ချင်းအထည်တွေ ဝယ်လိုအားမရှိတော့တာကြောင့် အထည်ဈေးကွက် ရပ်တန့်လုနီးပါးဖြစ်

ကိုဗစ်-၁၉ ကြောင့် ချင်းအထည်တွေ ပြည်တွင်းပြည်ပက ဝယ်လိုအားမရှိတော့ကြောင့် ဈေးကွက် ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ ချင်းအထည်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံမှသတင်းရရှိပါတယ်။

ချင်းအထည်တေဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးကဘော်ဒေသတွင် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေရရှိအောင် အမျိုးသမီးတွေကယက်လုပ်ကြပါတယ်။

ယင်းအထည်တွေကို ပြည်တွင်းနဲ့ အဓိက ပြည်ပရောက် ချင်းတိုင်းရင်းသားတွေက ဝယ်ယူစုဆောင်းကြပါတယ်။

ကလေးမြို့တွင် ချင်းအထည်တွေရောင်းဝယ်နေတဲ့ M.S Store ဆိုင်ရှင် ဦးငွန်သော့က “ကျနော်တို့ဆိုင်မှာ ဖောက်သည်တွေလာမယူတော့တာကြာပြီ။ သူတို့က အထည်တွေမဝယ်တော့တာကလည်း နိုင်ငံခြားမပို့နိုင်လို့မယူတာ။ ကျနော်တို့ အခြေအနေက အထည်တွေမရောင်းရဘူးလို့ပြောရင် မမှားလောက်ဘူး။ တစ်ယောက်နှစ်ယောက်လောက်က သူတို့လိုအပ်တဲ့အထည်တွေလာဝယ်တာလောက်ပဲရှိတယ်။ ဈေးကလည်း တစ်ထည်မှာ တစ်သောင်းကျော်လောက်ကျနေတယ်။ ဒါပေမယ့် ရောင်းမယ့်နေရာမရှိဘူး” လို့ပြောပါတယ်။

အရင်က ဖလမ်းထမိန် တစ်ထည် ခြောက်သောင်းတန်ကို အခု ငါးသောင်းကျပ်နဲ့လည်းကောင်း၊ ဟားခါးထမိန် တစ်ထည်ကို အရင်က ၆၄၀၀၀ တန်ကို အခု ၄၅၀၀၀ နဲ့လည်းကောင်း ရောင်းချပေမယ့် ဝယ်မယ့်သူမရှိဘူးလို့သိရပါတယ်။

ကလေးမြို့တွင် ချင်းအထည်တွေ ရောင်း၊ဝယ်နေတဲ့ အမျိုးသမီးတစ်ဦးက “အထည်တွေယူရင်လည်း တစ်သောင်းလောက်ဈေးလျော့ပြီးတော့ယူရတယ်။ ဒါပေမယ့် ရောင်းမယ့်နေရာမရှိတော့ အခုအိမ်ထဲမှာလှောင်ထားတာအများကြီးပဲ။ ကိုဗစ် ရောဂါမရှိတော့တဲ့နောက်ပိုင်း ဈေးကွက်ပြန်ကောင်းလာရင်တောင် နောက်နှစ်ထိတော့ အရင်လိုဈေးကောင်းကောင်းရောင်းနိုင်မယ်မထင်ဘူး။ ရက်ကန်းယက်တဲ့သူတွေကလည်း သိပ်မလုပ်ကြတော့ဘူး။ တကယ့်ကို စားဝတ်နေရေးခက်ခဲတဲ့သူတွေမှပဲ ယက်နေကြတယ်” လို့ပြောပါတယ်။

ချင်းအထည်တွေဟာ ခရစ္စမတ်ရာသီကနေ ဘာသာရေးပွဲတွေကျင်းပကြတဲ့ မတ်လအထိ ရောင်းအားကောင်းလေ့ရှိပါတယ်။

ဒါ့ပြင် ချင်းအထည်ယက်လုပ်ရာတွင်အသုံးပြုတဲ့ အိန္ဒိယချည်တွေလည်း ကိုဗစ်-၁၉ ကြောင့် တမူး-မိုးရေနယ်စပ်ဂိတ်တွေပိတ်ထားလို့ လိုအပ်သလောက်မရောက်လာနိုင်တဲ့တွက် ရက်ကန်းယက်လုပ်ရာတွင် အခက်အခဲဖြစ်နေကြပါတယ်။

ဒါကြောင့် တရုတ်ချည်လို့ခေါ်တဲ့ မန္တလေးကထုတ်လုပ်တဲ့ ပေါ့စားချည်တွေနဲ့သာယက်လုပ်နေကြတာများပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်