ချင်းပြည်နယ် အိမ်ခြေ ငါးသောင်းကျော် အိမ်သုံးဆိုလာမီး တပ်ဆင်မယ်

မဟာဓါတ်အားလိုင်းနဲ့ ၁၀ မိုင်အထက်ဝေးတဲ့ ချင်းပြည်နယ် ကျေးလက်ဒေသ ကျေးရွာ(၆၄၅)မှ အိမ်ခြေ(၅၀,၀၈၅)မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစပြီး အိမ်သုံးဆိုလာနဲ့ အသေးစားဓာတ်အားစနစ်ဆောင်ရွက်မယ်လို့ သြဂုတ်လ (၁)ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စိုက်မွေး၊လယ်ဆည်ဝန်ကြီးက ရှင်းပြပါတယ်။

ချင်းပြည်နယ်သာမက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးရွာ(၁၈၉)မှ အိမ်ခြေ(၁၂,၄၃၀)နဲ့ စစ်ကိုင်းဒေသ ကျေးရွာ(၁၈၅)မှ အိမ်ခြေ(၃၃,၉၈၅)တွေမှာလည်း အိမ်သုံးဆိုလာနဲ့ အသေးစားဓာတ်အားစနစ်ဆောင်ရွက်မယ်လို့ဆိုပါတယ်။ ၎င်းစီမံကိန်းအတွက် အီတလီနိုင်င်ငံမှ အတိုးမဲ့ ယူရိုသန်း(၃၀)ချေးယူထားတာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထိတပ်ဆင်ပေးသွားမယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်က “လျှောက်ထားလိုသောရွာများက မြိ့ုနယ်ကျေးလက်ဦးစီးရုံးနဲ့မြိ့ုနယ်အုပ်ချုပ်ရေးမှူးရုံးသိ့ု စုံစမ်းပြီးလျှောက်လွှာတင်ရမယ်။ ဒါပေမယ့်အသေး ရေအားလျှပ် စစ် အတွက် မီတာခပေးသွင်းရန်နဲ့ကျေးရွာမှ ၁၀%စိုက်ရန်လိုမယ်”လို့ဆိုပါတယ်။

ယင်းစီမံကိန်းကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)အောက်မှာ အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။
အသေးစားဓာတ်အားမှာ ပြည်သူထည့်ဝင်ငွေက ၂၀ရာခိုင်နှုန်းဖြစ်တယ် ။ မြို့ပြမှာ အိမ်သုံးလျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်ဖြစ်နေချိန်မှာ ယခုဟာက မီတာခ တစ်ယူနစ်က ၃၅၀ မှ ၅၀၀ ဆိုတာက ကျေးလင်နေပြည်သူအတွက်အဆင်ပြပါ့မလားလို့ နည်းနည်းများတယ်ထင်လို့လေ”လို့ မတူပီမြို့နယ် လွှတ်တော်အမတ် ဦးလာလ်မင်းထန်ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်