ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်းကြေးရုပ်နှင့် ပန်းခြံ ပြုလုပ်မည်

အင်္ဂလိပ်နှင့် ဂျပန်ကိုတော်လှန်ခဲ့သည့် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ ကြေးရုပ်တု နှင့် ပန်းခြံကို မင်းတပ်မြို့မှာ ပြုလုပ်ရန် စီစဉ်နေကြောင်းသတင်းရရှိပါသည်။

ဦးဝမ္မသူးမောင်းကြေးရုပ် နှင့်ပန်းခြံပြုလုပ်ရန် ၂၀၁၆ ခုနှစ်ကစတင်လုပ်ဆောင်ပေမယ့် အကြောင်းအမျိုးမျိုးအစီအစဉ်ရပ်တန့်ကာ အခုတဖန် မြို့နယ်အုပ်ချုပ်ရေး နဲ့ ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်စီစဉ်ရခြင်းဖြစ်ပါသည်။

ဦးဝမ္မသူးမောင်းကြေးရုပ် နှင့်ပန်းခြံဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဆလိုင်းကီးရှိန်းက “ဒီဟာတွေအတွက် အခုစပြီး အလှူခံနေပြီ။ လူငယ်တွေလည်း မြို့ထဲမှာ တစ်အိမ်တက်ဆင်း အလှူခံဖို့ရှိတယ်။ ကြေးရုပ်ကိုလည်း အခု မန္တလေးမှာ အကြမ်းစလုပ်နေပြီ။ ကြေးရုပ်ကိုစိုက်ပြီးတော့ ပန်းခြံမုဒ်ဦးပြီးသွားရင် နောက်နှစ် ချင်းအမျိုးသားနေ့လောက်မှာ ဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်။ ကျန်တာတွေကတော့ တဖြည်းဖြည်းဆက်လုပ်သွားမယ်။ ဘာကြောင့် ကြေးရုပ်လုပ်တာလဲဆိုရင် သူ့ရွာမှာ အုတ်ဂှုရှိပေမယ့် ပြုပြင်ထိန်းသိမ်းမှုမရှိတာကြောင့် ဟောင်းနွမ်းနေပြီ။ မြို့အစွန်မှာလည်း သူ့အုတ်ဂှုရှိပေမယ့် အနားမှာတခြားအုတ်ဂှုတွေ အိမ်တွေဆောက်လာတော့ သိပ်မထင်ရှားတော့ဘူး။ ပြီးတော့ မင်းတပ်မှာ ပန်းခြံလည်းမရှိတာကြောင့် ပန်းခြံလုပ်ပြီး သူ့ကြေးရုပ်ကိုလည်း ထားချင်တာ” ဟုပြောပါသည်။

ဦးဝမ္မသူးမောင်းကြေးရုပ်ကို အမြင့် ၆ ပေ၊ အကျယ် ၃ ပေ နှင့် အုတ်တိုင်းအမြင့် ၉ ပေပြုလုပ်ရန် စီစဉ်ထားပါသည်။ ပန်းခြံကို မကွေးတိုင်းဒေသကြီး ပခုက္ကုမြို့မှ မင်းတပ်မြို့ဘက်အဝင် တွင် ၃ ဧကအကျယ်မြေပေါ်တွင်ပြုလုပ်မှာဖြစ်ပါသည်။

သူဟာ ချင်းပြည်နယ်ရဲ့ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်