ချင်းတောင် ကော်ဖီ၊ ဝဥ၊ ပိုးစာသီးနှံများအကြောင်းသုတေသနလုပ်ဖို့ ညိုနှိုင်းအစည်းအဝေးကျင်းပ

ချင်းပြည်နယ်အတွင်းရှိ ကော်ဖီ၊ ဝဥ၊ ပိုးစာသီးနှံတွေနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး သုတေသနလုပ်ဖို့ ညိုနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၄)ရက်မှာ နေပြည်တော် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာပြုလုပ်ပါတယ်။

ဓာတ်ပုံ- မင်းလွင်ဦး

တီးတိန်မြို့နယ် ထေးဇန်ကော်ဖီခြံတာဝန်ခံ ဦးမင်းလွင်ဦးက “အခုက အတူပူးပေါင်းဖို့ ပဏာမဆွေးနွေးထားတာပါ။ ဘယ်ချိန် သုတေသနလုပ်မလဲဆိုတာ မသိရသေးဘူး။ ချင်းပြည်နယ်မှာဆိုရင် ခုချိန်ထိပျိုးတွေဖြန့်ဝေတဲ့ထဲမှာ ဘယ်မျိုးကအကောင်းဆုံးလဲ၊ အသင့်တော်ဆုံးလဲဆိုတာ အဖြေမထုတ်နိုင်သေးဘူး။ မြို့နယ်တစ်မြို့နယ်မှာဆို ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်ကမတူတော့ ကော်ဖီကလည်း ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်ပေါ်မူတည်ပြီးအရည်အသွေးကကောင်းတာဆိုတော့ အဲ့ဒါမျိုးကအစ သုတေသနလုပ်မယ်။ ကျနော်တို့ စိုက်ပျိုးရေးဌာနကလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့တော့ သုတေသနလုပ်ပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးသုတေသနအဖွဲ့ကတော့ ပိုပြီးပစ္စည်းကိရိယာတွေပြည့်စုံတော့ သူတို့နဲ့ပူးပေါင်းပြီးလုပ်ခြင်းအားဖြစ် ပိုထိရောက်မှာပေါ့”လို့ပြောပါတယ်။

 

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်