ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရှိ မူလ နယ်နမိတ်ကျောက်တိုင်များ ပြန်လည်စိုက်ထူနိုင်ရေး စတင်ကွင်းဆင်း

၂၀၁၉၊ အောက်တိုဘာ (၇)

ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ မူလ နယ်နမိတ်ကျောက်တိုင်များ ပြန်လည်စိုက်ထူနိုင်ရေးအတွက် ပြည်နယ် နဲ့ တိုင်း အစိုးရအဖွဲ့များက ဦးဆောင်ပြီး ဒီကနေ့ စတင် ကွင်းဆင်းနေတယ်လို့ သတင်းရရှိပါတယ်။

နေပြည်တော်မှာ မြေတိုင်းဌာနမှ ညွှန်မှူးကလည်းကောင်း၊ ချင်းပြည်နယ်အစိုးရဘက်မှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဘက်မှ စိုက်၊မွေးဝန်ကြီး ဦးကမ်ဇာမုန်က ဦးဆောင်ကာ ခမ်းပတ်မြို့တွင် လူထုတွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်းနဲ့ နယ်နမိတ်ကျောက်တိုင်များ စစ်ဆေးခြင်းပြုလုပ်ကြပါတယ်။

ယင်း နယ်နမိတ်ကျောက်တိုင်ဟာ ၁၉၃၈ ခုနှစ်တွင် စိုက်ထူထားတဲ့ကျောက်တိုင်ဖြစ်ပါတယ်။

တီးတိန်မြို့နယ် မြေတိုင်းဌာနမှ လိုက်ပါခဲ့တဲ့ ဦးဆန်ထန်ဗဲလ်လာက “ကျောက်တိုင်အသစ်ပြန်စိုက်ထူဖို့မဟုတ်ဘဲ အရင်ကရှိပြီးသား နယ်နမိတ်ကျောက်တိုင်ဟောင်းတွေပြန်လည်းဖော်ထုတ်ဖို့ဖြစ်တယ်။ ပြဿနာပေါ်ပေါက်လာဖို့မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်း ပုံစံ (၇)မှာလည်း ချင်းပြည်နယ်လိုလို၊ စစ်ကိုင်းတိုင်းလိုလိုဖြစ်နိုင်တယ်လေ။ ဒီအကြောင်းကို အကြိမ်ကြိမ်ညှိုနှိုင်းပြီးပြီ။ ဘယ်မြေပုံကိုသုံးမလဲဆိုတာလည်းရှိတယ်။ အခုတော့ တစ်လက်မ ၄ မိုင်က ပထမဆုံးမြေပုံ ဖြစ်လို့ အဲ့ဒါကိုအတည်ပြုကြဖို့သဘောတူတယ်။ ပြီးတော့ ၁၉၃၈ ဒိုင်အာခီအုပ်ချုပ်ရေး ခွဲရေး၊ တွဲရေးတုန်းက နယ်နမိတ်ခွဲထားတော့ ပါမွန်ချောင်းကနေ ကံမကြီး၊ တမူး၊ တွန့်ဇံထိ ကျောက်တိုင် ၂၁ တိုင်စိုက်ထားတယ်။ အဲ့ဒါကို ပြန်ရှာမယ်။ အခု ပြည်ထောင်စုအဆင့်မှာ နယ်နမိတ်ပူးပေါင်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းပြီး အဲ့ဒီကော်မတီက အတည်ပြုပေးမယ်” လို့ပြောပါတယ်။

ခမ်းပတ်မြို့ လူထုတွေ့ဆုံဆွေးနွေးပွဲသို့လိုက်ပါခဲ့တဲ့ ကိုလျန်တွောင်က “အုပ်ချုပ်ရေးမှူးတွေက အုပ်ချုပ်ရေးပိုင်းမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်တယ်လို့ပြောတယ်။ အခုလိုလုပ်တာကြောင့် နယ်နမိတ်ပြောင်းပြီး မြေပိုင်ရှင်ပြောင်းသွားမှာစိုးရိမ်မှုတွေမရှိဖို့၊ ပိုင်ရှင်မပြောင်းပဲ နယ်နမိတ်သာပြောင်းသွားမှာလို့ပြောတယ်။ ပြီးတော့ ထောက်ခံချက်တွေလိုရင် နီးတဲ့နေရာမှာယူကြတာတွေမဖြစ်အောင်၊ မဲပေးတဲ့ချိန် မဲထည့်ရမယ့်နေရာ ပြဿနာမဖြစ်အောင်လုပ်တာလို့ပြောတယ်။ နယ်နမိတ်ကိစ္စက ဒီနေရာထဲမဟုတ်ပဲ မကွေးတိုင်းဘက်တွေလည်း ပြန်တိုင်းမယ်ကြားတယ်” လို့ဆိုပါတယ်။

နယ်နမိတ်ကိစ္စဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ (၈)ရက်နေ့တွင် ရာဇာဂြိုလ်ရွာတွင်လည်းကောင်း၊ အောက်တိုဘာလ (၉)ရက်တွင် တီးတိန်မြို့နယ် ဇိုဇန်ရွာ(Zozang)တွင်လည်းကောင်း၊ အောက်တိုဘာ (၁၀)ရက်တွင် ကလေးမြို့ မြို့တော်ခန်းမတွင်လည်းကောင်း ပြုလုပ်ကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်