ချင်းအမျိုးသားနေ့မတိုင်ခင် မင်းတပ် ကောလိပ် ပန္နက်တင်ခြင်းအခမ်းအနားပြုလုပ်မယ်

မင်းတပ်မြို့မှာတည်ဆောက် ဝိဇ္ဇာသိပ္ပံကောလိပ် ပန္နက်တင်ခြင်းအခမ်းအနားကို ချင်းအမျိုးသားနေ့မတိုင်ခင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယိုခရီးစဉ်မှာ ပြုလုပ်သွားမယ်လို့ သတင်းရရှိပါတယ်။

မင်းတပ်ကောလိပ်တည်ဆောက်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၇၅၃ဒသမ၈၄လျာထားပါတယ်။

မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးလွင်က “ချင်းအမျိုးသားနေ့ မတိုင်ခင် ဒုတိယသမ္မတခရီးစဉ်မှာပန္နက်တင်အခမ်းအနားလုပ်ဖို့ရည်ရွယ်ထားတယ်။ တည်ဆောက်တဲ့သူကတော့မုံရွာက တည်ဆောက်ရေးအထူး(၁၀)ကပါ။ ဆောက်လုပ်ရေးကပေါ့” လို့ပြောပါတယ်။

လက်ရှိ မင်းတပ်ကောလိပ်သို့သွားမယ့်လမ်းများနဲ့ မြေနေရာရှင်းလင်းခြင်းလုပ်ငန်းကို စက်ကြီးနှစ်စီးနဲ့ လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံများထံမှသိရပါတယ်။

မင်းတပ်ကောလိပ်ဟာ မင်းတပ်မြို့ကနေ(၄)မိုင်အကွာမှာရှိပြီး မင်းတပ်မှ မတူပီဘက်သွားတဲ့ကားလမ်း အပေါ်ဘက် တစ်မိုင်လောက်မှာရှိပါတယ်။

မင်းတပ်တွင်ကောလိပ်တည်ဆောက်ဖို့ ဒေသခံတောင်သူ(၂၈)ဦးက မြေ ဧက ၃၂၅ ဒသမ ၉၁ လှူဒါန်းထားပါတယ်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မင်းတပ်ကောလိပ်ရဲ့ နှစ်ထပ်စာသင်ဆောင်နှစ်လုံးတည်ဆောက်ရန် ငွေကျပ် ၁၂၆၄.၆၄၀ သန်း၊ ဆရာဆရာမဆောင် နှစ်ထပ် နှစ်လုံးအတွက် ကျပ်သန်းပေါင်း ၅၄၇.၂၀ သန်း၊ ခြောက်ခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ နှစ်လုံး အတွက် ငွေကျပ် ၂၄၀ သန်း၊ ကျောင်းသားဦးရေ ၁၀၀ ဦးဆံ့ ကျောင်းသားကျောင်းသူအိပ်ဆောင် နှစ်လုံး အတွက် ငွေကျပ် ၁၃၁၂ သန်း၊ ရေ/မီး/မြေယာ ပြုပြင်ခြင်းအတွက် ကျပ် ၃၉၀ သန်း လျာထားတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကဆိုပါတယ်။

ယင်းကောလိပ်ကိုဖွင့်လှစ်ပါက ချင်းပြည်နယ်တောင်ပိုင်းတွင် ပထမဆုံး ဝိဇ္ဇာသိပ္ပံကျောင်းဖြစ်လာမည်ဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့တွင် ဝိဇ္ဇာသိပ္ပံ ကောလိပ်ကျောင်းတည်ဆောက်ဖွင့်လှစ်ထားပါပြီ။

(Zawgyi)



Photo: Pa Cawng



လက်ရှိ မင်းတပ်ကောလိပ်သို့သွားမယ့်လမ်းများနဲ့ မြေနေရာရှင်းလင်းခြင်းလုပ်ငန်းကို စက်ကြီးနှစ်လုံးကလုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံများထံမှသိရပါတယ်။





နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်