ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို မင်းတပ်မြို့နယ်မှာဖွဲ့စည်းကြောင်း ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ တော်လှန်ရေးအင်အားစုများကို ဦးဆောင်မည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကို ဖွဲ့စည်းလိုက်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဩဂုတ် ၆ ရက်က ထုတ်ပြန်ကြေညာပါသည်။

လက်ရှိတွင် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသည့်အပြင် အနာဂတ် ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖေါ်မည့် နိုင်ငံရေးဦးအဖွဲ့ အရေးတကြီးလိုအပ်လာသည် ဟု ဆိုသည်။

ထို့အတွက်ကြောင့် မူဝါဒ လုပ်ငန်းစဉ်များကိုရေးဆွဲချမှတ် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်အတွက် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများစုပေါင်း၍ ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ CNC (Mindat) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်သည် ဟုထုတ်ပြန်ချက်တွင် ဖေါ်ြပထားသည်။

မြေပြင်အခြေအနေတွင်မူ မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်သည့် အနေအထားရှိပြီး၊ ကျန်နေရာများကို CDF – မင်းတပ် က စိုးမိုးထားသည်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်