတယ်။
ယင်းပစ္စည်းတွေကို ဖလမ်းမြို့အခြေစိုက် Chinland Herald သတင်းစာရုံးခန်းမှာ ထားပြီး အချိန်မရွေးပိုင်ရှင်ကိုယ်တိုင်လာယူဖို့သတင်းစာနဲ့ အွန်လိုင်းကနေတဆင့်ကြေညာထားပါတယ်။
ဒီနှစ် ဖလမ်းမြို့ ချင်းအမျိုးသားနေ့မှာ ပစ္စည်းကောက်မိလို့လာရောက်အပ်နှံတဲ့သူ အယောက် (၂၀)ကျော်ရှိပြီး ၎င်းတို့ပစ္စည်းတွေထဲမျာ ဖုန်း၊ ဆိုင်ကယ်သော့၊ ဦးထုပ်၊ ချင်းစောင်တွေလည်းပါဝင်ပါတယ်။
ဖလမ်းမြို့ အခြေစိုက် Chinland Herald သတင်းတိုက်တာဝန်ရှိသူတစ်ဦးက “အခုတော့ ဖုန်းတစ်လုံး၊ ဆိုင်ကယ်သော့နဲ့ ဦးထုပ်တစ်လုံး လာမယူကြသေးဘူး။ ရွာဘက်ကနေ ချင်းအမျိုးသားနေ့လာတဲ့သူတွေရဲ့ ပစ္စည်းဖြစ်မယ်ထင်တယ်။ ချင်းအမျိုးသားနေ့မတိုင်ခင်လေး (၁၈)ရက်ကလည်း မြို့ထဲမှာ ပိုက်ဆံတစ်သိန်းနဲ့ယာဉ်မောင်းလိုင်စင်ပါတဲ့ ပိုက်ဆံအိတ်တစ်လုံးလာအပ်သွားတယ်။ အဲ့ဒီဟာတော့ ပိုင်ရှင်တွေလာယူသွားပြီ။ ဇန်နဝါရီလတုန်းက ဘောလုံးပွဲမှာ ရွှေလက်စွပ်နဲ့ လေးသိန်းကောက်ထားတာရှိတယ်၊ ဒါပေမယ့် ခုထိပိုင်ရှင်တွေလာမယူသေးဘူး။ အရင်နှစ်ပွဲတွေမှာလည်း ရွှေဆွဲကြိုးကောက်မိတဲ့သူတွေ ပြန်လာအပ်ကြတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်