စစ်ကောင်စီကလက်နက်ကြီးရမ်းသမ်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကလေးမြို့နယ် တောင်ပိုင်း၊ အနောက်စံသာကျေးရွာတွင် မနေ့ ဇွန်လ ၂၁ ရက် ည ၉ နာရီခန့်တွင် နည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မူကြိုကျောင်းသားလေး တစ်ဦးသေဆုံးပြီး မိခင်နဲ့ အစ်ကိုဖြစ်သူတို့ ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အနောက်စံသာရွာထဲတွင် လက်နက်ကြီးတစ်ကြိမ်ပေါက်ကွဲပြီး နေအိမ်ထဲမှာရှိနေတဲ့ မိသားစုဝင်သုံးဦးကို ထိမှန်သွားပါတယ်။ သေဆုံးသူ ကလေးငယ်မှာ ဦးခေါင်းထိမှန်သဖြင့် အပိုင်းအစသာပြန်ကောက်စရာရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးနောက် အစ်ကိုဖြစ်သူ ၁၀ နှစ်ဝန်းကျင်လည်း ဦးခေါင်းမှာထိမှန်လို့ ဦးရေပြားလန်ကာ ဒီနေ့ထိ သတိမေ့နေတယ်လို့သိရတယ်။ မိခင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ်မှာ ညာဘက်ခြေထောက်ဖြတ်လိုက်ရတယ်လို့သိရတယ်။

ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်က နေ့တိုင်းလိုလို လက်နက်ကြီးဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများကိုပစ်မှတ်ထားပြီး ရမ်းသမ်းပစ်ခတ်လို့ အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုမြင့်တက်နေပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်