ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မှာ ပျက်ကွက်သူ ၇၀၀ ကျော်ရှိ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ပထမနေ့ (မတ် ၃၁ရက်)တွင် ချင်းပြည်နယ်မှာ စာမေးပွဲဖြေဆိုမယ့် ကျောင်းသူ၊ကျောင်းသား စာရင်းရှိ ၂၉၆၀ ရှိတဲ့အနက် ပျက်ကွက်သူ ၇၀၁ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရသိရပါတယ်။

စာမေးပွဲဖြေဆိုသူ ၇၆ ဒသမ ၃၂ ရာခိုင်နှုန်း ၂၂၅၉ ဦးရှိပြီး ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်တွင် ၁၀ တန်းစာမေးပွဲ ဖြေဆိုသူမရှိပါ။

မြို့နယ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို နဲ့ ပျက်ကွက်စာရင်းကတော့ ဖလမ်းမြို့ စာစစ်ဌာနကနေ စာရင်းရှိ ၃၀၉ ဦး၊ ဖြေဆိုသူ ၁၆၅ ဦး၊ တီးတိန်မြို့ စာစစ်ဌာနတွင် စာရင်းရှိ ၂၈၆ ဦး၊ ဖြေဆိုသူ ၁၅၆ ဦး၊ မတူပီမြို့ စာစစ်ဌာနတွင် စာရင်းရှိ ၁၁၆ ဦး၊ ဖြေဆိုသူ ၈၅ ဦး၊ ကျီခါးမြို့ စာစစ်ဌာနတွင် စာရင်းရှိ ၂၁၂ ဦး၊ ဖြေဆိုသူ ၁၇၆ ဦး၊ တွန်းဇံမြို့ စာစစ်ဌာနတွင် စာရင်းရှိ၂၂၆ ဦး၊ ဖြေဆိုသူ ၁၂၄ ဦး၊ ပလက်ဝမြို့နယ်တွင် စာစစ်ဌာန ၄ ခုပေါင်းမှာ စာရင်းရှိ ၁၈၁၁ ဦး၊ ဖြေဆိုသူ ၁၅၅၃ ဦး ဖြစ်ပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်ကနေ ဧပြီ ၉ ရက်နေ့အထိ ၉ ရက်ကြာ ဖြေဆိုကြမှာဖြစ်ပါတယ်။

Zawgyi

ခ်င္းျပည္နယ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ပထမေန႔မွာ ပ်က္ကြက္သူ ၇၀၀ ေက်ာ္ရွိ

တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုတဲ့ ပထမေန႔ (မတ္ ၃၁ရက္)တြင္ ခ်င္းျပည္နယ္မွာ စာေမးပြဲေျဖဆိုမယ့္ ေက်ာင္းသူ၊ေက်ာင္းသား စာရင္းရွိ ၂၉၆၀ ရွိတဲ့အနက္ ပ်က္ကြက္သူ ၇၀၁ ဦးရွိတယ္လို႔ ျပည္နယ္ပညာေရးမႉး႐ုံးစာရင္းအရသိရပါတယ္။

စာေမးပြဲေျဖဆိုသူ ၇၆ ဒသမ ၃၂ ရာခိုင္ႏႈန္း ၂၂၅၉ ဦးရွိၿပီး ဟားခါး၊ ထန္တလန္၊ မင္းတပ္၊ ကန္ပက္လက္တြင္ ၁၀ တန္းစာေမးပြဲ ေျဖဆိုသူမရွိပါ။

ၿမိဳ႕နယ္အလိုက္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆို နဲ႔ ပ်က္ကြက္စာရင္းကေတာ့ ဖလမ္းၿမိဳ႕ စာစစ္ဌာနကေန စာရင္းရွိ ၃၀၉ ဦး၊ ေျဖဆိုသူ ၁၆၅ ဦး၊ တီးတိန္ၿမိဳ႕ စာစစ္ဌာနတြင္ စာရင္းရွိ ၂၈၆ ဦး၊ ေျဖဆိုသူ ၁၅၆ ဦး၊ မတူပီၿမိဳ႕ စာစစ္ဌာနတြင္ စာရင္းရွိ ၁၁၆ ဦး၊ ေျဖဆိုသူ ၈၅ ဦး၊ က်ီခါးၿမိဳ႕ စာစစ္ဌာနတြင္ စာရင္းရွိ ၂၁၂ ဦး၊ ေျဖဆိုသူ ၁၇၆ ဦး၊ တြန္းဇံၿမိဳ႕ စာစစ္ဌာနတြင္ စာရင္းရွိ၂၂၆ ဦး၊ ေျဖဆိုသူ ၁၂၄ ဦး၊ ပလက္ဝၿမိဳ႕နယ္တြင္ စာစစ္ဌာန ၄ ခုေပါင္းမွာ စာရင္းရွိ ၁၈၁၁ ဦး၊ ေျဖဆိုသူ ၁၅၅၃ ဦး ျဖစ္ပါတယ္။

ဒီႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၃၁ ရက္ကေန ဧၿပီ ၉ ရက္ေန႔အထိ ၉ ရက္ၾကာ ေျဖဆိုၾကမွာျဖစ္ပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်