ချင်းပြည်နယ်ရဲ့ ပထမဆုံး ရေကစားအပန်းဖြေစခန်းကို ခိုင်ကမ်းမြို့တွင် မနက်ဖြန်ဖွင့်လှစ်မယ်

 

ချင်းပြည်နယ်ရဲ့ ပထမဆုံး ရေကစားအပန်းဖြေစခန်းကို ခိုင်ကမ်းမြို့တွင် မနက်ဖြန်ဖွင့်လှစ်မယ်

ဇိုဒိတ်ရေကမ္ဘာအပန်းဖြေစခန်းလို့ခေါ်တဲ့ ချင်းပြည်နယ်ရဲ့ ပထမဆုံး ရေကစားအပန်းဖြေစခန်းကို ဧပြီလ(၃)ရက် နံနက် (၈)နာရီ၌ ခိုင်ကမ်းမြို့တွင်ဖွင့်လှစ်သွားပါမယ်။

ဒီရေကစားအပန်းဖြေစခန်းဟာ ခိုင်ကမ်းမြို့ အမှတ် (၄)ရပ်ကွက် ခိုင်ကမ်းဘုန်းကြီးကျောင်းအနီးမှာ တည်ရှိပါတယ်။ ကလေးနဲ့ လူကြီးအတွက် ရေကူးကန်တွေရှိပြီး ကလေး ၅၀၀ ကျပ်၊ လူကြီး ၁၀၀၀ ကျပ် ကောက်ခံပါတယ်။ နာရီအကန့်အသတ်မရှိပါ။ ဖွင့်ပွဲနေ့ကို ဝင်ကြေး ၅၀ ရခိုင်နှုန်းလျော့ပေးမယ်လို့ ဇိုဒိတ် ရေကမ္ဘာ အပန်းဖြေစခန်း ပိုင်ရှင် ဦး ထန်ခန့်သွောင်ကဆိုပါတယ်။

Zalen ad

ဦးထန်ခန့်သွောင်က “ဖွင့်ပွဲကို သင်းအုပ်ဆရာတွေဆုတောင်းပြီးတော့ ဖဲကြိုဖြတ်ဖွင့်မယ်။ အခုက လုပ်တာမပြီးပေမယ့် သြင်္ကန်မတိုင်ခင်ဖွင့်ချင်လို့ပြီးသလောက်နဲ့ဖွင့်တာပါ။ ရေကတော့ ချောင်းထဲကရေကိုသွယ်ပြီး အဝင်အထွက်အမြဲတမ်းရှိအောင်လုပ်ထားတယ်။ တခြားနေရာတွေလို ဆေးမထည့်ထားဘူး” လို့ပြောပါတယ်။

ကလေးရေကူးကန်ဟာ နှစ်ပေကနေ သုံးပေကြားနက်ပြီး လူကြီးရေကူးကန်ဟာ လေးပေခွဲနက်ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်