ချင်းပြည်နယ်တွင် NLD အစိုးရလက်ထက်အတွင်း (၇)ခုမြောက်မြို့အဖြစ် ဆူရ်ခွားမြို့ဖွင့်ပွဲကျင်းပ

၂၀၁၉၊ နိုဝင်ဘာလ (၂၃)
ချင်းပြည်နယ်တွင် ဆလိုင်းလျန်လွယ်အစိုးရလက်ထက်အတွင်း အိမ်ခြေများတဲ့ကျေးရွာတွေကို မြို့အဖြစ်တိုးမြှင့်နေရာ ယနေ့တွင် ဟားခါးမြို့နယ် ဆူရ်ခွားရွာကို မြို့အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကျင်းပကြတယ်လို့သတင်းရရှိပါတယ်။

ဆလိုင်းလျန်လွယ်အစိုးရလက်ထက်အတွင်းမြို့ဆင့်တိုးမြှင့်လိုက်တာကတော့ တီးတိန်မြို့နယ်တွင် ခိုင်ကမ်းမြို့ (၂၀၁၆)၊ ဖလမ်းမြို့နယ်တွင် ဝေဘူလမြို့ (၂၀၁၉)၊ ထန်တလန်မြို့နယ်တွင် နှရိန်းမြို့ (၂၀၁၈)၊ မတူပီမြို့နယ်တွင် လိုင်လင်းပီမြို့ (၂၀၁၆)၊ ကန်ပက်လက်မြို့နယ်တွင် ကျင်ဒွေးမြို့ (၂၀၁၉)၊ မင်းတပ်မြို့နယ်တွင် မကွီအိမ်နူးမြို့ (၂၀၁၉) စသည်တို့ဖြစ်ပါတယ်။

ဆူရ်ခွားမြို့ဟာ ဟားခါးမြို့မှ မိုင် (၅၀)ခန့်အကွာ ဟားခါး မှ မတူပီသွားတဲ့ကားလမ်းပေါ်မှာရှိပါတယ်။ ယင်းမြို့ဟာ အိမ်ခြေ (၃၀၀)ခန့်ရှိပါတယ်။ ဆူရ်ခွားမြို့ဖွင့်ပွဲတွင် ပြည်နယ် စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးဝီကော၊ လုံ၊နယ်ဝန်ကြီး၊ လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားတို့တက်ရောက်ကြပါတယ်။

လက်ရှိ ချင်းပြည်နယ်တွင် မြို့နယ် (၉)မြို့နယ် နဲ့ မြို့ (၁၁)မြို့ရှိလာပါပြီ။ ယင်းတို့မှာ တီးတိန်မြို့
နယ်မှာ ခိုင်ကမ်းမြို့၊ တွန့်ဇံမြို့နယ်တွင် ကျီးခါးမြို့၊ ဖလမ်းမြို့နယ်တွင် ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်တွင် နှရိန်းမြို့၊ မတူပီမြို့ နယ်တွင် လိုင်လဲပီမြို့၊ ရေဇွာမြို့၊ ကန်ပက်လက်မြို့နယ်တွင် ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ်တွင် မကွီအိမ်နူးမြို့၊ ပလက်ဝမြို့နယ်တွင် ဆမီး
မြို့၊ ဟားခါးမြို့နယ်တွင် ဆူရ်ခွားမြို့ စသည်တို့ဖြစ်ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ NLD အစိုးရလက္ထက္အတြင္း (၇)ခုေျမာက္ၿမိဳ႕အျဖစ္ ဆူရ္ခြားၿမိဳ႕ဖြင့္ပြဲက်င္းပ

ဟားခါးၿမိဳ႕နယ္၊ ဆူရ္ခြားၿမိဳ႕ကို ေတြ႔ရစဥ္

၂၀၁၉၊ ႏိုဝင္ဘာလ (၂၃)
ခ်င္းျပည္နယ္တြင္ ဆလုိင္းလ်န္လြယ္အစိုးရလက္ထက္အတြင္း အိမ္ေျခမ်ားတဲ့ေက်းရြာေတြကို ၿမိဳ႕အျဖစ္တိုးျမွင့္ေနရာ ယေန႔တြင္ ဟားခါးၿမိဳ႕နယ္ ဆူရ္ခြားရြာကို ၿမိဳ႕အဆင့္တိုးျမွင့္ဖြင့္လွစ္ပြဲက်င္းပၾကတယ္လို႔သတင္းရရွိပါတယ္။

ဆလုိင္းလ်န္လြယ္အစိုးရလက္ထက္အတြင္းျမိဳ႕ဆင့္တိုးျမွင့္လိုက္တာကေတာ့ တီးတိန္ၿမိဳ႕နယ္တြင္ ခိုင္ကမ္းၿမိဳ႕ (၂၀၁၆)၊ ဖလမ္းၿမိဳ႕နယ္တြင္ ေဝဘူလၿမိဳ႕ (၂၀၁၉)၊ ထန္တလန္ၿမိဳ႕နယ္တြင္ ႏွရိန္းၿမိဳ႕ (၂၀၁၈)၊ မတူပီၿမိဳ႕နယ္တြင္ လုိင္လင္းပီၿမိဳ႕ (၂၀၁၆)၊ ကန္ပက္လက္ၿမိဳ႕နယ္တြင္ က်င္ေဒြးၿမိဳ႕ (၂၀၁၉)၊ မင္းတပ္ၿမိဳ႕နယ္တြင္ မကြီအိမ္ႏူးၿမိဳ႕ (၂၀၁၉) စသည္တို႔ျဖစ္ပါတယ္။

ဆူရ္ခြားၿမိဳ႕ဟာ ဟားခါးၿမိဳ႕မွ မိုင္ (၅၀)ခန္႔အကြာ ဟားခါး မွ မတူပီသြားတဲ့ကားလမ္းေပၚမွာရွိပါတယ္။ ယင္းၿမိဳ႕ဟာ အိမ္ေျခ (၃၀၀)ခန္႔ရွိပါတယ္။ ဆူရ္ခြားၿမိဳ႕ဖြင့္ပြဲတြင္ ျပည္နယ္ စီမံ၊ ဘ႑ာဝန္ၾကီး ဦးဝီေကာ၊ လံု၊နယ္ဝန္ၾကီး၊ လႊတ္ေတာ္ ဥကၠဌ ဦးဇိုဘြဲ႔၊ လူမႈေရးဝန္ၾကီး ဦးေပါင္လြန္မင္းထန္၊ လူဝင္မႈၾကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ၾကီး ဦးေဖြအားတို႔တက္ေရာက္ၾကပါတယ္။

လက္ရွိ ခ်င္းျပည္နယ္တြင္ ၿမိဳ႕နယ္ (၉)ၿမိဳ႕နယ္ နဲ႔ ၿမိဳ႕ (၁၁)ၿမိဳ႕ရွိလာပါၿပီ။ ယင္းတို႔မွာ တီးတိန္ၿမိဳ႕
နယ္မွာ ခိုင္ကမ္းၿမိဳ႕၊ တြန္႔ဇံၿမိဳ႕နယ္တြင္ က်ီးခါးၿမိဳ႕၊ ဖလမ္းၿမိဳ႕နယ္တြင္ ရိေခၚဒါရ္ၿမိဳ႕၊ ေဝဘူလၿမိဳ႕၊ ထန္တလန္ၿမိဳ႕နယ္တြင္ ႏွရိန္းၿမိဳ႕၊ မတူပီၿမိဳ႕ နယ္တြင္ လုိင္လဲပီၿမိဳ႕၊ ေရဇြာၿမိဳ႕၊ ကန္ပက္လက္ၿမိဳ႕နယ္တြင္ က်င္ေဒြးၿမိဳ႕၊ မင္းတပ္ၿမိဳ႕နယ္တြင္ မကြီအိမ္ႏူးၿမိဳ႕၊ ပလက္ဝၿမိဳ႕နယ္တြင္ ဆမီး
ၿမိဳ႕၊ ဟားခါးၿမိဳ႕နယ္တြင္ ဆူရ္ခြားၿမိဳ႕ စသည္တို႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်