ချင်းက ရှမ်း(မြောက်)ကို (၈-ဝ)ဂိုးဖြစ်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်
၂၀၁၉၊ အောက်တိုဘာ (၂၃)
တိုင်းနဲ့ ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲတွင် ချင်းအသင်းက ရှမ်း(မြောက်)အသင်းကို ၈ ဂိုး၊ ဂိုးမရှိဖြစ်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ပါပြီ။
ယင်းပြိုင်ပွဲကို ဒီနေ့ ညနေ (၄)နာရီတွင် ရန်ကုန်မြို့ ဘောလုံးအဖွဲ့ချုပ် မြက်ခင်းတု အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြပါတယ်။
ချင်းပြည်နယ် အသင်း နည်းပြ ဆရာကီးလိန်း က “ကွာတားဖိုင်နယ်ကတော့ စစ်ကိုင်း မဟုတ်ရင် ဧရာဝတီအသင်းနဲ့ဖြစ်မယ်ထင်တယ်။ သူတို့က မပြီးသေးဘူး။ ဒီအသင်းတွေက ကျနော်တို့နဲ့ ကစားဖူးတဲ့အသင်းတွေထက် ပိုကောင်းတယ်။ ဒါပေမယ့် ကျနော်တို့လူတွေ ကျန်းမာရေးကောင်းရင်တော့ နိုင်မှာပါ။ ကျနော်တို့အသင်းက ဖျားတဲ့ကလေးကို ဒီနေ့ ကစားခိုင်းတာ ကွင်းထဲမှာ မူးလဲလို့ထမ်းထုတ်ရတယ်။ တစ်ပွဲမှာ လူ ၅ ယောက်မလဲမနေရဆိုတော့။ အယ်ဂယ်လည်တဲ့လူလည်း ကန်တော့ကန်ခိုင်းပေမယ့် အပြည့်အဝတော့မကန်နိုင်သေးဘူး” လို့ပြောပါတယ်။
ကွာတားဖိုင်နယ်ကို အောက်တိုဘာ (၂၇)ရက် မနက် ၈ နာရီတွင် ရန်ကုန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြက်ခင်းတုကစားကွင်းတွင်ကျင်းပမှာဖြစ်ပါတယ်။
ချင်းအသင်းဟာ သုံးပွဲစလုံး အနိုင်ရခဲ့ပြီး (၂၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အုပ်စု (C) တွင် ချင်းအသင်းက (၉)မှတ်၊ ပဲခူးအသင်းက (၆)မျတ်၊ ရှမ်း(မြောက်)အသင်းက (၃)မှတ်၊ ရခိုင်အသင်းက (ဝ)မှတ် အသီးသီးသီးရရှိကြပါတယ်။
(Zawgyi)
၂၀၁၉၊ အောက်တိုဘာ (၂၃)
နောက်ဆုံးရသတင်းများ
မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ
၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...
ဆက်ဖတ်ရန်