ချင်းစကားနဲ့ဗီဒီယိုရိုက်ကူးဖို့ရည်ရွယ်ကာ ဟားခါးတွင် ဇာတ်ညွှန်းရေးနည်းသင်တန်းပြုလုပ်မယ်

၂၀၁၉၊ နိုဝင်ဘာလ(၁၄)
ချင်းဘာသာစကားနဲ့ ဗီဒီယိုရိုက်ကူးထုတ်လုပ်ဖို့အစီအစဉ်ရှိတာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် ဟားခါးမြို့တွင် ဇာတ်ညွှန်းရေးနည်းသင်တန်းပြုလုပ်မယ်လို့သတင်းရရှိပါတယ်။

CACC (Chin Association for Christian Communication) အဖွဲ့ရဲ့ အနုပညာ နဲ့ယဉ်ကျေးမှုကော်မတီက ၂၀၂၀ ခုနှစ်တွင် ချင်း (ဟားခါး)ဘာသာစကားနဲ့ ဗီဒီယိုထုတ်လုပ်ဖို့ရည်ရွယ်ထားပါတယ်။

ယင်းသင်တန်းရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မိုင်အေနာဗျက်ထာမောက “နောက်နှစ်ရိုက်ကူးမယ့် ဇာတ်ကားလည်း ဇာတ်ညွှန်းတော့ရေးထားပြီ။ ဒီသင်တန်းမှာထပ်ဆင့်ပံ့ပိုးပေးဖို့လည်းရှိပါတယ်။ ဘယ်လိုမျိုးဇာတ်ကားတွေလည်းတော့ ပြောလို့မရသေးပါဘူး လို့ပြောပါတယ်” လို့ပြောပါတယ်။

သင်တန်းကို ဒီဇင်ဘာလ (၂)ရက်မှ (၆)ရက်နေ့ထိ Yangon Film School နဲ့ Film Development Centre-FDC က ဆရာ ဒေါက်တာ အောင်မင်းကိုဖိတ်ခေါ်ထားပါတယ်။

မိုင်အေနာဗျက်ထာမောက “ချင်းဗီဒီယိုဇာတ်လမ်းတွေ နိုင်ငံတကာထိလျှောက်လှမ်းနိုင်ဖို့နဲ့ ချင်းရုပ်ရှင်ထုတ်လုပ်နိုင်ဖို့ ဒါကပထမဆုံးခြေလှမ်းဖြစ်တယ်။ သင်တန်းကို စာရေးဝါသနာပါတဲ့သူ၊ ဝတ္ထုရေးဝါသနာပါတဲ့သူအတွက်လည်း အကျိုးဖြစ်မယ်။ လူငယ်၊ လူကြီးဘယ်သူမဆို သင်တန်းလာတက်လို့ရပါတယ်။ ချင်းဘာသာနဲ့ ဗီဒီယိုဇာတ်လမ်းတွေမထွက်ဘူးဆိုတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဇာတ်ကားသဘောတရားတွေ၊ အရည်အချင်းရှိတဲ့ ကားတွေနည်းတယ်။ ဒီလိုသင်တန်းလုပ်မှာ ဇာတ်လမ်းရဲ့အခြေခံသဘောတရားတွေနားလည်မှာဖြစ်ပါတယ်။ မြန်မာပြည်က ပေါဇာတ်ကားတွေက ကျနော်တို့ဇာတ်လမ်းတွေထိလွမ်းမိုးလာရင်မကောင်းဘူး။ ဇာတ်ကားကောင်းကောင်းလေးတောင်မရှိသေးတဲ့ အတွက် အစမှာဇာတ်ညွှန်းခံယူချက်ကောင်းကောင်းလေး ရှိစေချင်တယ်” လို့ပြောပါတယ်။

ယင်းသင်တန်းတွင်သင်တန်းသူသင်တန်းသား (၁၂)ယောက်သာ လက်ခံမှာဖြစ်ပြီး လက်ရှိ (၈)ဦးက စာရင်းပေးသွားထားပါပြီ။ သင်တန်းတက်ရောက်လိုပါက Rev. Dr. Khar Ling (09440304741) နဲ့ Anna Biak Tha Mawi (09450051426)တွင်ဆက်သွယ်နိုင်ပါတယ်။

(Zawgyi)

ခ်င္းစကားနဲ႔ဗီဒီယို႐ိုက္ကူးဖို႔ရည္႐ြယ္ကာ ဟားခါးတြင္ ဇာတ္ၫႊန္းေရးနည္းသင္တန္းျပဳလုပ္မယ္

၂၀၁၉၊ ႏိုဝင္ဘာလ(၁၄)
ခ်င္းဘာသာစကားနဲ႔ ဗီဒီယို႐ိုက္ကူးထုတ္လုပ္ဖို႔အစီအစဥ္ရွိတာေၾကာင့္ ႀကိဳတင္ျပင္ဆင္တဲ့အေနျဖင့္ ဟားခါးၿမိဳ႕တြင္ ဇာတ္ၫႊန္းေရးနည္းသင္တန္းျပဳလုပ္မယ္လို႔သတင္းရရွိပါတယ္။

CACC (Chin Association for Christian Communication) အဖြဲ႕ရဲ႕ အႏုပညာ နဲ႔ယဥ္ေက်းမႈေကာ္မတီက ၂၀၂၀ ခုႏွစ္တြင္ ခ်င္း (ဟားခါး)ဘာသာစကားနဲ႔ ဗီဒီယိုထုတ္လုပ္ဖို႔ရည္႐ြယ္ထားပါတယ္။

ယင္းသင္တန္းရဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ မိုင္ေအနာဗ်က္ထာေမာက “ေနာက္ႏွစ္႐ိုက္ကူးမယ့္ ဇာတ္ကားလည္း ဇာတ္ၫႊန္းေတာ့ေရးထားၿပီ။ ဒီသင္တန္းမွာထပ္ဆင့္ပံ့ပိုးေပးဖို႔လည္းရွိပါတယ္။ ဘယ္လိုမ်ိဳးဇာတ္ကားေတြလည္းေတာ့ ေျပာလို႔မရေသးပါဘူး လို႔ေျပာပါတယ္” လို႔ေျပာပါတယ္။

သင္တန္းကို ဒီဇင္ဘာလ (၂)ရက္မွ (၆)ရက္ေန႔ထိ Yangon Film School နဲ႔ Film Development Centre-FDC က ဆရာ ေဒါက္တာ ေအာင္မင္းကိုဖိတ္ေခၚထားပါတယ္။

http://bit.ly/EEP2GC

မိုင္ေအနာဗ်က္ထာေမာက “ခ်င္းဗီဒီယိုဇာတ္လမ္းေတြ ႏိုင္ငံတကာထိေလွ်ာက္လွမ္းႏိုင္ဖို႔နဲ႔ ခ်င္း႐ုပ္ရွင္ထုတ္လုပ္ႏိုင္ဖို႔ ဒါကပထမဆုံးေျခလွမ္းျဖစ္တယ္။ သင္တန္းကို စာေရးဝါသနာပါတဲ့သူ၊ ဝတၳဳေရးဝါသနာပါတဲ့သူအတြက္လည္း အက်ိဳးျဖစ္မယ္။ လူငယ္၊ လူႀကီးဘယ္သူမဆို သင္တန္းလာတက္လို႔ရပါတယ္။ ခ်င္းဘာသာနဲ႔ ဗီဒီယိုဇာတ္လမ္းေတြမထြက္ဘူးဆိုတာေတာ့မဟုတ္ဘူး။ ဒါေပမယ့္ ဇာတ္ကားသေဘာတရားေတြ၊ အရည္အခ်င္းရွိတဲ့ ကားေတြနည္းတယ္။ ဒီလိုသင္တန္းလုပ္မွာ ဇာတ္လမ္းရဲ႕အေျခခံသေဘာတရားေတြနားလည္မွာျဖစ္ပါတယ္။ ျမန္မာျပည္က ေပါဇာတ္ကားေတြက က်ေနာ္တို႔ဇာတ္လမ္းေတြထိလြမ္းမိုးလာရင္မေကာင္းဘူး။ ဇာတ္ကားေကာင္းေကာင္းေလးေတာင္မရွိေသးတဲ့ အတြက္ အစမွာဇာတ္ၫႊန္းခံယူခ်က္ေကာင္းေကာင္းေလး ရွိေစခ်င္တယ္” လို႔ေျပာပါတယ္။

ယင္းသင္တန္းတြင္သင္တန္းသူသင္တန္းသား (၁၂)ေယာက္သာ လက္ခံမွာျဖစ္ၿပီး လက္ရွိ (၈)ဦးက စာရင္းေပးသြားထားပါၿပီ။ သင္တန္းတက္ေရာက္လိုပါက Rev. Dr. Khar Ling (09440304741) နဲ႔ Anna Biak Tha Mawi (09450051426)တြင္ဆက္သြယ္ႏိုင္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်