ချင်းပြည်နယ်တွင်ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုး

၂၀၁၉၊ အောက်တိုဘာ(၁၇)
ချင်းပြည်နယ်တွင် အသေးစားနဲ့အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ အမေရိကန်ဒေါ်လာ ၅၇ သန်းရင်းနှီးမြှုပ်နှံဖို့ နားလည်မှုစာချွန်းလွှာရေးထိုးထားတယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “လာပြောတဲ့တရုတ်ကုမ္ပဏီက ၂ဖွဲ့၊ ၃ ဖွဲ့လောက်ရှိတယ်။ သူတို့နဲ့ လောလောဆယ် ဆာဗေးဆင်းဖို့ နားလည်မှုစာချွန်လွှာထိုးထားတယ်။

ချင်းပြည်နယ်အစိုးရနဲ့လုပ်ထားတဲ့ဖြစ်တဲ့တွက် ၃၀ မီဂ္ဂါဝပ်အောက်ပေါ့။ ဒီလောက်ပဲ ပြည်နယ်ကို လုပ်ပိုင်ခွင့်ပေးထားတာ။ ဒါကြောင့် ဘွေနူးမြစ်တကြော၊ မဏီပူတကြော၊ ဆမီးတကြော၊ ကုလာတန်တကြော ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်၊ မတူပီ၊ ပလက်ဝမြို့နယ် အစုံပဲ။ သူတို့ဆီက report ထွက်လာပြီးခါမှ ဘယ်နေရာမှာ မီဂ္ဂါဝပ်ဘယ်လောက်ဆိုတာ အသေးစိတ်ထွက်လာမှ သဘောတူစာချုပ် ပြန်ထိုးရမှာ။ ကုမ္ပဏီတစ်ခုက ၇ နေရာ၊ နောက်ကုမ္ပဏီတစ်ခုက ၃ နေရာဆင်းဖို့ရှိတယ်။ နောက်ကုမ္ပဏီတစ်ခုက ၅ နေရာဆင်းဖို့ရှိတယ်။ သူတို့တွေ့ရှိချက်ပေါ်မှာ ဘယ်နေရာက လုပ်လို့ရတယ်။ ဘယ်နေရာက လုပ်လို့မရဘူးဆိုတာအဖြေထွက်မှာပေါ့။ ကုမ္ပဏီတစ်ခုတစ်ခုရဲ့ ရင်းနှီးမြှုပ်နံှမယ့် ပမာဏက အမေရိကန်ဒေါ်လာ သန်း ၃၀ ကနေ ၅၀ ကြားရှိမယ်။ ကွင်းဆင်းလေ့လာမယ့်ချိန်က တစ်နှစ်ကြာမယ်။ တကယ်လုပ်ဖြစ်သွားရင် ပြည်နယ်အတွင်းသုံးဖို့လုပ်ထားတယ်။ သုံးလို့မကုန်ရင်ရောင်းမယ်” လို့ပြောပါတယ်။

ရင်းနှီးမြှုပ်နှံဖို့ နားလည်မှုစာချွန်းလွှာလက်မှတ်ရေးထိုးတဲ့ တရုတ်ကုမ္ပဏီ ၂ ခုကတော့ Yunnan YEIG ကုမ္ပဏီနဲ့ Yuanta Construction Group ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် သုည မှ ၁၀ မဂ္ဂါဝပ်အထိကို အသေးစား ထုတ်လုပ်မှုဟု သတ်မှတ်ထားပြီး ၁၀ မဂ္ဂါဝပ် မှ ၃၀ မဂ္ဂါဝပ်အထိကို အလတ်စား သတ်မှတ်ထားပါတယ်။

ချင်းပြည်နယ်တွင်လက်ရှိ လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှု ၂၈ ရာခိုင်နှုန်းသာရှိပြီး တီးတိန်၊ တွန်းဇံ၊ မတူပီ နဲ့ ပလက်ဝ မြို့တို့တွင် မဟာဓာတ်အား မရကြသေးပါ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်