ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းမ ညအချိန်ပိတ်ထားမှု ကုန်သွယ်ရေးနဲ့ ပြည်သူတွေထိခိုက်ဟုဆို

ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းမ ညအချိန်ပိတ်ထားမှု ကုန်သွယ်ရေးနဲ့ ပြည်သူတွေထိခိုက်ဟုဆို

ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက်အဓိကအသုံးပြုတဲ့ ကလေး-ရိဒ်လမ်းမကို ည ၈ နာရီမှ မနက် ၅ နာရီထိပိတ်ထားတာကြောင့် ဒေသခံပြည်သူနဲ့ စီးပွားရေးလုပ်ငန်းများထိခိုက်တယ်လို့ သတင်းရရှိပါတယ်။

ညအချိန်ယာဉ်မတော်တဆမှုနဲ့ လမ်းပိတ်ဆို့မှုတွေများတာကြောင့် စက်တင်ဘာ (၁၈)ရက်ကစပြီး တီးတိန်-ကလေး၊ တီးတိန်-ရိဒ်လမ်းပိတ်ဖို့ ပြည်နယ်အစိုးရက အမိန့်စာထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် လမ်း၊ပန်းဝန်ကြီး ဦးရွှေထီးယိုက “မိုးရာသီဆိုတော့ လမ်းမကောင်းတာကြောင့် ကုန်တင်ကားတွေတွက် အခက်အခဲဖြစ်တယ်။ မိုးရာသီကုန်တဲ့ခါကျရင် ပြန်ဖွင့်မှာပါ။ ဖြစ်နိုင်တာကတော့ ဒီလကုန်ထိပိတ်မယ်။ လူမှုရေး၊ သာရေးနာရေးကားတွေကတော့ ပြဿနာမဖြစ်ဘူး။ အဓိက ကုန်တင်ကားတွေကိုပိတ်တာပါ” လို့ပြောပါတယ်။

ယခင်နှစ်များတွင် ချင်းပြည်နယ်မှာ မိုးရာသီကာလတွင် (၈)ဘီးကားနဲ့ အထက်ယာဉ်တွေသွားလာခွင့်ပိတ်ပင်ထားလေ့ရှိပြီး မိုးရာသီကုန်ဆုံးတဲ့ချိန်တွင်ပြန်ဖွင့်လေ့ရှိပါတယ်။ ဒါပေမယ့် မိုးဇ၊လ ပညာရှင် ဦးထွန်းလွင်က စက်တင်ဘာ (၁၈)ရက်ကစပြီး ချင်းပြည်နယ်ဘက်တွင် မိုးရာသီကုန်ဆုံးသွားပြီလို့ဆိုပါတယ်။

တီးတိန်မြို့ ဒေသခံ ကိုထားသွောင်က “ကုန်တင်ကားတွေက နေ့ခင်းပိုင်းမှာသွားရင် တခြားခရီးသည်ယာဉ်တွေနဲ့ အနှောက်အယှက်ဖြစ်တော့ လမ်းသိပ်မတွင်ဘူး။ ခုက မိုးရာသီကုန်ဆုံးတဲ့ချိန်ဆိုတော့ လမ်းတွေပြန်ဖွင့်ရမယ့်အချိန်တောင်ရောက်နေပြီ။ ဒါမလုပ်သင့်တဲ့ကိစ္စပါ။ ဒီလိုအမိန့်ထုတ်တာကြောင့် စားသောက်ဆိုင်ပိုင်ရှင်တွေ၊ တည်းခိုခန်းပိုင်ရှင်တွေရဲ့ စီးပွားရေးသွားထိနိုင်တယ်။ ပြီးတော့ လူမှုရေးနဲ့ သာရေးနာရေး ကိစ္စမှာ ထောက်ခံစာတွေလိုမယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ ဒီလိုမျိုးအမိန့်ထုတ်ရင်တောင် ကြိုတင်ပြီးအကျိုးအကြောင်းကို သေချာရှင်းပြတဲ့စာကပ်ထားသင့်တယ်” လို့ပြောပါတယ်။

ဒီလိုမျိုးအမိန့်စာ ထုတ်ပြန်တဲ့အတွက် အွန်လိုင်းပေါ်တွင် ဒေသခံများက အမျိုးမျိုးဝေဖန်မှုတွေဖြစ်ပွားနေပါတယ်။ယာဉ်ထိန်းရဲမှ ပြည်နယ်အစိုးရသို့ ညအချိန် ရိဒ်လမ်းမတွင် ယာဉ်မတော်တဆဖြစ်မှုများပြားကြောင်းနဲ့ ယင်းကြောင့် ညအချိန် ကုန်တင်ယာဉ်များသွားလာမှုပိတ်ပင်ရန် တင်ပြလာတာကြောင့် အခုလိုပိတ်ပင်ရခြင်းဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေး-ရိဒ်နယ်စပ်သို့ ကုန်စည်များပို့ဆောင်တဲ့ တော်ဝင်အောက်ချင်းငှက် (ယခင် ရွှေခြေင်္သ့)ယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဗျက်ကျင်က “ကုန်တင်ယာဉ်လိုင်းအများစုက ညနေပိုင်းသွားကြတော့ ဒုက္ခရောက်ကြတယ်။ အရင်က ပစ္စည်းကိုနေ့ခင်းမှာတင်ပြီး ညနေတက်သွားမယ့်ကားလိုမျိုးဆိုရင် အရင်လိုညမှာမထွက်နိုင်တော့ဘဲ နောက်နေ့ကိုစောင့်ရတော့မယ့်အခြေအနေဆိုတော့ တစ်ရက်နောက်ကျသွားတာပေါ့။ ဒီလိုအမိန့်ထုတ်တာ ကောင်းသလိုလိုယူဆရပေမယ့် လက်တွေ့မှာ ပြည်သူတွေဒုက္ခရောက်မှာ” လို့ပြောပါတယ်။

ကလေးမြို့မှ အိန္ဒိယနယ်စပ် ရိဒ်လမ်းမကို တစ်ရက်တွင် ကား အစီး ၁၅၀ ခန့်သွားကြပါတယ်လို့ တီးတိန်မြို့နယ် လမ်းဦးစီးဌာနမှသတင်းရရှိပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်