ချင်းပြည်နယ် NLD ပါတီရဲ့ စတုတ္ထမြောက်ရုံးတည်ဆောက်ဖို့ မတူပီမှာ စတင်မြေညို့

ချင်းပြည်နယ် NLD ပါတီရဲ့ စတုတ္ထမြောက်ရုံးတည်ဆောက်ဖို့ မတူပီမှာ စတင်မြေညို့

ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ စတုတ္ထမြောက်ရုံးတည်ဆောက်ဖို့ မတူပီမြို့ သန်ဘောင်ရပ်ကွက်မှာ မေလ (၁)ရက်စတင်မြေညို့ပြီး မကြာခင် အုတ်မြစ်ချတော့မယ်လို့သတင်းရရှိပါတယ်။

ယင်းရုံးတည်ဆောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက သိန်း ၁၅၀ မတည်ပေးထားပြီး စုစုပေါင်း သိန်း ၃၀၀ ကုန်ကျမယ်လို့ခန့်မှန်းထားပါတယ်။

မတူပီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ထန်းက “လိုအပ်တဲ့ငွေကြေးတွေကိုတော့ မြို့နယ်ပါတီဝင်တွေနဲ့ အသိမိတ်ဆွေတွေဆီမှာပြောပြပြီး အကူအညီတောင်းမယ်။ ပြီးတော့ ဒီချုပ်အဖွဲ့ဝင် ကုမ္ပဏီပိုင်ရှင်တွေဆီမှာလည်းတောင်းမယ်။ ခုထိတော့ အလှူငွေဘာမှမရသေးဘူး။ တောင်းလည်းမတောင်းသေးဘူး။ ဒီလ (၁၅)ရက်လောက်မှာ အုတ်မြစ်ချမယ်။ ဘယ်တော့ပြီးမလဲဆိုတာတော့ ဘတ်ဂျက်ရရှိမှုပေါ်မူတည်တယ်” လို့ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတက်လာပြီးနောက် ချင်းပြည်နယ်မှာ ပလက်ဝ၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေမှာ သိန်းရာချီတန်တဲ့ ပါတီရုံးတွေကို ပါတီဝင်တွေနဲ့ ကုမ္ပဏီတွေရဲ့လှူဒါန်းငွေဖြစ် လျင်လျင်မြန်မြန်တည်ဆောက်နိုင်လို့ ဝေဖန်တဲ့သူတွေလည်းရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးအောင်ထန်းက “မိမိဆန္ဒအလျှောက်လှူတာတော့ မငြင်းပယ်ပါဘူး။ ဒါပေမယ့် ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက်တို့ မက်လုံးလုံးဝမပေးဘူးအဖွဲ့ချုပ်ကညွှန်ကြားထားတယ်။ ကျနော်တို့က ဥပဒေဘောင်နဲ့ညို့တာတွေရှောင်ထားတယ်။ နောက်ပြီးတော့ လိုလည်းမလိုလားဘူး။ကုမ္ပဏီနဲ့ တင်ဒါနဲ့ ရုံးဆောက်ဖို့ကိစ္စ မပတ်သက်ဖို့ မက်လုံးပေးတာလည်း သဘောမတူပါဘူး” လို့ပြောပါတယ်။

မကြာမီ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်