ချင်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးအမတ်တွေရဲ့ မေးခွန်းနဲ့အဆို အချိုးအများဆုံးဖြစ်နေ

၂၀၁၉၊ နိုဝင်ဘာလ (၃)
NLD ခေတ် ချင်းပြည်နယ် ပြည်နယ်လွှတ်တော်သက်တမ်းတွင် ကြံ့ခိုင်ရေးပါတီအမတ် (၃)ဦးက မေးခွန်းနဲ့အဆို (၉၉)ခုရှိပြီး တစ်ဦးလျှင် မေးခွန်း၊အဆို (၃၃)ခုနှုန်းမေးမြန်းထားသဖြင့် NLD အမတ်တွေထက် မေးခွန်းနဲ့အဆိုပိုမိုများပြားနေကြောင်း ချင်းပြည်နယ်လွှတ်တော်ရုံးစာရင်းအရသိရပါတယ်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်စက်တင်ဘာလအထိ ပြည်နယ်လွှတ်တော်အစည်းအဝေး (၁၉)ကြိမ်ကျင်းပပါပြီ။ ပြည်နယ်လွှတ်တော်တွင် NLD အမတ် (၁၂)ဦး၊ ကြံ့ခိုင်ရေးအမတ် (၃)ဦး၊ ZCD အမတ် (၂)ဦးနဲ့ CNLD အမတ် တစ်ဦး စုစုပေါင်း (၁၈)ဦး နဲ့ တပ်မတော်ကိုယ်စားလှယ် (၆)ဦးရှိပါတယ်။

ကြံ့ခိုင်ရေးပါတီအမတ်တွေကတော့ ထန်တလန်မြို့နယ်မှ ဦးဗန်ထောင်က မေးခွန်း (၁၈)ခု၊ ဒေါက်တာမှုထန်းက မေးခွန်း (၅၈)ခု၊ တီးတိန်မြို့နယ်မှ ဦးဆွမ်ဒိုကျင်က မေးခွန်း (၂၁)ခု နဲ့ အဆို (၂)ခု စုစုပေါင်း မေးခွန်း နဲ့အဆို (၉၉)ခု မေးမြန်းထားပါတယ်။

မေးခွန်းအများဆုံးမေးမြန်းတဲ့ ထန်တလန်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီအမတ် ဒေါက်တာမှုထန်က “ပြည်သူလူထုက လွှတ်တော်မှာတင်ပြပေးဖို့တောင်းဆိုတာဟာတွေအကုန်လုံးတင်ပေးလို့ မေးခွန်းအများဆုံးမေးတဲ့သူဖြစ်သွားတာဖြစ်မယ်။ ပြီးတော့ ဒေသတွက်လိုအပ်တယ်ထင်တဲ့ကိစ္စတွေမှန်သမျှတင်တယ်။ ကျနော်လည်း နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့သူပါ။ ကျနော်မေးတဲ့မေးခွန်းတွေအများစုကတော့ အကောင်အထည်ဖော်ပေးတယ်။ ဒါပေမယ့် လွှတ်တော်ကတိပေးပြီးခုထိမလုပ်သေးတဲ့ဟာတွေလည်းရှိတာပေါ့နော်” လို့ပြောပါတယ်။

NLD အမတ်တွေကတော့ ဟားခါးမြို့နယ်မှ ဦးဆွေထီးယိုက မေးခွန်း (၁)ခု၊ ဦးဇိုဘွဲ့(လွှတ်တော်ဥက္ကဌ)၊ ဖလမ်းမြို့နယ်မှ ဦးရာလ်နှင်က မေးခွန်း (၉)ခု၊ အဆို (၆)ခု၊ ဆလိုင်းလျန်လွယ်(ဝန်ကြီးချုပ်)၊ တွန်းဇံမြို့နယ်မှ ဦးထောင်ခိုမန်က မေးခွန်း (၁၉)ခု နဲ့ အဆို တစ်ခု၊ မင်းတပ်မြို့နယ်မှ ဦးအောင်သန်းက မေးခွန်း (၈)ခု နဲ့ အဆို (၃)ခု၊ ဦးတိတ်ထန်က မေးခွန်း (၁၄)ခု နဲ့ အဆို (၃)ခု၊ မတူပီမြို့နယ်မှာ ဦးဝိကော(ဝန်ကြီး)၊ ကန်ပက်လက်မြို့နယ်မှ ဦးကွီးထန်က မေးခွန်း (၂၆)ခု နဲ့ အဆို တစ်ခု၊ ဦးဖွေအားကမေးခွန်း (၂၀) နဲ့ အဆို (၄)ခု၊ ပလက်ဝမြို့နယ်မှ ဦးကံတင့်မှ မေးခွန်း (၉)ခု၊ အဆို တစ်ခု၊ ဦးပြေမင်းမှ မေးခွန်း (၂၉)ခု နဲ့ အဆို (၄)ခု၊ စုစုပေါင်း မေးခွန်း နဲ့ အဆို (၁၅၈)ခုမေးမြန်းထားပါတယ်။

ZCD ပါတီအမတ်ဖြစ်တဲ့ တွန်းဇံမြို့နယ်မှ ဦးပေါင်လွန်မင်းထန် (ဝန်ကြီး)၊ ZCD ပါတီမှရွေးကောက်ခံအနိုင်ရပြီး ၂၀၁၉ ခုနှစ်တွင် NLD ပါတီသို့ကူးပြောင်းခဲ့တဲ့ တီးတိန်မြို့နယ်မှ ဦးထန်ဒိမ့်ခုပ်က မေးခွန်း (၅၁)ခု နဲ့ အဆို (၂)ခု မေးမြန်းထားပါတယ်။ ဒါ့ပြင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် CLDပါတီ (ယခု CNLD)မှတက်လာတဲ့ မတူပီမြို့နယ် ဆလိုင်းအောင်လျန်က မေးခွန်း (၉)ခုမေးမြန်းထားပါတယ်။

ယခုချိန်ထိ ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း (၂၉၂) ခု နဲ့ အဆို (၃၂)ခုမေးမြန်းထားပါပြီ။

(Zawgyi)

ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ ႀကံ့ခိုင္ေရးအမတ္ေတြရဲ႕ ေမးခြန္းနဲ႔အဆို အခ်ိဳးအမ်ားဆုံးျဖစ္ေန

ထန္တလန္ၿမိဳ႕နယ္ ၾကံ႕ခုိင္ေရးပါတီမွ ျပည္နယ္အမတ္ ေဒါက္တာမႈထန္းက လႊတ္ေတာ္တြင္ ေမးခြန္းေမးျမန္းေနစဥ္

၂၀၁၉၊ ႏိုဝင္ဘာလ (၃)
NLD ေခတ္ ခ်င္းျပည္နယ္ ျပည္နယ္လႊတ္ေတာ္သက္တမ္းတြင္ ႀကံ့ခိုင္ေရးပါတီအမတ္ (၃)ဦးက ေမးခြန္းနဲ႔အဆို (၉၉)ခုရွိၿပီး တစ္ဦးလွ်င္ ေမးခြန္း၊အဆို (၃၃)ခုႏႈန္းေမးျမန္းထားသျဖင့္ NLD အမတ္ေတြထက္ ေမးခြန္းနဲ႔အဆိုပိုမိုမ်ားျပားေနေၾကာင္း ခ်င္းျပည္နယ္လႊတ္ေတာ္႐ုံးစာရင္းအရသိရပါတယ္။

၂၀၁၆ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္စက္တင္ဘာလအထိ ျပည္နယ္လႊတ္ေတာ္အစည္းအေဝး (၁၉)ႀကိမ္က်င္းပပါၿပီ။ ျပည္နယ္လႊတ္ေတာ္တြင္ NLD အမတ္ (၁၂)ဦး၊ ႀကံ့ခိုင္ေရးအမတ္ (၃)ဦး၊ ZCD အမတ္ (၂)ဦးနဲ႔ CNLD အမတ္ တစ္ဦး စုစုေပါင္း (၁၈)ဦး နဲ႔ တပ္မေတာ္ကိုယ္စားလွယ္ (၆)ဦးရွိပါတယ္။

ႀကံ့ခိုင္ေရးပါတီအမတ္ေတြကေတာ့ ထန္တလန္ၿမိဳ႕နယ္မွ ဦးဗန္ေထာင္က ေမးခြန္း (၁၈)ခု၊ ေဒါက္တာမႈထန္းက ေမးခြန္း (၅၈)ခု၊ တီးတိန္ၿမိဳ႕နယ္မွ ဦးဆြမ္ဒိုက်င္က ေမးခြန္း (၂၁)ခု နဲ႔ အဆို (၂)ခု စုစုေပါင္း ေမးခြန္း နဲ႔အဆို (၉၉)ခု ေမးျမန္းထားပါတယ္။

ေမးခြန္းအမ်ားဆုံးေမးျမန္းတဲ့ ထန္တလန္ၿမိဳ႕နယ္မွ ႀကံ့ခိုင္ေရးပါတီအမတ္ ေဒါက္တာမႈထန္က “ျပည္သူလူထုက လႊတ္ေတာ္မွာတင္ျပေပးဖို႔ေတာင္းဆိုတာဟာေတြအကုန္လုံးတင္ေပးလို႔ ေမးခြန္းအမ်ားဆုံးေမးတဲ့သူျဖစ္သြားတာျဖစ္မယ္။ ၿပီးေတာ့ ေဒသတြက္လိုအပ္တယ္ထင္တဲ့ကိစၥေတြမွန္သမွ်တင္တယ္။ က်ေနာ္လည္း ႏိုင္ငံနဲ႔လူမ်ိဳးကိုခ်စ္တဲ့သူပါ။ က်ေနာ္ေမးတဲ့ေမးခြန္းေတြအမ်ားစုကေတာ့ အေကာင္အထည္ေဖာ္ေပးတယ္။ ဒါေပမယ့္ လႊတ္ေတာ္ကတိေပးၿပီးခုထိမလုပ္ေသးတဲ့ဟာေတြလည္းရွိတာေပါ့ေနာ္” လို႔ေျပာပါတယ္။

NLD အမတ္ေတြကေတာ့ ဟားခါးၿမိဳ႕နယ္မွ ဦးေဆြထီးယိုက ေမးခြန္း (၁)ခု၊ ဦးဇိုဘြဲ႕(လႊတ္ေတာ္ဥကၠဌ)၊ ဖလမ္းၿမိဳ႕နယ္မွ ဦးရာလ္ႏွင္က ေမးခြန္း (၉)ခု၊ အဆို (၆)ခု၊ ဆလိုင္းလ်န္လြယ္(ဝန္ႀကီးခ်ဳပ္)၊ တြန္းဇံၿမိဳ႕နယ္မွ ဦးေထာင္ခိုမန္က ေမးခြန္း (၁၉)ခု နဲ႔ အဆို တစ္ခု၊ မင္းတပ္ၿမိဳ႕နယ္မွ ဦးေအာင္သန္းက ေမးခြန္း (၈)ခု နဲ႔ အဆို (၃)ခု၊ ဦးတိတ္ထန္က ေမးခြန္း (၁၄)ခု နဲ႔ အဆို (၃)ခု၊ မတူပီၿမိဳ႕နယ္မွာ ဦးဝိေကာ(ဝန္ႀကီး)၊ ကန္ပက္လက္ၿမိဳ႕နယ္မွ ဦးကြီးထန္က ေမးခြန္း (၂၆)ခု နဲ႔ အဆို တစ္ခု၊ ဦးေဖြအားကေမးခြန္း (၂၀) နဲ႔ အဆို (၄)ခု၊ ပလက္ဝၿမိဳ႕နယ္မွ ဦးကံတင့္မွ ေမးခြန္း (၉)ခု၊ အဆို တစ္ခု၊ ဦးေျပမင္းမွ ေမးခြန္း (၂၉)ခု နဲ႔ အဆို (၄)ခု၊ စုစုေပါင္း ေမးခြန္း နဲ႔ အဆို (၁၅၈)ခုေမးျမန္းထားပါတယ္။

ZCD ပါတီအမတ္ျဖစ္တဲ့ တြန္းဇံၿမိဳ႕နယ္မွ ဦးေပါင္လြန္မင္းထန္ (ဝန္ႀကီး)၊ ZCD ပါတီမွေ႐ြးေကာက္ခံအႏိုင္ရၿပီး ၂၀၁၉ ခုႏွစ္တြင္ NLD ပါတီသို႔ကူးေျပာင္းခဲ့တဲ့ တီးတိန္ၿမိဳ႕နယ္မွ ဦးထန္ဒိမ့္ခုပ္က ေမးခြန္း (၅၁)ခု နဲ႔ အဆို (၂)ခု ေမးျမန္းထားပါတယ္။ ဒါ့ျပင္ ၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ CLDပါတီ (ယခု CNLD)မွတက္လာတဲ့ မတူပီၿမိဳ႕နယ္ ဆလိုင္းေအာင္လ်န္က ေမးခြန္း (၉)ခုေမးျမန္းထားပါတယ္။

ယခုခ်ိန္ထိ ျပည္နယ္လႊတ္ေတာ္တြင္ ၾကယ္ပြင့္ျပေမးခြန္း (၂၉၂) ခု နဲ႔ အဆို (၃၂)ခုေမးျမန္းထားပါၿပီ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်