ချင်း Rocker ရှောလမုန်ရဲ့ တေးသီချင်းမကြာမီထွက်မယ်

ချင်းတိုင်းရင်းသား Rocker ရှောလမုန်ရဲ့ မြန်မာလိုသီဆိုထားတဲ့ ဒုတိယမြောက် တေးအယ်ဘမ်ကို ဒီနှစ် မိုးရာသီကာလမှာ ဖြန့်ချီတော့မယ်လို့သတင်းရရှိပါတယ်။

ယင်းတေးအယ်ဘမ်ဟာ ဓမ္မတေးသီချင်းဖြစ်ပြီးတော့ အခု mixing ဆွဲနေကြပါတယ်။

သူဟာ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး ချင်း (ဖလမ်း)လိုအယ်ဘမ်ဖြန့်ချီပြီးတော့ ချင်းလို တစ်ကိုယ်တော် အယ်ဘမ် (၄)ခုထုတ်ဝေထားပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြန်မာလို သီဆိုထားတဲ့ ကွက်လပ် အယ်ဘမ်ကိုထုတ်ဝေခဲ့ပါတယ်။

အဆိုတော် ရှောလမုန် က “ကျနော် ပထမဆုံး အယ်ဘမ်လုပ်ဖို့ ရန်ကုန်ကို စဆင်းတဲ့ချိန်မှာ မြန်မာလို သီချင်းလုပ်ဖို့ ရည်မှန်းထားတာပါ။ ဒါပေမယ့် ချင်းလို ခေတ်ပေါ် Rock သီချင်းတွေနည်းနေလို့ ချင်းလိုသီချင်းထုတ်တာပါ။ ဒီသီချင်း ကိုဗစ်-၁၉ ကြောင့် မိုးရာသီလောက်ကျမှပဲထွက်နိုင်မယ်။ ချင်းသီချင်းလည်း ဆက်ဆိုနေအုံးမှာပါ” လို့ပြောပါတယ်။

အဆိုတော် ရှောလမုန် ရဲ့ သီချင်းတွေဟာ ဖလမ်း၊ ဟားခါး၊ ကလေးနယ်ဘက်မှာ ပရိသတ်တွေအခိုင်အမာရှိထားပြီး ပြည်တွင်းပြည်ပမှာလည်း သီဆိုဖျော်ဖြေလျက်ရှိပါတယ်။

၎င်းရဲ့ အော… အမိချင်းပြည်နေကောင်းလား ဆိုတဲ့ ချင်းသီချင်းဟာ အခုတိုင် ပရိသတ်တွေပါးစပ်ဖျားထဲဆွဲကျန်နေဆဲပါ။

(Zawgyi)

ခ်င္း Rocker ေရွာလမုန္ရဲ႕ ေတးသီခ်င္းမၾကာမီထြက္မယ္

ခ်င္းတုိင္းရင္းသား Rocker ေရွာလမုန္ရဲ႕ ျမန္မာလိုသီဆိုထားတဲ့ ဒုတိယေျမာက္ ေတးအယ္ဘမ္ကို ဒီႏွစ္ မိုးရာသီကာလမွာ ျဖန္႔ခ်ီေတာ့မယ္လို႔သတင္းရရွိပါတယ္။

ယင္းေတးအယ္ဘမ္ဟာ ဓမၼေတးသီခ်င္းျဖစ္ၿပီးေတာ့ အခု mixing ဆြဲေနၾကပါတယ္။

သူဟာ ၂၀၀၁ ခုႏွစ္မွာ ပထမဆံုး ခ်င္း (ဖလမ္း)လိုအယ္ဘမ္ျဖန္႔ခ်ီၿပီးေတာ့ ခ်င္းလို တစ္ကိုယ္ေတာ္ အယ္ဘမ္ (၄)ခုထုတ္ေဝထားပါတယ္။ ၂၀၁၀ ခုႏွစ္မွာ ျမန္မာလို သီဆိုထားတဲ့ ကြက္လပ္ အယ္ဘမ္ကိုထုတ္ေဝခဲ့ပါတယ္။

အဆိုေတာ္ ေရွာလမုန္ က “က်ေနာ္ ပထမဆံုး အယ္ဘမ္လုပ္ဖုိ႔ ရန္ကုန္ကို စဆင္းတဲ့ခ်ိန္မွာ ျမန္မာလို သီခ်င္းလုပ္ဖို႔ ရည္မွန္းထားတာပါ။ ဒါေပမယ့္ ခ်င္းလို ေခတ္ေပၚ Rock သီခ်င္းေတြနည္းေနလို႔ ခ်င္းလိုသီခ်င္းထုတ္တာပါ။ ဒီသီခ်င္း ကိုဗစ္-၁၉ ေၾကာင့္ မိုးရာသီေလာက္က်မွပဲထြက္ႏိုင္မယ္။ ခ်င္းသီခ်င္းလည္း ဆက္ဆိုေနအံုးမွာပါ” လုိ႔ေျပာပါတယ္။

အဆိုေတာ္ ေရွာလမုန္ ရဲ႕ သီခ်င္းေတြဟာ ဖလမ္း၊ ဟားခါး၊ ကေလးနယ္ဘက္မွာ ပရိသတ္ေတြအခိုင္အမာရွိထားၿပီး ျပည္တြင္းျပည္ပမွာလည္း သီဆိုေဖ်ာ္ေျဖလ်က္ရွိပါတယ္။

၄င္းရဲ႕ ေအာ… အမိခ်င္းျပည္ေနေကာင္းလား ဆိုတဲ့ ခ်င္းသီခ်င္းဟာ အခုတုိင္ ပရိသတ္ေတြပါးစပ္ဖ်ားထဲဆြဲက်န္ေနဆဲပါ။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်