ချင်းပြည်နယ်မှာ ရူပဗေဒဘာသာဖြေဆိုတဲ့နေ့တွင် ပျက်ကွက်သူ ၄၀၀ ကျော်ရှိ

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆိုတဲ့ ဒီနေ့ ဧပြီ ၅ ရက်နေ့တွင် ပျက်ကွက်သူကျောင်းသူ၊ ကျောင်းသား ၄၀၅ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရသိရတယ်။

ပထမနေ့ မြန်မာစာဖြေဆိုတဲ့နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၂၉၆၀ ဦးရှိတဲ့အနက် လာရောက်ဖြေဆိုသူ ၂၂၅၉ ဦးရှိပြီး ၇၀၁ ဦးပျက်ကွက်ကြပါတယ်။

ယခုနှစ် ၁၀ တန်းစာမေးပွဲကို ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွင် စာမေးပွဲဖြေဆိုသူမရှိကြောင်းလည်းသိရတယ်။ ဒီနှစ် ၁၀ တန်းစာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်တဲ့ ဖလမ်း၊ တီးတိန်၊ မတူပီ၊ ကျီခါး၊ တွန်းဇံ၊ နဲ့ ပလက်ဝမြို့နယ်တွင် စာစစ်ဌာန ၄ခုရှိပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်ကနေ ဧပြီ ၉ ရက်နေ့အထိ ၉ ရက်ကြာ ဖြေဆိုကြမှာဖြစ်ပါတယ်။

မြို့နယ်အလိုက် ယနေ့ဧပြီ ၅ ရက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့စာရင်းကတော့ ပလက်ဝမြို့နယ်တွင် ၆၁၆ ဦး၊ တီးတိန်မြို့နယ်တွင် ၁၃၄ ဦး၊ ကျီးခါးမြို့တွင် ၁၁၇ ဦး၊ တွန်းဇံမြို့တွင် ၉၇ ဦး၊ ဖလမ်းမြို့နယ်တွင် ၉၄ ဦး၊ မတူပီမြို့နယ်တွင် ၆၂ ဦး တို့ဖြစ်ပါတယ်။

Zawgyi

ခ်င္းျပည္နယ္မွာ ရူပေဗဒဘာသာေျဖဆိုတဲ့ေန႔တြင္ ပ်က္ကြက္သူ ၄၀၀ ေက်ာ္ရွိ

ခ်င္းျပည္နယ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ရူပေဗဒဘာသာရပ္ေျဖဆိုတဲ့ ဒီေန႔ ဧၿပီ ၅ ရက္ေန႔တြင္ ပ်က္ကြက္သူေက်ာင္းသူ၊ ေက်ာင္းသား ၄၀၅ ဦးရွိေၾကာင္း ျပည္နယ္ပညာေရးမွဴးရံုးစာရင္းအရသိရတယ္။

ပထမေန႔ ျမန္မာစာေျဖဆိုတဲ့ေန႔တြင္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုဖုိ႔ စာရင္းေပးသြင္းသူ ၂၉၆၀ ဦးရွိတဲ့အနက္ လာေရာက္ေျဖဆိုသူ ၂၂၅၉ ဦးရွိၿပီး ၇၀၁ ဦးပ်က္ကြက္ၾကပါတယ္။

ယခုႏွစ္ ၁၀ တန္းစာေမးပြဲကို ဟားခါး၊ ထန္တလန္၊ မင္းတပ္၊ ကန္ပက္လက္ၿမိဳ႕နယ္တြင္ စာေမးပြဲေျဖဆိုသူမရွိေၾကာင္းလည္းသိရတယ္။ ဒီႏွစ္ ၁၀ တန္းစာေမးပြဲကို စာစစ္ဌာန ၉ ခုျဖစ္တဲ့ ဖလမ္း၊ တီးတိန္၊ မတူပီ၊ က်ီခါး၊ တြန္းဇံ၊ နဲ႔ ပလက္ဝၿမိဳ႕နယ္တြင္ စာစစ္ဌာန ၄ခုရွိပါတယ္။

ဒီႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၃၁ ရက္ကေန ဧၿပီ ၉ ရက္ေန႔အထိ ၉ ရက္ၾကာ ေျဖဆိုၾကမွာျဖစ္ပါတယ္။

ၿမိဳ႕နယ္အလိုက္ ယေန႔ဧၿပီ ၅ ရက္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုတဲ့စာရင္းကေတာ့ ပလက္ဝၿမိဳ႕နယ္တြင္ ၆၁၆ ဦး၊ တီးတိန္ၿမိဳ႕နယ္တြင္ ၁၃၄ ဦး၊ က်ီးခါးၿမိဳ႕တြင္ ၁၁၇ ဦး၊ တြန္းဇံၿမိဳ႕တြင္ ၉၇ ဦး၊ ဖလမ္းၿမိဳ႕နယ္တြင္ ၉၄ ဦး၊ မတူပီၿမိဳ႕နယ္တြင္ ၆၂ ဦး တုိ႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်