ချင်းပြည်နယ်ရှိ တောင်ဇလပ်နဲ့ သစ်ခွပန်းတွေ ထုတ်ယူ၊ ဖျက်ဆီးသူကို ထောင်ဒဏ် (၅) နှစ်ထိချလို့ရပြီ

ချင်းပြည်နယ်အတွင်းရှိ တောင်ဇလပ် (နီ၊ဖြူ၊ဝါ) နဲ့ သစ်ခွပန်းတွေကို သစ်တောဦးစီးဌာနက စက်တင်ဘာ (၁၁)ရက်တွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များစာရင်းတွင် ထည့်သွင်းတာကြောင့် ယင်းအပင်များဖျက်ဆီးသူကို ထောင်ဒဏ် (၅)နှစ်အထိချမှတ်နိုင်တော့မယ်လို့သိရပါတယ်။

သစ်တော်ဦးစီးဌာနက လုံးဝကာကွယ်ထားတဲ့အပင်မျိုးစိတ်တွေကတော့ တောင်ဇလပ်ဝါ၊ တောင်ဇလပ် နှင်းဆီ၊ သစ်ခွနက် ဖြစ်ပါတယ်။

ဒါ့ပြင် နေရာဒေသအလိုက် ကာကွယ်ထားတဲ့ အပင်မျိုးစိတ်တွေကတော့ မြန်မာဂျင်ဆင်း၊ တောင်ဇလပ်နီ၊ တောင်ဇလပ်ဖြူ၊ ချင်းသစ်ခွ၊ သစ်ခွမျိုးစိတ်များဆိုပြီး အပင် မျိုးစိတ် (၁၈)မျိုးပါဝင်ပါတယ်။

ယင်းကဲ့သို့ ကာကွယ်ထားတဲ့အပင်ကို ထုတ်ယူ၊ စုဆောင်း၊ ဖျက်ဆီးပါက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေရဲ့ ပုဒ်မ ၄၀ (ခ)အရ ၅ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ၃ သိန်းမှ ၁၀ သိန်းအထိ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လုံးဝကာကွယ်ထားတဲ့အပင်မျိုးစိတ်ကို ထုတ်ယူ၊ ဖျက်ဆီး၊ စုဆောင်းသူကို အများဆုံး ထောင်ဒဏ် ၁၀နှစ်မှ ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တောင်ဇလပ်ပန်းဟာ ချင်းတိုင်းရင်းသားရဲ့ သေင်္ဂတတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ အပင်ကိုထင်းအဖြစ်ခုတ်လဲခြင်း၊ တောင်ဇလပ်ပန်းပွင့်ခူးဖို့ ပင်စည်ကနေခုတ်လဲခြင်း၊ ယင်းပန်းပွင့်ဖြစ် ဝိုင်ထုတ်လုပ်ရာင်းချခြင်းတွေ ချင်းပြည်နယ်အနှံ့မှာတွေ့ရပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္ရွိ ေတာင္ဇလပ္နဲ႔ သစ္ခြပန္းေတြ ထုတ္ယူ၊ ဖ်က္ဆီးသူကို ေထာင္ဒဏ္ (၅) ႏွစ္ထိခ်လို႔ရၿပီ
==========
ခ်င္းျပည္နယ္အတြင္းရွိ ေတာင္ဇလပ္ (နီ၊ျဖဴ၊ဝါ) နဲ႔ သစ္ခြပန္းေတြကို သစ္ေတာဦးစီးဌာနက စက္တင္ဘာ (၁၁)ရက္တြင္ မ်ဳိးဆက္ပ်က္သုဥ္းမည့္အႏၱရာယ္ရွိသျဖင့္ ကာကြယ္ထားသည့္ သဘာဝအပင္မ်ားစာရင္းတြင္ ထည့္သြင္းတာေၾကာင့္ ယင္းအပင္မ်ားဖ်က္ဆီးသူကို ေထာင္ဒဏ္ (၅)ႏွစ္အထိခ်မွတ္ႏိုင္ေတာ့မယ္လို႔သိရပါတယ္။

သစ္ေတာ္ဦးစီးဌာနက လံုးဝကာကြယ္ထားတဲ့အပင္မ်ဳိးစိတ္ေတြကေတာ့ ေတာင္ဇလပ္ဝါ၊ ေတာင္ဇလပ္ ႏွင္းဆီ၊ သစ္ခြနက္ ျဖစ္ပါတယ္။

ဒါ့ျပင္ ေနရာေဒသအလုိက္ ကာကြယ္ထားတဲ့ အပင္မ်ဳိးစိတ္ေတြကေတာ့ ျမန္မာဂ်င္ဆင္း၊ ေတာင္ဇလပ္နီ၊ ေတာင္ဇလပ္ျဖဴ၊ ခ်င္းသစ္ခြ၊ သစ္ခြမ်ဳိးစိတ္မ်ားဆိုၿပီး အပင္ မ်ဳိးစိတ္ (၁၈)မ်ဳိးပါဝင္ပါတယ္။

ယင္းကဲ့သို႔ ကာကြယ္ထားတဲ့အပင္ကို ထုတ္ယူ၊ စုေဆာင္း၊ ဖ်က္ဆီးပါက ဇီဝမ်ဳိးစံုမ်ဳိးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆုိင္ရာဥပေဒရဲ႕ ပုဒ္မ ၄၀ (ခ)အရ ၅ ႏွစ္ထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆံုး ၃ သိန္းမွ ၁၀ သိန္းအထိ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

လံုးဝကာကြယ္ထားတဲ့အပင္မ်ဳိးစိတ္ကို ထုတ္ယူ၊ ဖ်က္ဆီး၊ စုေဆာင္းသူကို အမ်ားဆံုး ေထာင္ဒဏ္ ၁၀ႏွစ္မွ ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေတာင္ဇလပ္ပန္းဟာ ခ်င္းတုိင္းရင္းသားရဲ႕ ေသဂၤတတစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အပင္ကိုထင္းအျဖစ္ခုတ္လဲျခင္း၊ ေတာင္ဇလပ္ပန္းပြင့္ခူးဖို႔ ပင္စည္ကေနခုတ္လဲျခင္း၊ ယင္းပန္းပြင့္ျဖစ္ ဝုိင္ထုတ္လုပ္ရာင္းခ်ျခင္းေတြ ခ်င္းျပည္နယ္အႏွံ႔မွာေတြ႔ရပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်