ချင်းပြည်နယ်တွင် ဒန့်ဒလွန်မှကုန်ချောထုတ်လုပ်ဖို့ ဗီယက်နမ်ကုမ္မဏီက စိတ်ဝင်စား

 

 

ချင်းပြည်နယ်တွင် ဒန့်ဒလွန်မှကုန်ချောထုတ်လုပ်ဖို့ ဗီယက်နမ်ကုမ္မဏီက စိတ်ဝင်စား

ဗီယက်နမ်နိုင်ငံက TMTM ကုမ္မဏီက ချင်းပြည်နယ်မှာ ဒန့်ဒလွန်နဲ့ကုန်ချောထုတ်လုပ်ဖို့ ချင်းပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နဲ့ UMFCCI မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။

Zalen ad

ယင်းဆွေးနွေးမှုတွင် TMTM ကုမ္မဏီမှ Senior Consultant- International Programs Pro Nguyen Van Hanh နဲ့ Technical Advisor Truong Phi Phung တို့တက်ရောက်ကြပါတယ်။


ချင်းပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကပ်ခင်းပေါင်က “သူတို့က မြေရရင် သြဂုတ်လလောက်စချင်တယ်တဲ့။ ပထမတော့ ရှေ့ပြေးအစမ်းသဘောအနေနဲ့ ၅ ဧကအကျယ်အဝန်းလိုချင်ကြတယ်။ သူတို့က ချင်းပြည်နယ်ဆိုတာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်ဆိုတာသိတော့ ချင်းနဲ့ စစ်ကိုင်း၊ မကွေးနယ်နမိတ်မှာ နေရာသုံးခုလျာထားတယ်။ ဒါပေမယ့် ကျနော်က ပြည်နယ်ထဲမှာမြေရှာကြည့်ဖို့တိုက်တွန်းထားတယ်။ သူတို့က ဒန့်ဒလွန်နဲ့လုပ်ထားတဲ့မှုန့်တွေ၊ ခေါက်ဆွဲတွေ၊ ကော်ဖီမှုန့်လိုဟာမျိုးတွေထုတ်နေတယ်။ သူတို့က ထုတ်ကုန်တွေလည်းရှိပြီးသား၊ ဈေးကွက်လည်းအခိုင်အမာရှိပြီးသား” လို့ပြောပါတယ်။

ချင်းပြည်နယ်ဟာ အေးမြတဲ့ရာသီဥတုရှိတာကြောင့် ဒန့်ဒလွန်ပင်ဟာ အလွယ်တကူရှင်သန်နိုင်တဲ့ အပင်ဖြစ်ပါတယ်။ ဒန့်ဒလွန်ကနေ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ဒန့်ဒလွန်ဆီမှအစ စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ဇွန်လကစပြီး အယ်နီညို‌ကြောင့် အပူချိန်မြင့်ပြီး ရေရှားပါးမှုတွေ ကြုံရနိုင်

မေ ၂၂၊ ၂၀၂၆ Zalen အယ်နီညို (El Niño) ဟာ လာမယ့် ဇွန်လမှာ စတင်ကူးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုလို ပြဿနာမျိုးတွေ ကြုံလာရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးလိုက်ပါတယ်။ မိုးလေဝသနဲ့ ...

ဆက်ဖတ်ရန်