ချင်းပြည်နယ်ရဲ့ ပထမဆုံး ရေကစားအပန်းဖြေစခန်းကို ခိုင်ကမ်းမြို့တွင် မနက်ဖြန်ဖွင့်လှစ်မယ်

 

ချင်းပြည်နယ်ရဲ့ ပထမဆုံး ရေကစားအပန်းဖြေစခန်းကို ခိုင်ကမ်းမြို့တွင် မနက်ဖြန်ဖွင့်လှစ်မယ်

ဇိုဒိတ်ရေကမ္ဘာအပန်းဖြေစခန်းလို့ခေါ်တဲ့ ချင်းပြည်နယ်ရဲ့ ပထမဆုံး ရေကစားအပန်းဖြေစခန်းကို ဧပြီလ(၃)ရက် နံနက် (၈)နာရီ၌ ခိုင်ကမ်းမြို့တွင်ဖွင့်လှစ်သွားပါမယ်။

ဒီရေကစားအပန်းဖြေစခန်းဟာ ခိုင်ကမ်းမြို့ အမှတ် (၄)ရပ်ကွက် ခိုင်ကမ်းဘုန်းကြီးကျောင်းအနီးမှာ တည်ရှိပါတယ်။ ကလေးနဲ့ လူကြီးအတွက် ရေကူးကန်တွေရှိပြီး ကလေး ၅၀၀ ကျပ်၊ လူကြီး ၁၀၀၀ ကျပ် ကောက်ခံပါတယ်။ နာရီအကန့်အသတ်မရှိပါ။ ဖွင့်ပွဲနေ့ကို ဝင်ကြေး ၅၀ ရခိုင်နှုန်းလျော့ပေးမယ်လို့ ဇိုဒိတ် ရေကမ္ဘာ အပန်းဖြေစခန်း ပိုင်ရှင် ဦး ထန်ခန့်သွောင်ကဆိုပါတယ်။

ဦးထန်ခန့်သွောင်က “ဖွင့်ပွဲကို သင်းအုပ်ဆရာတွေဆုတောင်းပြီးတော့ ဖဲကြိုဖြတ်ဖွင့်မယ်။ အခုက လုပ်တာမပြီးပေမယ့် သြင်္ကန်မတိုင်ခင်ဖွင့်ချင်လို့ပြီးသလောက်နဲ့ဖွင့်တာပါ။ ရေကတော့ ချောင်းထဲကရေကိုသွယ်ပြီး အဝင်အထွက်အမြဲတမ်းရှိအောင်လုပ်ထားတယ်။ တခြားနေရာတွေလို ဆေးမထည့်ထားဘူး” လို့ပြောပါတယ်။

ကလေးရေကူးကန်ဟာ နှစ်ပေကနေ သုံးပေကြားနက်ပြီး လူကြီးရေကူးကန်ဟာ လေးပေခွဲနက်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်